သတင်း

အိန္ဒိယနိုင်ငံတွင် အသက် ၁၂ နှစ် ၁၄ ကြား ကလေးငယ်များအတွက် ကာကွယ်‌ဆေးထိုးနှံမှု စတင်မည်

အမ်မာဒဘက်၊ မတ် ၁၈ အိန္ဒိယနိုင်ငံတွင် အစိုးရနှင့် ပုဂ္ဂလိက စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ပြီးဖြစ်သောကြောင့် အသက် ၁၂ နှစ် မှ ၁၄ နှစ် အကြား အငယ်ပိုင်းလူဦးရေများအတွက် ကိုဗစ် ကာကွယ်ဆေးထိုးနှံမှု ဗုဒ္ဓဟူး နေ့တွင် စတင်နိုင်ရန် စီစဥ်လျှက်ရှိသည်။ အိန္ဒိယအစိုးရသည် ရောဂါအခံအခြေအနေတစ်ရပ်ရှိသော အသက် ၆၀ အထက် လူဦးရေများတွင် အား ဖြည့်ကာကွယ်ဆေးထိုးနှံပေးခြင်း…

ဒီမော့ဆိုမှာ စစ်ကောင်စီက ဘုရားကျောင်းနဲ့ စာသင်ကျောင်းတွေကို အကာအကွယ်ယူပြီး ထိုးစစ်ဆင်နေ

ဒီမော့ဆို၊ မတ် ၁၈ ကရင်နီ(ကယားပြည်နယ်) ဒီမော့ဆိုမြို့နယ်မှာ အာဏာသိမ်း စစ်ကောင်စီတပ်က ဘုရားကျောင်းနဲ့ စာသင်ကျောင်းတွေကို အကာအကွယ်ယူပြီး ထိုးစစ်ဆင်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ အာဏာသိမ်း စစ်ကောင်စီဟာ ကယားပြည်နယ်ကို ပြန်လည် ထိန်းချုပ်နိုင်ဖို့အတွက် လေကြောင်း၊ ကြည်းကြောင်း အပါအဝင် အင်အားအလုံးအရင်နဲ့ ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ဟာ ဘုရားကျောင်းနဲ့ စာသင်ကျောင်းတွေကို အကာအကွယ်ယူပြီး…

ဖာပွန်ခရိုင်မှာ စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ၁၅ ဦး သေဆုံး

ဖာပွန်၊ မတ် ၁၈ ဖာပွန်ခရိုင်မှာ အခုလဝက်အတွင်း စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာအပါအဝင် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ၁၅ ဦး သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။ ဖာပွန်ခရိုင်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ကျေးရွာတွေနဲ့ လယ်ယာလုပ်ငန်းခွင်တွေထဲကို လက်နက်ကြီးအချက်ပေါင်း ၂၀၀ နီးပါးပစ်ခတ်ခဲ့ပြီး လေယာဉ်နဲ့ ၁၇ ကြိမ် ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တာပါ။ အဲဒီပစ်ခတ်တိုက်ခိုက်မှုကြောင့်…

စက်သုံးဆီဈေးနှုန်းကြောင့် ရေရှားပါးတဲ့ ဒေသတွေကို ရေသွားလှူဖို့ အခက်အခဲ ရှိနေ

မော်လမြိုင် ၊ မတ် (၁၈) စစ်တပ် အာဏာသိမ်းပြီးနောက် စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်လာတဲ့အတွက်ကြောင့် ရေရှားပါးတဲ့ ဒေသတွေကို ရေသွားလှူဖို့ အခက်အခဲတွေ ရှိနေကြတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ မွန်ပြည်နယ်ဟာ နွေရာသီရောက်တိုင်း ရေရှားပါးတဲ့ ပြဿနာကို နှစ်စဉ် ခံစားနေရတာ ဖြစ်ပါတယ်။ ဒီထဲမှာတော့ ဘီးလင်း၊ သထုံ၊ ပေါင်၊ မော်လမြိုင်နဲ့ ချောင်းဆုံမြို့နယ်တို့မှာ…

မွန်ပြည်နယ်မှာ စစ်ကောင်စီက ထွေအုပ်အရာရှိတွေကို သေနတ် ထုတ်ပေးထား

မော်လမြိုင် ၊ မတ် (၁၈) မွန်ပြည်နယ်မှာတော့ အာဏာသိမ်း စစ်ကောင်စီဟာ ပြည်နယ်၊ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက လက်ထောက်ညွှန်ကြားရေးမှူးအဆင့်ရှိတဲ့ အရာရှိတွေကို သေနတ် တစ်လက်စီ ထုတ်ပေးထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီကတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အရာရှိတွေအနေနဲ့ လုပ်ကြံမခံရအောင်နဲ့ မိမိကိုယ်ကို ခုခံကာကွယ်ဖို့အတွက်ဆိုပြီး ပစ္စတို သေနတ် တစ်ယောက် တစ်လက်စီ ထုတ်ပေးထားတာ…