ပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့သော်လည်း ခရုဖျက်နေဆဲဖြစ်သောကြောင့် လယ်သမားများအခက်တွေ့
ပေါင်၊ ဇူလိုင် ၂၅ မြို့နယ်စိုက်ပျိုးရေးဌာနက ယခုနှစ်မိုးစပါးရာသီအတွက် ခရုနှင့်ပတ်သက်သော ပညာပေးမှု (၃၄) ကြိမ် ပြုလုပ်ခဲ့သည်ဟု သိရသော်လည်း ပေါင်မြို့နယ်ရှိ ကျေးရွာအချို့တွင် စပါးပျိုးခင်းများအား ခရုဖျက်ဆီးခံရသဖြင့် မျိုးစပါးအခက်အခဲဖြစ်နေကြောင်း သဲကုန်း၊ ညောင်ကုန်းကြီး၊ ထန်းပင်ချောင်လေးကျေးရွာ တို့မှ လယ်သမား များထံမှ သိရသည်။