ဒီမော့ဆို စစ်ရှောင်စခန်းတွေမှာကလေးငယ်တွေ အရေပြားရောဂါ ကူးစက်ခံနေရ
ဒီမော့ဆို ၊ ဩဂုတ်(၂၈ ) ကရင်နီပြည်နယ် ဒီမော့ဆိုအရှေ့ခြမ်းက စစ်ရှောင်စခန်း(၂)ခုမှာနေထိုင်တဲ့ ကလေးငယ်တွေမှာ အရေပြားရောဂါ ခံစားနေရတယ်လို့ စစ်ရှောင်တွေကို ကုသပေးနေတဲ့ ဆရာဝန်က သံလွင်တိုင်းမ်ကိုပြောပါတယ်။ စစ်ရှောင်စခန်းတွေမှာ ရေမသန့်ရှင်းတာနဲ့ အမိုးအကာတွေ လုံလုံလောက်လောက်မရှိတာတွေ ကြောင့် ကလေးသူငယ်တွေတင်မကပဲ လူကြီးတချို့မှာလည်း အရေပြားရောဂါတွေ ဖြစ်ပွားနေတာပါ။ “အခုတလောကတော့ ဗိုင်းရပ်စ်ပိုးပေါ့နော်။အရေးပြားမှာဖြစ်တာ ဗိုင်းရပ်စ်ရှိတယ်၊ ဘက်တီးရီး ယားရှိတယ်၊ မှိုရောဂါတွေရှိတယ်ပေါ့နော်။ အခုဖြစ်တာကတော့…