ကိုဗစ်ကာလ ကျန်းမာရေးဌာန လမ်းညွှန်ချက်အတိုင်း ရေးမြို့လူငယ် သင်တန်းကျောင်းဖွင့်လှစ်
ရေး ၊ ဩဂုတ် (၁၉) နယ်စပ်ရေးရာဝန်ကြီးဌာနက ဖွင့်လှစ်ထားတဲ့ ရေးမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းကို ကိုဗစ်ကာလအတွင်း ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်တွေနဲ့အညီ ဖွင့်လှစ်နေပါတယ်။ အဲဒီကျောင်းမှာ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသားကျောင်းသူ ၅၂ ဦး ပညာသင်ကြားနေကြပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်းချက်အတိုင်း လိုက်နာနေတယ်လို့ သင်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသက်သက်ခိုင်က ပြောပါတယ်။ ” ကျောင်းအတွင်းအပြင်သွားလာနေထိုင်စားသောက်တာကအစ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနညွှန်ကြားချက်တွေအတိုင်း အလေးအနက်ထား တိတိကျကျနေထိုင်နေပါတယ်၊…