မွန်က တောင်သူများအတွက် ကိုဗစ်အထူးချေးငွေ ကျပ်သန်းပေါင်း (၁၂၃၀၀)ကျော် ထုတ်ချေး
မော်လမြိုင်၊ ဒီဇင်ဘာ (၂၁) မွန်ပြည်နယ်အတွင်းက တောင်သူလယ်သမားတွေအတွက် ကိုဗစ်ကာလ အထူးချေးငွေ ကျပ်သန်း (၁၂၃၀၀)ကျော်ကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးပေးခဲ့ပါတယ်။ ယခုနှစ်မှာတော့ မိုးစပါးစိုက်ပျိုးရာမှာ ရာသီဥတုကောင်းမွန်တာကြောင့် အထိခိုက်နည်းပြီး စပါးအထွက်ကောင်းခဲ့ပါတယ်။ ဒါပေမယ့် ကိုဗစ်ကာလ စီးပွားရေး အခက်အခဲတွေကြောင့် လယ်သမားတစ်ချို့မှာ စပါးစျေးကောင်းမရလို့ စိုက်ပျိုးစရိတ်အတွက် အခက်အခဲတွေ ရှိနေပါတယ်။ ဒါကြောင့် တောင်သူတွေကို ပံ့ပိုးပေးတဲ့အနေနဲ့ ပုံမှန်ချေးငွေအပြင် ကိုဗစ်အထူး…