အစိုးရသက်တမ်းအတွင်း မွန်ပြည်နယ်၌ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကန်ဒေါ်လာ သန်း(၆၀၀)ကျော် ဝင်ရောက်ခဲ့
မော်လမြိုင် မေ ၁၇ ယခုအစိုးရသက်တမ်း(၃)နှစ်အတွင်း မွန်ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု (၁၄) ခု ၊ အမေရိကန်ဒေါ်လာ (၆၂၂.၄၇၈) သန်းခန့် ဝင်ရောက်ခဲ့ကြောင်း မွန်ပြည်နယ် ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီဌာန စာရင်းများအရ သိရသည်။ ဝင်ရောက်ခဲ့သည့် ရင်းနှီးမြုပ်နှံမှုများတွင် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် (MIC) မှ ခွင့်ပြုသည့်လုပ်ငန်း (၁၀)ခုနှင့် ပြည်နယ်ရင်းနှီးမြုပ်နှံမှုကော်မတီမှ ခွင့်ပြုခဲ့သည့် လုပ်ငန်း…