လူစုလူဝေးဖြစ်မယ့် ပွဲလမ်းသဘင်တွေ မလုပ်ဖို့ ကျန်းမာရေးဌာန တိုက်တွန်း
မော်လမြိုင် ၊ ဒီဇင်ဘာ (၂၄) လူစုလူဝေးဖြစ်မယ့် ပွဲလမ်းသဘင်တွေကို အစိုးရအနေနဲ့ ခွင့်ပြုချက်မပေးဖို့ ကျန်းမာရေးဌာနက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ ပွင့်လင်းရာသီ ရောက်လာတာနဲ့အတူ ဘာသာရေးဆိုင်ရာ အခမ်းအနားတွေ ၊ နှစ်သစ်ကူး ပွဲတော်တွေနဲ့ အခြားပွဲလမ်းသဘင်တွေမှာ လူစုလူဝေးဖြစ်မှာကို ကျန်းမာရေးဌာနက စိုးရိမ်နေတာပါ။ လက်ရှိ မွန်ပြည်နယ်ရဲ့ ကိုဗစ်-၁၉ ကူးစက်မှုဟာ မလျော့ကျသေးဘဲ လူထုအကြား ပျံ့နှံ့နေတာကြောင့် လူစုလူဝေး မလုပ်တာဟာ…