သတင်း

ရေးမြို့နာရေးကူညီမှုအသင်းမှ တစ်နှစ်တာအတွင်း ပြည်သူ့တိုက်ရိုက်အကျိုးပြုလုပ်ငန်းများအတွက် ငွေသိန်း ၆၀၀ နီးပါး ကူညီပံ့ပိုး

ရေး ၊ စက်တင်ဘာ ၂၆ ရေးမြို့၊ မြို့နယ်နာရေးကူညီမှုအသင်းအနေဖြင့် ၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း အသင်း၏လုပ်ငန်းခွဲများ ဖြစ်သော နာရေးကူညီမှုလုပ်ငန်း၊ အောက်ဆီဂျင်လုပ်ငန်းနှင့် ကုသိုလ်ဖြစ်ဆေးခန်းလုပ်ငန်းတို့မှ ငွေကျပ်သိန်း ပေါင်း ၆၀၀ နီးပါး ကူညီပံ့ပိုးပေးနိုင်ခဲ့ကြောင်း ရေးမြို့နယ်နာရေးကူညီမှုအသင်းမှ သိရသည်။

ရေးမြို့နယ်အတွင်းရှိ ကသိုင်းအင်းအတွင်းသို့ ဆောင်းခိုငှက်များ စတင်ဝင်ရောက်

ရေး ၊ စက်တင်ဘာ ၂၆ ရေးမြို့နယ်၏မြောက်ဘက် ၃ မိုင်ခန့်အကွာတွင်တည်ရှိသည့် ကသိုင်အင်းအတွင်း ယခုအခါ ဆောင်းခို ငှက်များ စတင်ဝင်ရောက်နေပြီး နှစ်စဉ် ဆောင်းခိုငှက်ကောင်ရေ ၄၀၀၀ ကျော်ခန့် လာရောက်နားခိုလျက်ရှိ သည်ဟု ယင်းအင်းအနီးတွင်ရှိသည့် အပ္ပမာဒတောရကျောင်း(ကသိုင်ကျောင်း)မှ ဆရာတော် ဦးပညာသာမိက သံလွင်တိုင်းမ်သို့ မိန့်သည်။

ရေးမြို့အတွင်း ကလေးသူခိုးများနှင့် ဖောက်ထွင်းခိုးယူမှုများ သိသိသာသာများပြားလာသဖြင့် အရေးယူ ဆောင်ရွက်မှုများလိုအပ်နေ

ရေး ၊ စက်တင်ဘာ ၂၇ ရေးမြို့အတွင်း ကလေးသူခိုးများနှင့် ဖောက်ထွင်းခိုးယူမှုများ သိသိသာသာများပြားလာသဖြင့် ထိုက် သင့်သည့် အရေးယူဖမ်းဆီးမှုများ ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း ရေးဒေသခံများ၏ ပြောကြားချက် အရ သိရသည်။

ပေါင်မြို့နယ်အတွင်း တရားမဝင်ဆင်ဆာမဲ့ ဗွီဒီယိုခွေများနှင့် ခွေကူးစက်များလိုက်လံဖမ်းဆီးအရေးယူထား

ပေါင်၊ စက်တင်ဘာ ၂၇ ဆင်ဆာမဲ့ VDO၊ DVD ခွေများ ကူးယူရောင်းချနေမှုအား သထုံခရိုင်ရဲတပ်ဖွဲ့နှင့် ပေါင်မြို့နယ် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ စက်တင်ဘာ ၂၇ရက်နေ့တွင် ပေါင်မြို့နယ်အတွင်း လိုက်လံဖမ်းဆီး အရေးယူခဲ့ကြပြီး တရားမဝင် ဆင်ဆာမဲ့ခွေများအပါအဝင် ခွေကူးစက်များကိုပါ သိမ်းဆည်းရမိထားကြောင်းသိရသည်။

ဆောက်သန်းမြန်မာအသင်းမှ အမြင့်ဆုံးလစာ(၁၀)သိန်းအထိချီးမြှင့်မည့် ကစားသမားအသစ်များကို ခြေစမ်းပွဲ ကစားအပြီး လူရွေးပွဲကျင်းပမည်

မော်လမြိုင်၊ စက်တင်ဘာ ၂၉ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်အခြေစိုက် ဆောက်သန်းမြန်မာဘောလုံးအသင်းမှ လာမည့် အောက်တိုဘာလ ၅၊၆၊၇ ရက်နေ့တို့တွင် ခြေစမ်းပွဲများ ကစားအပြီး လူရွေးပွဲ ကျင်းပသွားမှာ ဖြစ်ကြောင်း သိရသည်။

အံဒင်ကျောက်မီးသွေးစီမံကိန်း အလိုမရှိကြောင်း အစိုးရသစ်ထံ ဒေသခံများပထမဆုံးအကြိမ် စာပေးပို့

မော်လမြိုင်၊ စက်တင်ဘာ ၂၆ရက် မွန်ပြည်နယ် ရေးမြို့နယ် အံဒင်ကျေးရွာအနီးတွင် တိုယို – ထိုင်းကုမ္ပဏီမှ တည်ဆောက်ရန်ကြိုးပမ်းနေသည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစီမံကိန်းကို အလိုမရှိကြောင်း အစိုးရသစ်ထံ ပထမဆုံးအကြိမ် စာပေးပို့ခဲ့သည်ဟု သိရသည်။

ကလေးမုဒိမ်းဖြစ်စဉ်အတွက် ဘယ်လိုကာကွယ်သင့်သလဲ

မြန်မာနိုင်ငံတဝှမ်းလုံးတွင် ကုလေးမုဒိမ်းဖြစ်စဉ်များ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေသလို မွန်ပြည်နယ် တွင်လည်း မကြာခဏဆိုသလို ကုလေးမုဒိမ်းမှုဖြစ်စဉ်များ သတင်းမီဒီယာများတွင် နေရာယူနေသည် ကို တွေ့ရမည်ဖြစ်ပါသည်။ ကလေးမုဒိမ်းဖြစ်စဉ်မဖြစ်ပေါ်ရေးအတွက် မည်ကဲ့သို့ ကာကွယ်သင့် ကြောင်း နယ်ပယ်အသီးသီးမှ ပြည်သူများ၏အသံကို သံလွင်တိုင်းမ်ဂျာနယ်မှ စုစည်းဖော်ပြလိုက်ရပါ သည်။

ဝါးဒတ်ကွင်းရွာသားကိုမောင်ရွှေနှင့် ကိုစိုးနိုင်တို့ကို ထောင်ဒဏ်ချမှတ်ခြင်းအပေါ် မကျေနပ်သဖြင့် တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်မည်

ကျိုက်ထို၊ စက်တင်ဘာ ၂၁ စစ်တောင်းစက္ကူစက်မှ စက်မှုကုန်ကြမ်းစိုက်ကွက်များကို စွန့်လွှတ်ခဲ့ပြီးနောက် နေစရာ နေရာမရှိသူများ အားအိမ်ကွက်ချပေးခြင်းကြောင့် မြို့နယ်အုပ်ချုပ်ရေးမှုးနှင့် ပြဿနာဖြစ်ပွားခဲ့သည့် ကျိုက်ထိုမြို့နယ် သိမ်ဇရပ် ကျေးရွာအုပ်စု ဝါးဒက်ကွင်းရွာမှ ကိုမောင်ရွှေနှင့် ကိုစိုးနိုင် တို့ကို စက်တင်ဘာ(၂၁)ရက်နေ့ တွင် ကျိုက်ထို

မုဒုံမြို့နယ်တွင် ကောက်ရိတ်သမားလိုအပ်ချက်ကြောင့် ကြိုတင်ငွေပေးကာ လုပ်သားရရှိရေးလယ်ရှင်များ ကြိုးစားနေရ

မုဒုံ၊ စက်တင်ဘာ ၂၁ မုဒုံမြို့တွင် ကောက်ရိတ်သမားလိုအပ်ချက်များခြင်းကြောင့် ကြိုတင်ငွေပေးကာ လုပ်သားရရှိရေး ကြိုးစားနေရကြောင်း လယ်ရှင်များထံမှ သိရသည်။

တန်(၄၀၀၀)ဘိလပ်မြေစက်ရုံကို ကျောက်မီးသွေးလောင်စာဖြင့် လည်ပတ်မည့်အပေါ် ဒေသခံများ ကန့်ကွက် မည်ဟုဆို

ဘားအံ၊ စက်တင်ဘာ ၁၉ ဘားအံမြို့နယ်၊သံလွင်အနောက်ဘက်ခြမ်းရှိ မြိုင်ကလေးတန်(၄၀၀၀) ဘိလပ်မြေစက်ရုံ ကို ကျောက် မီးသွေးလောင်စာဖြင့် အစားထိုးလည်ပတ်နိုင်ရေးအတွက် စီမံကိန်းလျာထားချက် အပေါ် စက်ရုံအနီးပတ်ဝန်း ကျင်ကျေးရွာပေါင်း(၁၁)ရွာမှ ဒေသခံပြည်သူများမှ ကန့်ကွက်သွားမည်ဟု သိရသည်။