သတင်း

“မပြီးဆုံးသေးတဲ့ ၈လေးလုံး(၈၈၈၈)လူထုလွတ်မြောက်ရေးတို့အတူရုန်း”

ယင်းမာပင် – ဩဂုတ်(၈) ဒီနေ့ ဩဂုတ်လ(၈) ရက်နေ့ ညနေပိုင်းက ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်ကော်မတီ ကဦးဆောင်ပြီး “မပြီးဆုံးသေးတဲ့ ရှစ်လေးလုံး(၈၈၈၈) လူထုလွတ်မြောက်ရေးတို့ အတူရုန်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – အောင်ခန့်ဇော်

ရှစ်လေးလုံးလူထုအရေးတော်ပုံ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ကိုဂျင်မီ စာကြည့်တိုက် ဖွင့်ပွဲ မွန်ပြည်ကာကွယ်ရေးတပ် ကျင်းပ

မော်လမြိုင် – ဩဂုတ်(၈) (၃၄) နှစ်မြောက်ရှစ်လေးလုံးလူထုအရေးတော်ပုံ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားနဲ့ ကိုဂျင်မီ စာကြည့်တိုက် ဖွင့်ပွဲကို မွန်ပြည်ကာကွယ်ရေးတပ်(မြောက်ပိုင်းဒေသဦးစီးကော်မတီ) MSDF -NRC စခန်းမှာ ကျင်းပခဲ့ကြပါတယ်။ ဓာတ်ပုံ – MSDF-NRC

KNU ကို လာပစ်တဲ့ လေယာဉ်(၂) စီးကို ပြန်ပစ်ခတ်ခဲ့လို့ (၁) စီး စက်ချို့ယွင်းပြီး အရေးပေါ် ဆင်းသက်ခဲ့ရ

ကျောက်ကြီး – ဩဂုတ်(၈) ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေကိုလာရောက်ပစ်ခတ်ခဲ့တဲ့ လေယာဉ်ကို KNLA တပ်ရင်း(၉) က ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက် စက်ချို့ယွင်းပြီး ကညင်ကျိုးကျေးရွာ စာသင်ကျောင်း ဝန်းအတွင်းကို အမြန်ဆင်းသက်ခဲ့ရတယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ ဩဂုတ်လ(၈) ရက်နေ့ မနက်(၁၀) နာရီကျော်က အာဏာသိမ်းစစ်ကောင်စီက KNU စီမံအုပ်ချုပ် နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ကို လာရောက်ပစ်ခတ်ခဲ့တာပါ။ စစ်ကောင်စီက…