ကျိုက်ထိုမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂၀ ဦး ထက်မနည်း ထိခိုက်သေဆုံးနိုင်
ကျိုက်ထို၊ ဇွန် ၈ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးမှာ ဇွန် ၇ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦး ထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၃) က ထုတ်ပြန်ပါတယ်။ ပဲခူးတိုင်း ဝေါမြို့နယ်ကနေ ကျိုက်ထိုမြို့နယ်ထဲကို မောင်းနှင်လာတဲ့ ကား ၁၀ စီးပါ စစ်ကောင်စီယာဉ်…