သတင်း

ဂန့်ဂေါမှာ စစ်တပ်က ပြည်သူနှစ်ဦးကို သတ်ဖြတ်ခဲ့တဲ့အပြင် ကျေးရွာကိုလဲ မီးရှို့ဖျက်ဆီး

ဂန့်ဂေါ – ဩဂုတ်(၂၈) မကွေးတိုင်းဂန့်ဂေါမြို့နယ်မောက်ရွာမှာစစ်ကောင်စီက နေအိမ်တွေနဲ့ နှမ်းတင်း(၃၀၀၀) ဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသားနှစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ဩဂုတ်လ(၂၈) ရက်နေ့ မနက်ပိုင်းက ကျေးရွာထဲကို ဝင်လာပြီး ပြည်သူတွေရဲ့ နေအိမ် (၂၄) လုံးကို မီးရှို့ဖျက်ဆီးခဲ့တာပါ။ “တိုက်ပွဲတွေက ဆက်တိုက်ဖြစ်နေတာ။အခြေနေတွေကသေချာမသိရဘူး။ ဒီနေ့မနက်ပိုင်းက မောက်ရွာကိုမီးရှို့ပြီးထွက်သွားကြပြီ။ ခုနေ့လည်ပိုင်းကျ မောက်ရွာနားက မောင်လင်းရွာကို မီးထပ်ရှို့နေတယ်လို့သိရတယ်။”လို့…

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းပြည်သူတွေရဲ့ ခရီးသွားလာခွင့် ပိုမိုကြပ်တည်းလာ

ရန်ကုန် – ဩဂုတ်(၂၈) နိုင်ငံကိုဘက်ပေါင်းစုံကနေ ချွတ်ခြုံကျအောင်လုပ်ဆောင်နေတဲ့အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေထဲမှာ ခရီးသွားကဏ္ဍလည်း အပါအဝင်ဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ လွတ်လပ်စွာ ခရီးသွားလာခွင့်တွေဟာ ကန့်သတ်ခံလာရပါတယ်။ စစ်ကောင်စီဟာ နယ်စပ်မြို့တွေကနေ ပြည်မထဲကို လက်နက်ခဲယမ်းတွေသွင်းယူလာတယ်ဆို တဲ့ စွပ်စွဲချက်နဲ့ လမ်းတလျှောက်စစ်ဆေးရေးဂိတ်တွေချပြီး ခရီးသွားပြည်သူတွေရဲ့ အခြေခံ လူ့အခွင့်အရေးတွေကို ချိုးဖောက်နေတာပါ။ မြန်မာ့မီးရထားကို အားကိုးလို့မရတဲ့ ပြည်သူတွေဟာ အဝေးပြေးယာဉ်လိုင်းတွေကို အားထားပြီး ခရီးသွားလာကြချိန်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့…

စစ်ကောင်စီလက်ထက် နိုင်ငံရေးအကျဉ်းသူတွေ စံချိန်တင် ဖမ်းဆီးခံနေရ

ရန်ကုန် ၊ သြဂုတ် (၂၈) နိုင်ငံတော် အာဏာကို လက်နက်အားကိုးနဲ့ မတရား အာဏာသိမ်းယူခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုလက်ထက်မှာ နိုင်ငံရေးအကျဉ်းသူတွေ စံချိန်တင် ဖမ်းဆီးခံနေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ AAPP ရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့…

စစ်သင်္ဘောဝယ်ယူရေးစီမံကိန်းတွင် သူ၏ မိသားစုများပါဝင်ပတ်သက်ခြင်းမရှိဟု မလေးရှားဝန်ကြီး တစ်ဦးပြောကြားခဲ့

မနီလာ ၊ သြဂုတ် (၂၈) မလေးရှားနိုင်ငံမှာ အငြင်းပွားဖွယ် စစ်သင်္ဘောစီမံကိန်းနှင့် ပတ်သက်တဲ့ ဝေဖန်မှုတွေ မြင့်တက်နေပြီး ဆက်နွှယ်ပတ်သက်နေတယ်လို့ ထင်ကြေးပေးခံရတဲ့ ဝန်ကြီးတစ်ပါးရဲ့ မိသားစုဝင်တွေက မည်သည့်စီးပွားရေးလုပ်ငန်းတွင်မှ ပါဝင်ခြင်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။ စစ်သင်္ဘောစီမံကိန်း (အထူးတာဝန်များ) ဝန်ကြီးဌာနမှ ဝန်ကြီး အက်ဒူ လက်တစ်ဖ် က ၎င်းရဲ့ ဇနီး ဒါမှမဟုတ် ဇနီးများ ပါဝင်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို…