သတင်း

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီး စစ်ကောင်စီထောင်ထားတဲ့ မိုင်း(၇၀)ကျော်ကို ကာကွယ်ရေး တပ်ဖွဲ့တွေသိမ်းဆည်းရမိ

ယင်းမာပင်- ဩဂုတ်(၁၉) လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအနီးမှာ စစ်ကောင်စီထောင်ထားတဲ့ နင်းမိုင်း(၇၈) လုံးကို တော်လှန်ရေးရဲဘော်တွေက သိမ်းဆည်းရမိခဲ့တယ်လို့ မြောက်ယမား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ အဲ့ဒီနင်းမိုင်း(၇၈) လုံးဟာ မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တပ်ခွဲဖြစ်တဲ့ Myanmar ချီဂွေဗားရားအဖွဲ့က ရဲဘော်တွေက သိမ်းဆည်းရမိခဲ့တာပါ။ စစ်ကောင်စီထောင်ထားတဲ့ နင်းမိုင်းတွေကို ရှင်းလင်းချိန်မှာ ထိခိုက်တဲ့သူမရှိပဲ အခုလို ပြည်သူတွေ သွားလာနိုင်တဲ့ နေရာတွေမှာ…