အာဏာသိမ်းမှုကြောင့် မွန်ပြည်နယ်အတွင်းက ဟိုတယ်လုပ်ငန်းတွေ နလံမထူနိုင်တော့တဲ့ အခြေအနေထိ ရောက်လာ
မော်လမြိုင်၊ စက်တင်ဘာ (၁၅) မွန်ပြည်နယ်အတွင်းက ဟိုတယ်လုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် အရှုံးနဲ့ ဆက်လက် ရင်ဆိုင်နေရတာကြောင့် လုပ်ငန်းတွေ နလံပြန်ထူဖို့ မလွယ်ကူတော့တဲ့ အခြေအနေထိ ရောက်ရှိလာတယ်လို့ ဟိုတယ်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဟိုတယ်လုပ်ငန်းတွေဟာ ကိုဗစ်ကပ်ရောဂါ ကန့်သတ်မှုတွေနဲ့အတူ စစ်တပ် အာဏာသိမ်းပြီးနောက် လာရောက် တည်းခိုသူ မရှိသလောက် နည်းပါးလာတာ၊ စစ်ကောင်စီရဲ့ တင်းကြပ်ထားတဲ့ စည်းကမ်းချက်တွေကြောင့်…