နိုင်ငံတကာ

ဆီးရီးယားနိုင်ငံ မြို့တော် အလက်ပိုမြို့ထဲ သူပုန်တွေ တစ်ကျော့ပြန် ထိုးဖောက်ဝင်ရောက်

အမ္မာန်၊ နိုဝင်ဘာ ၃၀ ဆီးရီးယား သမ္မတ ဘာရှာ အယ်လ်အာဆတ်ကို ဆန့်ကျင်တဲ့ သူပုန်တွေဟာ အလက်ပိုမြို့ နှလုံးသည်း ပွတ်နေရာသို့ ရောက်ရှိနေပြီလို့ ပြောဆိုထားချိန်မှာ အာဏာပိုင်တွေက အလက်ပိုမြို့ လေဆိပ်ကို နိုဝင်ဘာ ၃၀ ရက်မှာ ပိတ်လိုက်တဲ့အပြင် အဲဒီမြို့ကို ဆက်သွယ်ထားတဲ့ လမ်းအားလုံးကိုလည်း ပိတ်ထားလိုက်ကြောင်း စစ်ဖက်ဆိုင်ရာ သတင်းရင်းမြစ် သုံးခုက ရိုက်တာ သတင်းဌာန…

အစိုးရဝန်ထမ်း လစာတိုးမြှင့်ရေး အဆိုကို ထိုင်းဝန်ကြီးများအဖွဲ့ အတည်ပြု

ဘန်ကောက်၊ နိုဝင်ဘာ ၃၀ ဘွဲ့ ဒီဂရီတစ်ခုခု ကိုင်ထားသူကို ဘတ် ၁၈၀၀၀ ထက်မနည်းစေရေး၊ အလုပ်အကိုင်ဆိုင်ရာ အသိအမှတ်ပြု လက်မှတ်ရရှိထားသူ တစ်ဦးကို အနည်းဆုံး ဘတ် ၁၁၀၀၀ ပေးရေး အစိုးရဝန်ထမ်းအသစ်တွေအဖြစ် ခေါ်ယူထားသူတွေအတွက် စတင်ရရှိမယ့် လစာပမာဏ ညှိနှိုင်းရေး အဆိုကို ထိုင်းဝန်ကြီးများအဖွဲ့က အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဒီလို လစာနှုန်းထား ပြန်လည်ပြင်ဆင်မှုကြောင့် ဘက်ဂျက်…

ယူကရိန်းရှိ အရေးကြီး ဆုံးဖြတ်ချက်ချရာ နေရာတွေကို ပစ်ခတ် ရှင်းလင်းပစ်မယ်လို့ ပူတင် ခြိမ်းခြောက်

မော်စကို၊ နိုဝင်ဘာ ၂၉ ယူကရိန်းနိုင်ငံရဲ့မြို့တော် ကိဗ်မှာရှိတဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချမှတ်ရာ နေရာတွေကို မိမိတို့ရဲ့ ပဲ့ထိန်း ဒုံးကျည်အသစ် Oreshnik နဲ့ ပစ်ခတ် ရှင်းလင်းပစ်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ခြိမ်းခြောက်လိုက်ပါတယ်။ ရုရှား နယ်မြေထဲကို ယူကရိန်းက အမေရိကန် ထောက်ပံ့ထားတဲ့ Atacms ဒုံးကျည်နဲ့ ဆက်လက် တိုက်ခိုက်နေတဲ့အတွက် လက်တုံ့ပြန်တဲ့အနေနဲ့ ယူကရိန်းရဲ့…

ပြည်နယ်ရွေးကောက်ပွဲ ဝင်မယ့် ဖူထိုင်းပါတီ ကိုယ်စားလှယ်လောင်းတွေကို သက်ဆင် ကူညီမယ်

ဘန်ကောက်၊ နိုဝင်ဘာ ၂၉ အာဏာရ ဖူထိုင်းပါတီ အနေနဲ့ ဥဒွန်သာနီပြည်နယ်မှာ အနိုင်ရခဲ့ပြီးနောက် ဥဘွန်ရတ်ချာသာနီ၊ ချင်းမိုင်နဲ့ ဆီဆာကတ်ပြည်နယ်တို့မှာ ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ PAO ဥက္ကဋ္ဌ ရာထူးအတွက် ရွေးကောက်ပွဲ ဝင်ပြိုင်ကြမယ့် ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေကို ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာက ကူညီပေးသွားမယ်လို့ ပြောပါတယ်။ သက်ဆင်ဟာ ကိုယ်စားလှယ်လောင်းတွေ လျှောက်လွှာ တင်ရမယ့် ပထမဆုံးနေ့…

စုံစမ်းစစ်ဆေးခံနေရတဲ့ ဖိလစ်ပိုင် ဒုသမ္မတ သက်တော်စောင့် အပြောင်းအလဲ ပြုလုပ်

မနီလာ၊ နိုဝင်ဘာ ၂၈ ဖိလစ်ပိုင်သမ္မတ မားကို့စ် ဂျူနီယာအပေါ် ခြိမ်းခြောက်မှုနဲ့ ပတ်သက်လို့ တရားရေးဌာနက စုံစမ်းစစ်ဆေးမှု စတင်ပြီး ရက်ပိုင်းအကြာ ဒုသမ္မတ ဆာရာ ဒူတာတေးရဲ့ သက်တော်စောင့်တွေကို အပြောင်းအလဲ ပြုလုပ်လိုက်တယ်လို့ လုံခြုံရေးဌာနက နိုဝင်ဘာ ၂၇ ရက်မှာ ပြောကြားလိုက်ပါတယ်။ စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရောနှော ပါဝင်တဲ့ ဒုသမ္မတရဲ့ လုံခြုံရေး အဖွဲ့ကို…

ဂျပန်မှာ ဒုံးကျည်တွေ ချထားရင် လက်တုံ့ပြန်မယ်လို့ အမေရိကန်ကို ရုရှား သတိပေး

မော်စကို၊ နိုဝင်ဘာ ၂၈ အမေရိကန်က ဂျပန်မှာ ဒုံးကျည်တွေ ချထားပါက ရုရှားလုံခြုံရေးအတွက် ခြိမ်းခြောက်မှု ဖြစ်လာမှာဖြစ်တာကြောင့် လက်တုံ့ပြန်သွားမယ်လို့ ကရင်မလင်နန်းတော်က သတိပေးလိုက်ပါတယ်။ ဖြစ်လာနိုင်ခြေရှိတဲ့ ထိုင်ဝမ် အရေးပေါ် အခြေအနေအတွက် ဒုံးကျည်တွေ ချထားမှု ပါဝင်မယ့် ပူးတွဲစစ်ရေးအစီအစဉ်ရေးဆွဲရေး အမေရိကန်နဲ့ဂျပန်တို့ ရည်ရွယ်ထားကြောင်း ဂျပန် Kyodo သတင်းဌာနက နိုဝင်ဘာ ၂၄ ရက်မှာ ဖော်ပြခဲ့ပါတယ်။…

အစ္စရေး-ဟစ်ဇဘိုလာ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု စတင်အသက်ဝင်

ဝါရှင်တန်၊ နိုဝင်ဘာ ၂၇ အမေရိကန်နဲ့ ပြင်သစ် ကြားဝင် စေ့စပ်ပေးတဲ့ သဘောတူညီမှုကို အစ္စရေးနဲ့ လက်ဘနွန်ရှိ ဟစ်ဇဘိုလာတို့ နှစ်ဖက်လုံးက လက်ခံခဲ့တာကြောင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုဟာ နိုဝင်ဘာ ၂၇ ရက် စင်ကာပူ စံတော်ချိန် နံနက် ၁၀ နာရီကနေ စတင် အသက်ဝင်လာကြောင်း အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်က ပြောကြားလိုက်ပါတယ်။ ဂါဇာ…

အကျင့်ပျက်ခြစားမှုနဲ့ တရုတ် ကာကွယ်ရေးဝန်ကြီး စစ်ဆေးခံနေရ

ဘေဂျင်း၊ နိုဝင်ဘာ ၂၇ ကျယ်ပြန့်တဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှု တစ်စိတ်တစ်ပိုင်းအနေနဲ့ တရုတ် ကာကွယ်ရေးဝန်ကြီး တုံးကျန်းဟာ စုံစမ်းစစ်ဆေးခံနေရကြောင်း လက်ရှိနဲ့ အရင်အမေရိကန် အရာရှိတွေကို ကိုးကားပြီး Financial Times သတင်းဌာနက နိုဝင်ဘာ ၂၇ ရက်မှာ ဖော်ပြပါတယ်။ အဲဒီသတင်းသာ အတည်ဖြစ်ခဲ့ရင် ဝန်ကြီး တုံးကျန်းဟာ အကျင့်ပျက် ခြစားမှုနဲ့ စုံစမ်း…

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေ လျှောက်ထား

သည်ဟေ့ဂ်၊ နိုဝင်ဘာ ၂၇ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုဝင်ဘာ ၂၇ ရက်မှာ ဦးတိုက် လျှောက်ထားလိုက်ကြောင်း နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး ICC ရှေ့နေ Karim A.A. Khan KC က ပြောကြားလိုက်ပါတယ်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ချ်နိုင်ငံသို့ ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် ထွက်ပြေးသွားခဲ့ရတဲ့ ဖြစ်ရပ်တွေကို…

နယ်စပ်ကနေ ဆုတ်ခွာပေးရေး ထိုင်းစစ်တပ် တောင်းဆိုမှု “ဝ”တပ်ဖွဲ့ ပယ်ချ

ဘန်ကောက်၊ နိုဝင်ဘာ ၂၇ အငြင်းပွားနေတဲ့ နှစ်နိုင်ငံနယ်စပ်တလျှောက်မှာရှိတဲ့ စစ်ဖက်ဆိုင်ရာ အခြေစိုက်စခန်း ၉ ခုကနေ ဆုတ်ခွာပေးဖို့ ထိုင်း တော်ဝင်စစ်တပ်ရဲ့ တောင်းဆိုမှုကို ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ UWSA “ဝ” တပ်ဖွဲ့က နိုဝင်ဘာ ၂၆ ရက်မှာ ပယ်ချလိုက်ပါတယ်။ မိမိတို့ တပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာရေးကိစ္စကို အစိုးရအဆင့် ဆွေးနွေးရမှာ ဖြစ်တယ်လို့ “ဝ”တပ်ဖွဲ့က ပြောကြားထားပါတယ်။ ရှမ်းပြည်နယ်က…