သတင်း

မော်လမြိုင် Night Walking Street အနီး ဗုံး ၂ လုံး ဆက်တိုက်ပေါက်

မော်လမြိုင် စက်တင်ဘာ ၁၇ မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်၊ ကမ်းနားလမ်း Night Walking Streetအနီးမှာ ဒီကနေ့ စက်တင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းက အသံဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မနက် ၈ နာရီခွဲမှာ ပထမ ဗုံး ၁ လုံးပေါက်ကွဲခဲ့တာ ဖြစ်ပြီး၊…

ကျိုက်ထိုမှာ စစ်ကောင်စီသတင်းပေးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

ကျိုက်ထို၊ စက်တင်ဘာ ၁၆ ကျိုက်ထိုမြို့၊ မြောက်ပိုင်းတိုးချဲရပ်ကွက် ဆားဖိုးကြီးအိမ်ရှေ့ ဆိုင်တန်းရှေ့တွင် စက်တင်ဘာ ၁၆ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီသတင်းပေးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ သိရပါတယ်။ သေနတ်နဲ့အပစ်ခံရသူမှာ ဦးရန်ရှင်း ဆိုသူဖြစ်ပြီး ကျိုက်ထိုမြို့နယ် ပြည်သူ့အကျိုးပြုကျောင်းသားများပါတီဥက္ကဌ ဖြစ်ပါတယ်။ ဦးရန်ရှင်းမှာ ဆားဖိုးကြီးအိမ်ရှေ့ဆိုင်တန်းမှာ ရှိနေစဉ် ဆိုင်ကယ်ဖြင့်လာသူ အမျိုးသားမှ သေနတ်နဲ့ ၂ ချက်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ “သူက…

ဘားအံမှာ စစ်အုပ်စု ရှာဖွေဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်လာ

မော်လမြိုင်၊ စက်တင်ဘာ ၁၆ ကရင်ပြည်နယ်၊ ဘားအံမြို့မှာ နာမည်ကြီး စစ်ကောင်စီ သတင်းပေးဒလန်တစ်ဦး အသတ်ခံရပြီးတဲ့နောက် စစ်အုပ်စုတွေက ရှာဖွေဖမ်းဆီးမှု ပိုမိုတိုးမြင့်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့က စစ်ကောင်စီရဲ့သတင်းပေးဒလန်တစ်ဦးလို့ နာမည်ကြီးနေတဲ့ တကောင်ငကွဲျခေါ် ကျော်ဇင်ဝင်းဟာ သူ့ရဲ့နေအိမ်ရှေ့မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာပါ။ တကောင်ငကျွဲအသတ်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဘားအံမြို့ပေါ်မှာ ရှာဖွေစစ်ဆေးတာတွေ ဖမ်းဆီးတာတွေ…

စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းဖို့ မွန်ပြည်ကာကွယ်ရေးတပ်(MSDF) ဖွဲ့စည်း

မော်လမြိုင်၊ စက်တင်ဘာလ ၁၆ မွန်ပြည်နယ်မှာ စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းဖို့အတွက် ပြည်နယ် အတွင်းက တိုင်းရင်းသားများဖြင့် မွန်ပြည်နယ်ကာကွယ်ရေးတပ် MSDF ကို ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့မှာ စတင်ဖွဲ့စည်းကြောင်း MSDF က ထုတ်ပြန်ကြေငြာပါတယ်။ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေနဲ့ အညီ စစ်ကောင်စီကို ရရာလက်နက် ဆွဲကိုင်ပြီး…

လူငယ်တွေကို စစ်ကောင်စီ ပစ်မှတ်ထား စစ်ဆေးလာ မော်လမြိုင်၊ စက်တင်ဘာလ ၁၆ မွန်ပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပိတ်ဆို့စစ်ဆေးမှု ပြုလုပ်ရာမှာ လူငယ်တွေကို ပစ်မှတ်ထား စစ်‌ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်လာတယ်လို့ စစ်ဆေးခံခဲ့ရတဲ့ လူငယ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့က အမျိုးသားညီညွှတ်ရေး အစိုးရ NUG က ခုခံတော်လှန်စစ်စတင်ကြောင်း အရေးပေါ်ကြေညာချက်ထုတ်ပြန်ပြီး‌ေနာက် ပိတ်ဆို့စစ်ဆေးတာတွေ ပိုမိုပြုလုပ်လာခဲ့တာ…

စစ်တပ်က ဖမ်းဆီးခဲ့တဲ့ အမျိုးသားတစ်ဦး (၄)ရက်အကြာမှာ သေဆုံးသွားပြီးလို့ မိသားစုကို အကြောင်းကြား

ကျိုက်ထို၊ စက်တင်ဘာ ၁၆ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ပြီးနောက် လေးရက်အကြာမှာ ၄င်းအမျိုးသား သေဆုံးသွားပြီးလို့ မိသားစုဝင်တွေကို စစ်တပ်က အကြောင်းကြားခဲ့ပါတယ်။ အဖမ်းခံရသူဟာ ကျိုက်ထိုမြို့က NLD ပါတီအလုပ်အမှုဆောင်ဖြစ်သူ ဒေါ်သီတာအေး၏ ခင်ပွန်းဖြစ်ပါတယ်။ စက်တင်ဘာလ ၁၂ရက်နေ့မှာ ဒေါ်သီတာအေးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးရာမှာ သူမကို မတွေ့လို့ ခင်ပွန်းဖြစ်သူ ဦးရန်နိုင်ဦးကို ဖမ်းဆီ ခေါ်ဆောင်သွားခဲ့တာပါ။…

အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ကြိုတင်ပြင်ဆင်နေ

မော်လမြိုင် ၊ စက်တင်ဘာ ၁၅ မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း လျော့ကျလာတာကြောင့် အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ မွန်ပြည်နယ် ပညာရေးမှူးရုံး တာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိမှာတော့ ပိတ်ထားတဲ့ ကျောင်းတွေအား သန့်စင်ရေးတွေ ပြုလုပ်နေပြီး ဆရာ ဆရာမတွေကိုလည်း ကိုဗစ်-၁၉ ကူးစက်ခံရမှု ရှိမရှိကိုလည်း စစ်ဆေးပေးနေတယ်လို့ ဆိုပါတယ်။ ကျောင်းမဖွင့်ခင်မှာတော့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက…

မြစ်ကျိုးကျေးရွာမှ ကျေးရွာသား ၁၁ ဦးကို စစ်ကောင်စီတပ်တွေခေါ်ဆောင်သွား

ဘီးလင်း၊ စက်တင်ဘာ ၁၅ ဘီးလင်းမြို့နယ်၊ မြစ်ကျိုးကျေးရွာမှာ ယာယီအခြေချနေတဲ့ စစ်ကောင်စီတပ်တွေက စက်တင်ဘာလ ၁၄ ရက်နေ့က ကြသောင်းဆိပ်ကျေးရွာဘက် ထွက်ခွာချိန်မှာ ကျေးရွာသား ၁၁ ဦးကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ခေါ်ဆောင်သွားခံရသူများမှာ ကျေးရွာရပ်မိရပ်ဖ ၆ ဦးနဲ့ ထော်လာဂျီယာဉ် ၅ စီး(ယာဉ်မောင်း ၅ ဦး)စုစုပေါင်း ၁၁ ဦးဖြစ်တယ်လို့ သိရပါတယ်။ “ရွာထဲက…

မွန်ပြည်နယ်မှာ ၂ ပတ်အတွင်း ကိုဗစ်လူနာ ၁၇၄၀ ကျော်ထပ်တွေ့၊ သေဆုံးသူ ၁၄၀ ကျော်ရှိ

မော်လမြိုင် စက်တင်ဘာ ၁၅ မွန်ပြည်နယ်မှာ စက်တင်ဘာ ၁ ရက်နေ့မှ ၁၄ ရက်နေ့ထိ ၂ပတ်တာကာလအတွင်း ကိုဗစ်အတည်ပြုလူနာ ၁၇၄၂ ဦး ထပ်မံတွေ့ရှိခဲ့သလို သေဆုံး ၁၄၃ ဦးရှိကြောင်း စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ရောဂါပိုး တွေ့ရှိမှုအရ ချောင်းဆုံမြို့နယ်ဟာ ကိုဗစ်လူနာသစ် ၃၈၁ ဦးနဲ့ အများဆုံး ပိုးတွေ့ရှိခဲ့သလို ရေးမြို့နယ်က ကိုဗစ်လူနာ…

Mytel တာဝါတိုင် စောင့်ဖို့ BGF ကို တာဝန်ပေး၊ သူတို့နဲ့အတူစောင့်ဖို့ တစ်ရက် ရွာသား ၄ ဦး အဓမ္မ ဆင့်ခေါ်

မော်လမြိုင်၊ စက်တင်ဘာ ၁၅ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ထဲမှာရှိတဲ့ Mytel တာဝါတိုင်တွေရဲ့ လုံခြုံရေးအတွက် စစ်ကောင်စီက နယ်ခြားစောင့်တပ် (BGF)တပ်ဖွဲ့ကို တာဝန်‌ေပးထားတယ်လို့ ဒေသခံတွေ သံလွင်တိုင်းမ်ကို ပြောပါတယ်။ လှိုင်းဘွဲမြို့နယ် ဥဒေါင်းနဲ့ နန်းသားအုန်းကျေးရွာမှာရှိတဲ့ စစ်အုပ်စုပိုင် Mytel တာဝါတိုင်တွေ ဖျက်ဆီးမခံရဖို့အတွက်ဆိုပြီး BGF တပ်ဖွဲ့တွေလုံခြုံရေးယူဖို့ စစ်ကောင်စီက ညွန်ကြားထားတာ ဖြစ်ပါတယ်။ Mytel တာဝါတိုင်ကို လုံခြုံရေးယူထားတဲ့…