ပြည်နယ်လွှတ်တော်တွင် အစိုးရအဖွဲ့၏မေးခွန်ဖြေကြားမှုမှာအားရကျေနပ်ဖွယ်မရှိဟု ကိုယ်စားလှယ်များမှဝေဖန်
ပြည်နယ်လွှတ်တော်တွင် အစိုးရအဖွဲ့၏မေးခွန်ဖြေကြားမှုမှာအားရကျေနပ်ဖွယ်မရှိဟု ကိုယ်စားလှယ်များမှဝေဖန် မော်လမြိုင်၊ မတ် ၂ ဒုတိယအကြိမ်လွှတ်တော်ပုံမှန်အစည်းအဝေးများတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများအပေါ် အစိုးရအဖွဲ့၏ပြန်လည်ဖြေကြားချက်များမှာ အားရကျေနပ်ဖွယ်မရှိဘူးဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ခဲ့သည်။ အစိုးရသက်တမ်း(၃)နှစ်နီးပါးဖြစ်လာပေမယ့်လည်း မေးခွန်းများအပေါ်အစိုးရအဖွဲ့၏ ဖြေကြားချက်များသည် မြေပြင်အခြေအနေထိမရောက်သည်ကို ခံစားရကြောင်း မွန်ပြည်နယ်လွှတ်တော် ဥက္ကဌ ဒေါ်တင်အိက ပြောသည်။ “အစိုးရသက်တမ်းလဲ လာမယ့် ဧပြီလဆို ၃နှစ်ပြည့်ပြီ။ ကျွန်မတို့ကိုယ်စားလှယ်တွေ ဘယ်လိုပဲကြိုးစားဆောင်ရွက် ပြည်သူ့အသံကိုနားထောင်ပေမယ့်လည်း အစိုးရရဲ့ဖြေကြားချက်တွေက…