အာဏာသိမ်းစစ်ကောင်စီတပ်သား တစ်လအတွင်း ၂၁၅၁ ဦး အထိသေဆုံး
မော်လမြိုင် – ဩဂုတ်(၁၆) အာဏာသိမ်းစစ်ကောင်စီဘက်က ဇူလိုင်လ(၆) ရက်ကနေ့ ဩဂုတ်လ(၆) ရက်နေ့ အထိ သေဆုံးသူ (၂၁၅၁) ဦး အထိရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနက ပြည်သူ့ခုခံ တော်လှန်စစ်ရဲ့ စစ်ရေးသတင်း အချက်အလက်တွေကို ဖော်ပြထားပါတယ်။ စစ်ကောင်စီဟာ မြန်မာပြည်သူတွေအပေါ် မတရားဖမ်းဆီးသတ်ဖြတ် အကြမ်းဖက်လုပ်ရပ်တွေကို နေ့စဉ်ကျူးလွန်လုပ်ဆောင်နေရာ ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်မှုကာကွယ်ပိုင်ခွင့် အရ ပြည်သူ့ခုခံတော်လှန်စစ်ကို မလွဲမရှောင်…