ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေး တိုင်းရင်းသားညီနောင်တွေနဲ့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ CRPH ကတိပြု
မော်လမြိုင် – ဩဂုတ်(၁၀) တောင်တန်းမြေပြန့်မခွဲခြားဘဲ တန်းတူညီမျှရရှိမှု လွတ်လပ်မှုနဲ့ တရားမျှတမှု စတဲ့ ဖက်ဒရယ်စံချိန် စံညွှန်းတွေနဲ့ပြည့်စုံတဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို ကချင်အပါအဝင် ပြည်ထောင်စုတိုင်းရင်းသားညီနောင်တွေနဲ့ အတူ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ ဒီနေ့ ဩဂုတ်လ(၁၀) ရက်နေ့မှာ ကျရောက်တဲ့ (၄၇) နှစ်မြောက် ကချင်အာဇာနည်နေ့ ကို ပေးပို့ခဲ့တဲ့ သဝဏ်လွှာမှာ…