နိုင်ငံတကာ

ယူကရိန်းနဲ့ရုရှားတို့ စစ်သုံ့ပန်း ရာချီ လဲလှယ်

ကိဗ်၊ ဇန်နဝါရီ ၅ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုတွေအရ ယူကရိန်းနဲ့ရုရှားတို့ဟာ စစ်သုံ့ပန်း ရာနဲ့ချီ လဲလှယ်ခဲ့ကြပြီး ဒါဟာ စစ်ပွဲအတွင်း အကြီးမားဆုံး အကျဉ်းသားလဲလှယ်မှု ဖြစ်တယ်လို့ ကိဗ်မြို့ရှိ အရာရှိတွေက ပြောပါတယ်။ နယ်ခြားစောင့်တပ်ဖွဲ့နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တပ်ဖွဲ့ဝင်တွေ အပါအဝင် အကျဉ်းသား ၂၃၀ ကို ရုရှားက ပြန်လွှတ်ပေးခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။ ယူအေအီးနိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ရရှိခဲ့တဲ့ သဘောတူညီမှုအရ…

အီရန်ဗိုလ်ချုပ် အောက့်မေ့ဖွယ်အခမ်းအနား ဗုံးပေါက်ကွဲမှုကြောင့် လူ ၁၀၀ ကျော် သေဆုံး

တီဟီရန်၊ ဇန်နဝါရီ ၅ အမေရိကန်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ အီရန်ဗိုလ်ချုပ် ကာဆန် ဆိုလိုင်မန်နီရဲ့ အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်တဲ့ သုဿန်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့က ခါမန်မြို့က ဆိုလိုင်မန်နီသေဆုံးမှု စတုတ္ထမြောက် နှစ်ပတ်လည် အခမ်းအနားအတွင်း လူအုပ်ကြီးထဲမှာ မိနစ်…

ဟားမတ်စ်အဖွဲ့ရဲ့ လက်ထောက်ခေါင်းဆောင် သုတ်သင်ခံရ

ဘေရွတ်၊ ဇန်နဝါရီ ၄ လက်ဘနွန်နိုင်ငံ မြို့တော် ဘေရွတ်မှာ ဟားမတ်စ်အဖွဲ့ရဲ့ လက်ထောက်ခေါင်းဆောင် ဆာလေးအယ်လ် အလိုရီကို အစ္စရေးဘက်က ဒရုန်းနဲ့ လုပ်ကြံသတ်ဖြတ်ပစ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့က သတ်ဖြတ်ခဲ့တာဖြစ်ပြီး အသက် ၅၇ နှစ်အရွယ် အလိုရီဟာ အစ္စရေး – ဟားမတ်စ် စစ်ပွဲစတင်ပြီးနောက်ပိုင်း ပထမဆုံးလုပ်ကြံသတ်ဖြတ်ခံရတဲ့ ခေါင်းဆောင် ဖြစ်လာတာပါ။ သူ့ကိုလုပ်ကြံသတ်ဖြတ်လိုက်တာကြောင့်…

ဂျပန်မှာ ငလျင်ကြောင့် သေဆုံးသူ ၆၃ ဦးအထိ ရှိလာ

တိုကျို၊ ဇန်နဝါရီ ၄ ဂျပန်နိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် သေဆုံးသူ ၆၃ ဦးအထိရှိလာပြီး မြေပြိုမှုနဲ့ မိုးသည်းထန်မှု အန္တရာယ်တွေကြောင့် ကယ်ဆယ်ရေးသမားတွေဟာ အသက်ရှင်ကျန်သူတွေကို ရှာဖွေဖို့ ခက်ခက်ခဲခဲ ကြိုးစားနေကြရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့က အီရှီကာဝါဒေသမှာ ရစ်ချ်တာစကေး ၇ ဒသမ ၅ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် တစ်မီတာကျော်မြင့်တဲ့ ဆူနာမီလှိုင်းကြီးတွေဖြစ်ပေါ်ခဲ့သလို မီးလောင်ကျွမ်းမှုကြောင့်…

ဂျပန်မှာ အင်အားပြင်းငလျင်ကြောင့် လူဦးရေ တစ်သိန်း ရွှေ့ပြောင်း၊ သေဆုံးသူ ၁၃ ဦး တွေ့ရှိထား

တိုကျို ၊ ဇန်နဝါရီ ၃ ဂျပန်နိုင်ငံ အလယ်ပိုင်းမှာ နှစ်သစ်ကူးနေ့က အင်အားပြင်းတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် ဒေသခံတစ်သိန်းကို ဘေးလွတ်ရာရွှေ့ပြောင်းပေးထားပြီး သေဆုံးသူ ၁၃ ဦး တွေ့ရှိထားတယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ရက်နေ့က ရစ်ချ်တာစကေး ၇ ဒသမ ၆ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့သလို လူနေအိမ် သောင်းနဲ့ချီပြီး…

ဘင်္ဂလားဒေ့ရှ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ထောင်ချခံရ

ဒါကာ၊ ဇန်နဝါရီ ၃ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာရဲ့ နိုင်ငံရေးပြိုင်ဘက်အဖြတ် သတ်မှတ်ခံထားရတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ယွန်နာ့စ်ကို အလုပ်သမား ဥပဒေချိုးဖောက်မှုနဲ့ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့က ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပြီး ဒီလုပ်ရပ်ဟာ နိုင်ငံရေးအရ စေ့ဆော်မှုတွေပါဝင်နိုင်တယ်လို့ ယွန်နာ့စ်ရဲ့ ထောက်ခံသူတွေက ဆိုထားပါတယ်။ အသက် ၈၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ယွန်နာ့စ်ဟာ…

ဂျပန်မှာ ခရီးသည်တင်လေယာဉ်တစ်စီး တိုက်မိမီးလောင်မှု ဖြစ်ပွား

တိုကျို၊ ဇန်နဝါရီ ၂ ဂျပန်နိုင်ငံ တိုကျိုမြို့ ဟာနီဒါလေဆိပ်မှာ ခရီးသည်ရာနဲ့ချီ တင်ဆောင်လာတဲ့ ဂျပန်လေကြောင်းလိုင်း JAL လေယာဉ် တစ်စီးဟာ ငလျင်ဘေး ကူညီပေးနေတဲ့ ကမ်းခြေစောင့်တပ်လေယာဉ်နဲ့ တိုက်မိပြီး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ JAL လေကြောင်းလိုင်း ခရီးစဉ် အမှတ် ၅၁၆ လေယာဉ်ဟာ ဂျပန်မြောက်ပိုင်း ဆာပိုရိုမြို့ကနေ ဒေသစံတော်ချိန် ညနေ ၅…

နှစ်ပေါင်း ၅၂ နှစ်ကြာ စိုးစံခဲ့တဲ့ ဒိန်းမတ်ဘုရင်မ မာဂရက် ထီးနန်းစွန့်မယ်

ကိုပင်ဟေဂင်၊ဇန်နဝါရီ ၂ ဒိန်းမတ်နိုင်ငံ ဘုရင်မ မာဂရတ် -၂ ဟာ သူမရဲ့ ထီးနန်းသက် ၅၂ နှစ်ပြည့်ဖြစ်တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ထီးနန်းစွန့်တော့မယ်လို့ နှစ်သစ်ကူး ရုပ်သံမိန့်ခွန်းမှာ တရားဝင်ကြေညာခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်မှာ ဖခင်ဘုရင်ကြီး ဖရက်ဒရစ် – ၉ နတ်ရွာစံပြီးနောက် ဘုရင်မကြီး မာဂရက် -၂ က ထီးနန်းဆက်ခံခဲ့တာပါ။…

တောင်ကိုရီးယားနဲ့ အမေရိကန်ကို လက်ဦးမှုယူ ချေမှုန်းဖို့ ကင်ဂျုံအန် ညွှန်ကြား

ပြုံယမ်း၊ဇန်နဝါရီ ၂ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံဖို့ လုပ်ဆောင်လာပါက အပြင်းထန်ဆုံး အင်အားနဲ့ တုံ့ပြန်တိုက်ခိုက်ဖို့ စစ်တပ်ထိပ်တန်းအရာရှိတွေကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ညွှန်ကြားထားတယ်လို့ နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့နှစ်က မြောက်ကိုရီးယားရဲ့ စံချိန်တင်လက်နက်စမ်းသပ်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ ကာကွယ်ရေးအစီအစဉ်တွေကို အရှိန်မြှင့်လုပ်ဆောင်နေလို့ ခေါင်းဆောင်ကင် ပြောပါတယ်။ နှစ်သစ်ကူးအကြိုနေ့က မြောက်ကိုရီးယားထိပ်တန်းစစ်ဘက်ဆိုင်ရာ အရာရှိတွေနဲ့…

ရိုဟင်ဂျာတွေ တင်ဆောင်လာတဲ့ လှေကို အင်ဒိုနီးရှားရေတပ် မောင်းထုတ်

ဂျာကာတာ၊ ဒီဇင်ဘာ ၃၁ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နိုင်ငံတွေမှ ဒုက္ခသည်တွေ တိုးပွားလာနေတဲ့အလျောက် မြန်မာပြည်ကနေ ရိုဟင်ဂျာ တွေတင်ဆောင်လာတဲ့ လှေတစ်စင်းကို အာချေးမှာ အင်ဒိုနီးရှားရေတပ်က မောင်းထုတ်ခဲ့တယ်လို့ စစ်တပ်ပြော ရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အဲဒီလှေဟာ ဆူမားတြားကမ်းလွန်ရှိ ဝါချ်ကျွန်းအနီး ရေပြင်မှာ တွေ့ရှိခဲ့တာဖြစ်ပြီး လှေပေါ်မှာ ရိုဟင်ဂျာ ဘယ် လောက်လိုက်ပါလာကြောင်းကိုလည်း ခန့်မှန်းမထားဘူးလို့ သူက ဆိုပါတယ်။…