တနင်္သာရီဝန်ကြီးချုပ် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးထက်မနည်း တိုက်ပိတ်ခံထားရ
မော်လမြိုင် ၊ မတ် (၁၇) ထားဝယ်အကျဉ်းထောင်မှာ တနင်္သာရီဝန်ကြီးချုပ် ဦးမြင့်မောင် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးထက်မနည်း တိုက်ပိတ်ခံထားရတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံ ထောင်အာဏာပိုင်တွေက ထောင်အတွင်း နိုင်ငံရေး လှုပ်ရှားတာ၊ တရားရုံးထုတ်စဉ် စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ဆန္ဒပြတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တိုက်ပိတ်ထားတာ ဖြစ်ပါတယ်။ တိုက်ပိတ်ခံရသူတွေထဲမှာတော့ ထောင်ဒဏ် နှစ်ရှည်ချမှတ်ခံထားရတဲ့ တနင်္သာရီ…