မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား (၁၀၀) ကျော်လွတ်မြောက်ဖို့ NUG ညှိနှိုင်းလုပ်ဆောင်နေ
မော်လမြိုင် – ဩဂုတ်(၁၀) မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်ပြီး အလုပ်လုပ်ကိုင်လို့ဖမ်းဆီးခံလိုက်ရတဲ့ မြန်မာ အလုပ်သမား (၁၁၅) ဦးလွတ်မြောက်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရက မလေးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနကို ဆက်သွယ်လုပ်ဆောင်နေတယ်လို့ NUG သမ္မတရုံးပြောရေးဆို ခွင့်ရှိသူက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဩဂုတ်လ(၉) ရက်နေ့က မလေးရှားနိုင်ငံတာဝန်ရှိသူတွေက တရားမဝင်နေထိုင်သူတွေကို စိစစ် ဖမ်းဆီးတဲ့ စီမံချက်ကြောင့် မြန်မာလူမျိုးအများစုနေထိုင်တဲ့ တိုက်ခန်းတွေမှာ ဖမ်းဆီးခံခဲ့…