KNU တပ်မဟာ(၂) ခုကို စစ်ကောင်စီတပ်က ကြည်းနဲ့လေ ပေါင်းပြီး အပြင်းအထန် ထိုးစစ်ဆင်နေ
ညောင်လေးပင် ၊ သြဂုတ် (၂၄) ကရင်အမျိုးသားအစည်းအရုံး(KNU) အုပ်ချုပ်နယ်မြေဖြစ်တဲ့ ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နဲ့ ဒူးပလာယာခရိုင် တပ်မဟာ(၆)ထဲမှာ စစ်ကောင်စီတပ်က ကြည်းကြောင်းနဲ့ လေကြောင်း ပေါင်းပြီး အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ ကေအဲန်ယူနဲ့ နယ်မြေဒေသခံတွေဆီကနေ သိရပါတယ်။ ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ မြဝတီ-ဝေါ်လေ ကားလမ်းပေါ်က သုံးထပ်ကွေ့နေရာနဲ့ အနီးဝန်းကျင်မှာ ဒီကနေ့ သြဂုတ် ၂၃…