သတင်း

Mytel တာဝါတိုင် စောင့်ဖို့ BGF ကို တာဝန်ပေး၊ သူတို့နဲ့အတူစောင့်ဖို့ တစ်ရက် ရွာသား ၄ ဦး အဓမ္မ ဆင့်ခေါ်

မော်လမြိုင်၊ စက်တင်ဘာ ၁၅ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ထဲမှာရှိတဲ့ Mytel တာဝါတိုင်တွေရဲ့ လုံခြုံရေးအတွက် စစ်ကောင်စီက နယ်ခြားစောင့်တပ် (BGF)တပ်ဖွဲ့ကို တာဝန်‌ေပးထားတယ်လို့ ဒေသခံတွေ သံလွင်တိုင်းမ်ကို ပြောပါတယ်။ လှိုင်းဘွဲမြို့နယ် ဥဒေါင်းနဲ့ နန်းသားအုန်းကျေးရွာမှာရှိတဲ့ စစ်အုပ်စုပိုင် Mytel တာဝါတိုင်တွေ ဖျက်ဆီးမခံရဖို့အတွက်ဆိုပြီး BGF တပ်ဖွဲ့တွေလုံခြုံရေးယူဖို့ စစ်ကောင်စီက ညွန်ကြားထားတာ ဖြစ်ပါတယ်။ Mytel တာဝါတိုင်ကို လုံခြုံရေးယူထားတဲ့…

Mytel တာဝါတိုင် စောင့်ဖို့ BGF ကို တာဝန်ပေး၊ သူတို့နဲ့အတူစောင့်ဖို့ တစ်ရက် ရွာသား ၄ ဦး အဓမ္မ ဆင့်ခေါ်

မော်လမြိုင်၊ စက်တင်ဘာ ၁၅ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ထဲမှာရှိတဲ့ Mytel တာဝါတိုင်တွေရဲ့ လုံခြုံရေးအတွက် စစ်ကောင်စီက နယ်ခြားစောင့်တပ် (BGF)တပ်ဖွဲ့ကို တာဝန်‌ေပးထားတယ်လို့ ဒေသခံတွေ သံလွင်တိုင်းမ်ကို ပြောပါတယ်။ လှိုင်းဘွဲမြို့နယ် ဥဒေါင်းနဲ့ နန်းသားအုန်းကျေးရွာမှာရှိတဲ့ စစ်အုပ်စုပိုင် Mytel တာဝါတိုင်တွေ ဖျက်ဆီးမခံရဖို့အတွက်ဆိုပြီး BGF တပ်ဖွဲ့တွေလုံခြုံရေးယူဖို့ စစ်ကောင်စီက ညွန်ကြားထားတာ ဖြစ်ပါတယ်။ Mytel တာဝါတိုင်ကို လုံခြုံရေးယူထားတဲ့…

ပြည်ပ အဝယ်လိုက်၍ ပဲဈေး ၂ နီးပါး ခုန်တက်

မော်လမြိုင်၊ စက်တင်ဘာလ ၁၅ ပြည်ပ ဝယ်လိုအား ဆက်တိုက်မြင့်တက်လာတဲ့အတွက် ပဲဈေးနှုန်း ၂ ဆနီးပါး မြင့်တက်လာခဲ့တယ်လို့ မွန်ပြည်နယ် ပဲနှမ်းလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လက်ရှိမှာတော့ အိန္ဒိယနိုင်ငံက အဝယ်လိုက်နေတဲ့ မတ်ပဲဈေးနှုန်းဟာ တစ်တင်းကို ကျပ် ၅၀၀၀၀ နီးပါးထိ ဈေးပေါက်နေတာ ဖြစ်ပါတယ်။ “မတ်ပဲက အိန္ဒိယက အဝယ်လိုက်နေလို့ ဈေးနှုန်းဆက်တိုက်မြင့်တက်နေတာ၊ အဓိကကတော့ ပဲလက်ကျန်လည်း…

ကျိုက်ထီးရိုးတောင်ပေါ်မှာ စစ်ကောင်စီ တပ်စွဲထားပြီး ဆင်ချောက်ရွာ လျှပ်စစ်မီးဖြတ်တောက်ခံရ

ကျိုက်ထို၊ စက်တင်ဘာ ၁၅ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ ကျိုက်ထီးရိုးတောင်ပေါ်မှာ စစ်ကောင်စီတပ်စွဲထားပြီးနောက်တောင်အနီးက ဆင်ချောက်ရွာကို စက်တင်ဘာလ ၁၄ ရက်နေ့မှ စတင်ပြီး ကျိုက်ထီးရိုးဂေါပကအဖွဲ့မှ လျှပ်စစ်မီး ဖြတ်တောက်ထားတယ်လို့ သိရပါတယ်။ ဆင်ချောက်ကျေးရွာဟာ ကျိုက်ထီးရိုးတောင် ရဟတ်ယာဉ်ကွင်းဘက်အနီးရှိ ကျေးရွာဖြစ်ပါတယ်။ ကျိုက်ထီးရိုးတောင်ပေါ်မှာ စက်တင်ဘာလ ၁၀ ရက်နေ့ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ကျော် ဒုတိယအကြိမ်ရောက်ရှိပြီး တပ်စွဲနေတာ…

စစ်တပ်အာဏာသိမ်းပြီးနောက် ထားဝယ်မှာ အဖမ်းခံရသူ (၂၀၀)ကျော်အထိ ရှိလာ

ထားဝယ်၊ စက်တင်ဘာလ ၁၆ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်မှာ အဖမ်းခံထားရသူ (၂၀၀) ကျော်ရှိပြီး အဲ့ဒီအထဲက လူဉီးရေ (၅၀)နီးပါးကိုတော့ ထောင်ဒဏ်ချမှတ်လိုက်ပြီး ဖြစ်ပါတယ်။ အဖမ်းခံရသူတွေထဲမှာ စစ်ကောင်စီကို ဆန့်ကျင်တဲ့ လူငယ်အမြောက်အများ ပါဝင်သလို သာမာန်အရပ်သား ပြည်သူတွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ထောင်ဒဏ်ချမှတ်ခံခဲ့ရသူတွေကတော့ ပြစ်ဒဏ် (၂)နှစ်ကနေ (၄)နှစ်အထိ အမိန့်ချခံလိုက်ရပြီး ကျန်တဲ့သူတွေကတော့…

ရေးမြို့မှာ လျှပ်စစ်ဓာတ်အားခ တစ်ယူနစ်(၆၀၀)ကျပ်အထိ တိုးမြင့်မည်

မော်လမြိုင် ၊ စက်တင်ဘာ ၁၅ ဆီဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာတဲ့အတွက် ရေးမြို့နယ်မှာ လျှစ်စစ်မီတာခတွေကို တစ်ယူနစ် (၆၀၀)ကျပ်အထိ တိုးမြင့်ကောက်ခံသွားမယ်လို့ မီးလင်းရေးကော်မတီ တာဝန်ရှိသူတွေက ပြောပါတယ်။ ရေးမြို့နယ်မှာ မဟာဓာတ်အားလိုင်းကနေ လျှပ်စစ်ဓာတ်အား မသွယ်တန်းနိုင်သေးတဲ့အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်တွေကနေ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချနေတာ ဖြစ်ပါတယ်။ အရင်လတွေမှာတော့ လျှစ်စစ်မီးသုံးစွဲမှုအတွက် တစ်ယူနစ်ကို (၅၅၀)ကျပ် ကောက်ခံရာမှ အခုအခါ ဆီဈေးနှုန်းတွေ မြင့်တက်လာမှုကြောင့်…

BGF စခန်းပြုပြင်ဖို့ဆိုပြီး ဒေသခံတွေကို သစ်နဲ့ဝါး လာပေးဖို့ ဖိအားပေး စေခိုင်း

ဘီးလင်း၊ စက်တင်ဘာ ၁၃ ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာမှာ တပ်စွဲထားတဲ့ ခမရ(၄၀၆)နဲ့ အမှတ်(၁၀၁၄)BGF ပူးပေါင်းအဖွဲ့က စခန်းပြုပြင်ဖို့ဆိုပြီး ဒေသခံတွေကို သစ်နဲ့ဝါး လာပေးဖို့ ဖိအားပေးစေခိုင်းနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်မ်းကိုပြောပါတယ်။ စခန်းပြုပြင်ဖို့ လေးကေနဲ့ ကျောက်ဖျာကျေးရွာက ဒေသခံတွေကို တစ်အိမ် ဝါး (၁၀)လုံးနဲ့ သစ် ၂ ချောင်းခုတ်ပြီး စခန်းကိုပို့ပေးဖို့ ဖိအ‌ားပေး ခိုင်းစေနေတာ ဖြစ်ပါတယ်။…

ကိုဗစ်ချေးငွေနဲ့ ဝန်ထမ်း ချေးငွေ ပြန်ဆပ်ဖို့ ဆိုင်းငံ့

မော်လမြိုင်၊ စက်တင်ဘာလ ၁၃ NLD အစိုးရ လက်ထက်က စီးပွားရေးလုပ်ငန်းတွေအပေါ် ထုတ်ချေးပေးထားတဲ့ ချေးငွေနဲ့ နိုင်ငံဝန်ထမ်း ချေးငွေကို ပြန်ဆပ်ကာလ ၆ လ နောက်ဆုတ်ပေးလိုက်တယ်လို့ အာဏာသိမ်း စစ်ကောင်စီ ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံဝန်ထမ်းတွေကို ထုတ်ချေးပေးခဲ့တဲ့ အတိုးမဲ့ ချေးငွေ ၂ လစာကို အောက်တိုဘာလကစပြီး ပြန်ဆပ်ဖို့ စစ်ကောင်စီက ထုတ်ပြန်ပြီးနောက် စက်တင်ဘာ ၁၂…

(၂)လနီးပါး ပိတ်ထားတဲ့ စစ်ကောင်စီ လက်အောက်ခံ ကညနရုံးတွေ ပြန်ဖွင့်

မော်လမြိုင် ၊ စက်တင်ဘာ ၁၃ မွန်ပြည်နယ်မှာ (၂)လနီးပါး ပိတ်ထားတဲ့ စစ်ကောင်စီ လက်အောက်ခံ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) ရုံးတွေကို ဒီကနေ့ စက်တင်ဘာလ (၁၃)ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ပြီး ဖြစ်တယ်လို့ သိရပါတယ်။ ကညန ရုံးတွေကိုတော့ ကိုဗစ်ကပ်ရောဂါ အခြေအနေတွေကြောင့် စစ်ကောင်စီက နိုင်ငံတော်ရဲ့ အများပြည်သူ ရုံးပိတ်ရက် အဖြစ်သက်မှတ် လိုက်တဲ့နေ့…

ရေးမြို့နယ်က မူးယစ်ဆေးဝါးရောင်းချသူ တစ်ဦး ပစ်ခတ်ဖမ်ဆီးခံရပြီး သေဆုံး

ရေး၊ စက်တင်ဘာ ၁၃ မွန်ပြည်နယ်၊ ရေးမြို့နယ် စုံနံ့သာကျေးရွာမှာ စက်တင်ဘာလ ၁၂ ရက် မွန်းလွဲပိုင်းက မူးယစ်ဆေးဝါးရောင်းသူ တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ဖမ်းဆီးတာကြောင့် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သေဆုံးသွားတဲ့ အထွန်း(ခ) ထွန်းနိုင် နေအိမ်မှာ ရှိနေစဉ် စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲအင်အားအများအပြားဖြင့် ဝင်ရောက်စီးနင်းပြီး ပစ်ခတ်ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။ ပစ်ခတ်ဖမ်းဆီးခံရပြီးနောက်…