နိုင်ငံတကာ

စစ်ကောင်စီကို အမေရိကန် အရေးယူပိတ်ဆို့မှု ထပ်မံချမှတ်

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂ အမေရိကန်နိုင်ငံက အာဏာသိမ်းစစ်ကောင်စီနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းနှစ်ခုနဲ့ လူပုဂ္ဂိုလ်တွေကို ပစ်မှတ်ထားပြီး အာဏာသိမ်း ၃ နှစ်ပြည့်နေ့မှာ အရေးယူပိတ်ဆို့မှုတွေ ထပ်မံချမှတ်လိုက်ပါ တယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့က ချမှတ်ခဲ့တဲ့အရေးယူပိတ်ဆို့မှုတွေဟာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ရာမှာ အသုံးပြုနေတဲ့ လောင်စာနဲ့ စစ်တပ်ရဲ့ လက်နက် ထုတ်လုပ်နိုင်စွမ်းကို လျှော့ချရေး…

အမေရိကန် ပစ်မှတ်တွေကို တိုက်ခိုက်နိုင်တယ်လို့ အီရန် သတိပေး

တီဟီရန်၊ ဖေဖော်ဝါရီ ၁ အမေရိကန်က မိမိတို့မြေပေါ်မှာ တိုက်ခိုက်မှုတွေ ပြုလုပ်လာရင် အနီရောင်စည်းကျော်တာလို့ သတ်မှတ်ပြီး အရှေ့အလယ်ပိုင်းဒေသတဝှမ်းမှာရှိတဲ့ အမေရိကန်ပစ်မှတ်တွေကို လက်တုံ့ပြန်တိုက်ခိုက်သွားမယ်လို့ အီရန်အစိုးရက သတိပေးလိုက်ပါတယ်။ ဂျော်ဒန်နိုင်ငံအခြေစိုက် အမေရိကန်စစ်စခန်းတစ်ခုကို အီရန်ကျောထောက်နောက်ခံပေးထားတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် အမေရိကန် စစ်သား ၃ ဦးသေဆုံးခဲ့ရပြီးနောက် ဘယ်လိုတုံ့ပြန်မလဲဆိုတာကို မိမိအနေနဲ့ ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က ဆိုထားပါတယ်။…

အလုံးစုံအောင်ပွဲမရဘဲ အစ္စရေးတပ်တွေ ဆုတ်ခွာမှာမဟုတ်ဘူးလို့ နေတန်ယာဟု ပြော

ဂါဇာ၊ ဖေဖော်ဝါရီ ၁ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက မိမိတို့အနေနဲ့ ဂါဇာမှာ အလုံးစုံအောင်ပွဲမရသေးဘဲ တပ်ဖွဲ့ဝင်တွေ ဆုတ်ခွာပေးမှာမဟုတ်ဘူးလို့ ပြောပါတယ်။ ကြားခံညှိနှိုင်းပေးသူတွေက ဂါဇာမှာ အပစ်အခတ်ရပ်စဲရေးနဲ့ ဟားမတ်စ်အဖွဲ့ဖမ်းဆီးထားတဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးရေးအဆိုပြုချက်ကို ဟားမတ်စ်အဖွဲ့ဆီ တင်ပြထားတာပါ။ ဒါဟာ ပထမအကြိမ် အပစ်ရပ်သဘောတူညီမှု ပျက်ပြယ်သွားပြီး နောက်ပိုင်း အလေးနက်ဆုံး ငြိမ်းချမ်းရေး အစီအစဉ်ဖြစ်တယ်လို့ ဆိုနေကြပါတယ်။ အစ္စရေးရဲ့ မြေပြင်ဝေဟင်ထိုးစစ်ဆင်မှုတွေကြောင့် ဂါဇာမှာ…

Move Forward ပါတီရဲ့ တော်ဝင်ဥပဒေပြင်ဆင်ရေး ကြိုးပမ်းမှု ရပ်တန့်ဖို့ ထိုင်းတရားရုံး အမိန့်ချ

ဘန်ကောက်၊ ဇန်နဝါရီ ၃၁ ထိုင်းတော်ဝင်မိသားစုကို စော်ကားမှုဆိုင်ရာဥပဒေ ပြင်ဆင်ရေးကြိုးပမ်းမှုတွေ အားလုံးရပ်တန့်ဖို့ ထိုင်းနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးက ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီကို အမိန့်ချလိုက်ပါတယ်။ MFP နဲ့ ခေါင်းဆောင် ဖိထာတို့ရဲ့ ကြိုးပမ်းမှုဟာ ဖွဲ့စည်းပုံဆိုင်ရာ ဘုရင်စနစ်ကို ဖြုတ်သိမ်းဖို့ ကြိုးပမ်းမှုဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ တရားသူကြီး ၉ ဦးလုံးက ဆုံးဖြတ်ခဲ့တာပါ။ ထိုင်းလူထုကြား…

ရုရှားရွေးကောက်ပွဲဝင်ဖို့ ပူတင် မှတ်ပုံပြန်တင်

မော်စကို၊ ဇန်နဝါရီ ၃၁ ရုရှားအစိုးရက မတ်လအတွင်းကျင်းပမယ့် သမ္မတရွေးကောက်ပွဲအတွက် ဗလာဒီမာပူတင်ကို ကိုယ်စားလှယ်လောင်းအဖြစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ တရားဝင်အသိအမှတ်ပြုလိုက်ပြီ ဖြစ်ပါတယ်။ အသက် ၇၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပူတင်ဟာ ရုရှားကို အတိုက်အခံမရှိဦးဆောင်နေတဲ့သူဖြစ်ပြီး သမ္မတရွေးကောက်ပွဲ ၄ ကြိမ်အနိုင်ရရှိထားသလို ဝန်ကြီးချုပ်အဖြစ်လည်း ခေတ္တတာဝန်ထမ်း ဆောင်ဖူးသူဖြစ်တယ်လို့ သိရပါတယ်။ ကိုယ်တိုင်အမည်စာရင်းတင်သွင်းခဲ့တဲ့ ပူတင်ကို မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်သလို လက်ယာ…

မြန်မာ့နိုင်ငံရေး ပြဿနာကို ကိုယ်တိုင်ဖြေရှင်းကြဖို့ အာဆီယံ တိုက်တွန်း

လူအန်ပရာဘန် ၊ ဇန်နဝါရီ ၃၁ မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေအဆုံးသတ်ရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ပြဿနာတွေကို ကိုယ်တိုင် ဦးဆောင်ဖြေရှင်းဖို့ ဇန်နဝါရီ ၂၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီး များ အစည်းအဝေးကနေ တိုက်တွန်းလိုက်ပါတယ်။ အာဆီယံနိုင်ငံခြားရေးအစည်းအဝေးအပြီး ထွက်ပေါ်လာတဲ့ ကြေညာချက်မှာ ဝန်ကြီးတွေအနေနဲ့ အလှည့်ကျဥက္ကဋ္ဌ လာအိုခန့်အပ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ရဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးနဲ့ ဆက်သွယ်ရေးနဲ့ မြန်မာပြည်သူတွေကို…

လက်နက်ပွဲစား ထွန်းမင်းလတ်အမှု သက်သေမခိုင်လုံဘူးလို့ ထိုင်းတရားရုံးဆုံးဖြတ် ၊ တရားသေလွှတ်ပေး 

ဘန်ကောက် – ဇန်နဝါရီ ၃၀ ထိုင်းနိုင်ငံတရားရုံးမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ငွေကြေး ခဝါချမှုတို့နဲ့ တရားစွဲခံထားရတဲ့ စစ်ကောင်စီ လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့အမှုဟာ သက်သေခိုင်လုံမှု မရှိဘူးလို့ ထိုင်းရာဇ ဝတ်မှုတရားရုံးက ဆုံးဖြတ်ပြီး တရားသေလွှတ်ပေးလိုက်တယ်လို့ Nation Thailand သတင်းဌာန က ဖော်ပြထားပါတယ်။ ထွန်းမင်းလတ်၊ထိုင်းလွှတ်တော်အမတ်တစ်ဦးရဲ့သားမက်နဲ့ Allure Group (P&E)တို့ကို စွဲတင် ထားတဲ့ အမှုတွေထဲမှာ အစိုးရရှေ့နေတွေ…

ယူကရိန်းအရာရှိ ၅ ဦး စစ်ပွဲရန်ပုံငွေဒေါ်လာသန်း ၄၀ ခိုးမှုနဲ့ ဖမ်းဆီးခံရ

ကိဗ်၊ ဇန်နဝါရီ ၃၀ ရုရှားကျူးကျော်စစ်ကိုခုခံနေတဲ့ ယူကရိန်းအတွက် စစ်လက်နက်ပစ္စည်းဝယ်ယူမယ့် ရန်ပုံ ငွေထဲက အမေရိကန်ဒေါ်လာသန်း ၄၀ ခိုးယူတယ်လို့ စွပ်စွဲခံထားရတဲ့ ယူကရိန်းအရာရှိ ၅ ဦးဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာန အဖွဲ့ဝင်တွေဟာ ယူကရိန်းလက်နက်လုပ်ငန်းတစ်ခုနဲ့ပူးပေါင်းပြီး မော်တာကျည် တစ်သိန်းဝယ်ယူဖို့ လျာထားတဲ့ပိုက်ဆံတွေကို ခိုးယူခဲ့တာကြောင့် ဖမ်းဆီး ခဲ့တာဖြစ်တယ်လို့ လုံခြုံရေးဌာနက ဆိုထားပါတယ်။ အမေရိကန်က ယူကရိန်းကို ဆက်လက်အကူအညီပေးရေး၊မပေးရေးနဲ့…

အာဆီယံအစည်းအဝေးကို စစ်ကောင်စီကိုယ်စားလှယ် စေလွှတ်

လူအန်ပရာဘန်၊ ဇန်နဝါရီ ၃၀ လာအိုနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အာဏာသိမ်း စစ်ကောင်စီရဲ့ ကိုယ်စားလှယ်စေလွှတ်ထားတယ်လို့ အင်ဒိုနီးရှားနိုင်ငံရဲ့ ထိပ်တန်းသံတမန်က ပြောပါတယ်။ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ကျင်းပနေတဲ့ အစည်းအဝေးကို စစ်ကောင်စီရဲ့ ကိုယ်စားလှယ် စေလွှတ်တာဟာ အစည်းအဝေးတက်ရောက်ခွင့်ဆိုင်ရာ အာဆီယံမူဝါဒနဲ့ ကိုက်ညီတယ်လို့ ဆိုခဲ့တာပါ။ မြန်မာနိုင်ငံကို အာဏာသိမ်းပြီး ၂ လအကြာမှာ အာဆီယံနဲ့…

တူရကီနဲ့ဂရိနိုင်ငံကို အမေရိကန်ရဲ့ F-16 တိုက်လေယာဉ်တွေ ရောင်းချမယ်

ဝါရှင်တန်၊ဇန်နဝါရီ ၂၈ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က တူရကီနိုင်ငံကို ဒေါ်လာ ၂၃ ဘီလျံတန်ဖိုးရှိတဲ့ F-16 တိုက် လေယာဉ်တွေ ရောင်းချဖို့ သဘောတူလိုက်တယ်လို့ ဇန်နဝါရီ ၂၆ ရက်နေ့က လွှတ်တော်ကို အသိပေးလိုက်ပါတယ်။ လော့ခ်ဟီးမာတင် ကုမ္ပဏီထုတ် F-16 တိုက်လေယာဉ်အစီး ၄၀ နဲ့ ခေတ်မှီဆန်းသစ်ရေး ကိရိယာ ၈၀ ကို တူရကီထံ ရောင်းချဖို့ သဘောတူလိုက်တာပါ။…