TLT Tv||- ဒီမော့ဆိုမှာစစ်ရှောင်စခန်းတွေမှာ ကလေးငယ်တွေ အရေပြားရောဂါ ကူးစက်ခံနေရ
https://youtu.be/8IXfZ0Rx6lU
https://youtu.be/8IXfZ0Rx6lU
https://youtu.be/obPEM1S71A8
https://youtu.be/pEJbi1VBNSA
https://youtu.be/Pc38tUHM__o
ဂန့်ဂေါ – ဩဂုတ်(၂၈) မကွေးတိုင်းဂန့်ဂေါမြို့နယ်မောက်ရွာမှာစစ်ကောင်စီက နေအိမ်တွေနဲ့ နှမ်းတင်း(၃၀၀၀) ဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသားနှစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ဩဂုတ်လ(၂၈) ရက်နေ့ မနက်ပိုင်းက ကျေးရွာထဲကို ဝင်လာပြီး ပြည်သူတွေရဲ့ နေအိမ် (၂၄) လုံးကို မီးရှို့ဖျက်ဆီးခဲ့တာပါ။ “တိုက်ပွဲတွေက ဆက်တိုက်ဖြစ်နေတာ။အခြေနေတွေကသေချာမသိရဘူး။ ဒီနေ့မနက်ပိုင်းက မောက်ရွာကိုမီးရှို့ပြီးထွက်သွားကြပြီ။ ခုနေ့လည်ပိုင်းကျ မောက်ရွာနားက မောင်လင်းရွာကို မီးထပ်ရှို့နေတယ်လို့သိရတယ်။”လို့…
ရန်ကုန် – ဩဂုတ်(၂၈) နိုင်ငံကိုဘက်ပေါင်းစုံကနေ ချွတ်ခြုံကျအောင်လုပ်ဆောင်နေတဲ့အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေထဲမှာ ခရီးသွားကဏ္ဍလည်း အပါအဝင်ဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ လွတ်လပ်စွာ ခရီးသွားလာခွင့်တွေဟာ ကန့်သတ်ခံလာရပါတယ်။ စစ်ကောင်စီဟာ နယ်စပ်မြို့တွေကနေ ပြည်မထဲကို လက်နက်ခဲယမ်းတွေသွင်းယူလာတယ်ဆို တဲ့ စွပ်စွဲချက်နဲ့ လမ်းတလျှောက်စစ်ဆေးရေးဂိတ်တွေချပြီး ခရီးသွားပြည်သူတွေရဲ့ အခြေခံ လူ့အခွင့်အရေးတွေကို ချိုးဖောက်နေတာပါ။ မြန်မာ့မီးရထားကို အားကိုးလို့မရတဲ့ ပြည်သူတွေဟာ အဝေးပြေးယာဉ်လိုင်းတွေကို အားထားပြီး ခရီးသွားလာကြချိန်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့…
ရန်ကုန် ၊ သြဂုတ် (၂၈) နိုင်ငံတော် အာဏာကို လက်နက်အားကိုးနဲ့ မတရား အာဏာသိမ်းယူခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုလက်ထက်မှာ နိုင်ငံရေးအကျဉ်းသူတွေ စံချိန်တင် ဖမ်းဆီးခံနေရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ AAPP ရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့…
မနီလာ ၊ သြဂုတ် (၂၈) မလေးရှားနိုင်ငံမှာ အငြင်းပွားဖွယ် စစ်သင်္ဘောစီမံကိန်းနှင့် ပတ်သက်တဲ့ ဝေဖန်မှုတွေ မြင့်တက်နေပြီး ဆက်နွှယ်ပတ်သက်နေတယ်လို့ ထင်ကြေးပေးခံရတဲ့ ဝန်ကြီးတစ်ပါးရဲ့ မိသားစုဝင်တွေက မည်သည့်စီးပွားရေးလုပ်ငန်းတွင်မှ ပါဝင်ခြင်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။ စစ်သင်္ဘောစီမံကိန်း (အထူးတာဝန်များ) ဝန်ကြီးဌာနမှ ဝန်ကြီး အက်ဒူ လက်တစ်ဖ် က ၎င်းရဲ့ ဇနီး ဒါမှမဟုတ် ဇနီးများ ပါဝင်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို…
မော်စကို – ဩဂုတ်(၂၈) ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ထိပ်တန်းမဟာမိတ်တစ်ဦးက ယူကရိန်းက နေတိုးရဲ့ မျှော်လင့် ချက်ကို စွန့်လွှတ်ရင်တောင် ရုရှားက ယူကရိန်းကို စစ်ရေးလှုပ်ရှားမှုတွေ ရပ်တန့်မှာ မဟုတ်ဘူး လို့ ဩဂုတ်လ(၂၆) ရက်နေ့မှာ ပြောပါတယ်။ ယူကရိန်းသမ္မတဇယ်လန်းစကီးနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်ထားတယ်လို့ ရုရှားလုံခြုံရေးကောင် စီရဲ့ လက်ထောက်ဥက္ကဌဖြစ်သူ ဒီမီထရီမက်ဗီဒက်က ပြင်သစ်ရုပ်မြင်သံကြား အင်တာဗျူး တစ်…
ပြုံယမ်း – ဩဂုတ်(၂၈) ကိုဗစ်ကို အောင်နိုင်ပြီလို့ ကြေငြာပြီး နှစ်ပတ်အကြာမှာ မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံ နယ်နိမိတ်အနီးက ပြည်နယ်တစ်ခုမှာ ကိုဗစ်သံသယရှိသူလေးဦး တွေ့ခဲ့တယ်လို့ KCNA မှာဖော်ပြထားပါတယ်။ လက်ရှိအချိန်မှာတော့ သံသယလူနာတွေကို တွေ့ရှိထားတဲ့နေရာကို အသွားအလာကန့်သတ်ထား တယ်လို့ ဆိုထားပါတယ်။ “ဩဂုတ်လ ၂၄ ရက်နေ့တွင် ရယန်ဂန် ပြည်နယ်ရှိယူနစ်တစ်ခုတွင် ပြင်းထန်သောကူးစက်ရောဂါ သံသရလူနာ လေး ဦးအထိ…