နိုင်ငံတကာ

ကာတာက လက်ဆောင်ပေးတဲ့ သမ္မတထရန့် စီးနင်းမယ့် လေယာဉ်ကို အမေရိကန် လက်ခံရယူ

ဝါရှင်တန်၊ မေ ၂၂ သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အမာခံထောက်ခံသူ တချို့ကတောင် ဝေဖန်ခဲ့တဲ့ ကာတာနိုင်ငံက လက်ဆောင်ပေးတဲ့ Air Force One အဖြစ်သုံးမယ့် လေယာဉ်ကို အမေရိကန်က လက်ခံရယူလိုက်ပြီ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတွေက ပြောကြားလိုက်ပါတယ်။ ဖက်ဒရယ် စည်းကမ်းဥပဒေတွေနဲ့အညီ ကာတာက ပေးတဲ့ Boeing 747 လေယာဉ်ကို ကာကွယ်ရေးဝန်ကြီးဌာနက လက်ခံရယူပြီး…

ရွှေကွန်ချာ ဒုံးကျည် ကာကွယ်ရေးစနစ်ကို ထရန့် မိတ်ဆက်

ဝါရှင်တန်၊ မေ ၂၁ အမေရိကန်က ခေတ်မီနည်းပညာပါဝင်တဲ့ ရွှေကွန်ချာ ဒုံးကျည် စနစ်အတွက် ဒီဇိုင်း တစ်ခုကို ရွေးချယ်လိုက်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ပြောကြားပြီး သူ့ရဲ့ ရာထူး သက်တမ်း အဆုံးသတ်ချိန်မှာ အသုံးပြုနိုင်လိမ့်မယ်လို့ ဖြည့်စွက် ပြောကြား ပါတယ်။ ဇန်နဝါရီက အိမ်ဖြူတော်သို့ ရောက်ရှိလာပြီး ရက်ပိုင်းအကြာမှာ ထရန့်က ပဲ့ထိန်း…

‎လာမယ့် ၅ နှစ်တာအတွက် တရုတ်က WHO ကို ဒေါ်လာ သန်း ၅၀၀ ပေးမယ်

‎ဂျီနီဗာ၊ မေ ၂၁‎‎ထိပ်တန်း အလှူရှင်နိုင်ငံ အမေရိကန်ကို လက်လွှတ်ဆုံးရှုံးရတော့မယ့် အခြေအနေမှာ ရန်ပုံငွေ ပိုမိုရရှိရေး ကြိုးပမ်းနေချိန် မေ ၂၀ ရက်က ကျင်းပခဲ့တဲ့ ကမ္ဘာ့ ကျန်းမာရေး ညီလာခံမှာ တရုတ်က လာမယ့် ၅ နှစ်တာအတွက် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO ကို ကန်ဒေါ်လာ သန်း ၅၀၀ ထပ်ဆောင်း ပေးအပ်သွားမှာ…

အမေဇုန်တောထဲမှာ လုံခြုံရေး အဆင့်မြင့် အကျဉ်းထောင် ဖွင့်လှစ်ဖို့ ပြင်သစ် စီစဉ်

‎စိန့်လောရင့်စ် ဒူမာရိုနီ၊ မေ ၂၀‎‎မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေနဲ့ အစွန်းရောက် အစ္စလာမ်မစ်တွေကို ဖမ်းဆီးထာဖို့ ပြင်သစ် ဂူယာနာ ဒေသမှာ လုံခြုံရေး အဆင့်မြင့် အကျဉ်းထောင် အသစ် တစ်ခု တည်ဆောက်မှာ ဖြစ်ကြောင်း ပြင်သစ် တရားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။‎‎အဲဒီ အကျဉ်းထောင် အသစ်မှာ မူးယစ်ဆေးဝါးရောင်းဝယ်မှု ကွင်းဆက်အတွင်း ပါဝင်တဲ့ ရာဇဝတ်သား အားလုံးကို ဖမ်းဆီးထားမှာ ဖြစ်တယ်လို့…

ဒူတာတေး မိသားစုနဲ့ ပြန်လည် ရင်ကြားစေ့ရေး လမ်းဖွင့်ထားတယ်လို့ ဖိလစ်ပိုင် သမ္မတ ပြော

မနီလာ၊ မေ ၂၀ ပြိုင်ဆိုင်မှု ပြင်းထန်ပြီး အရေးပါတဲ့ လွှတ်တော်ရွေးကောက်ပွဲမှာ ဆက်ဆံရေး အဆင်မပြေ ဖြစ်နေတဲ့ ဒုသမ္မတ ဆာရာ ဒူတာတေးရဲ့ မဟာမိတ်တွေ အလားအလာကောင်းမယ်လို့ မျှော်လင့်ရပြီးတဲ့နောက် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ဒူတာတေး မိသားစုနဲ့ပြန်လည် ရင်ကြားစေ့ရေး လမ်းဖွင့်ထားတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ မေ ၁၉ ရက်က ဖေ့စ်ဘွတ်ခ်…

ဆန်တစ်ခါမှ ဝယ်မစားခဲ့ရဖူးဘူးလို့ ပြောမိတဲ့ ဂျပန် စိုက်ပျိုးရေး ဝန်ကြီး ပြန်တောင်းပန်

တိုကျို၊ မေ ၁၉ ဂျပန်မှာ ပုံမှန်စားသုံးတဲ့ အစားအစာ တစ်ခု ဖြစ်တဲ့ ဆန်ဈေး ခေါင်ခိုက်အောင်မြင့်တက်နေချိန်မှာ ထောက်ခံသူတွေ လက်ဆောင်ပေးတာကြောင့် ဆန်တစ်ခါမှ ဝယ်မစားခဲ့ဖူးဘူးလို့ ပြောဆိုမိလို့ ပြည်သူတွေကို ဒေါသထွက်စေမိခဲ့ပြီးတဲ့နောက် စိုက်ပျိုးမွေးမြူရေးဝန်ကြီး တာကူ အီတိုက ပြန်လည် တောင်းပန်လိုက်ပါတယ်။ မေ ၁၈ ရက်က ပြုလုပ်ခဲ့တဲ့ ပါတီ ရန်ပုံငွေ ရှာဖွေရေး အခမ်းအနားမှာ…

ခြိမ်းခြောက်မှုတွေရှိနေပေမယ့် ယူရေနီယံ ဆက်လက် သန့်စင် ထုတ်လုပ်သွားမယ်လို့ အီရန် ပြော

တီဟီရန်၊ မေ ၁၉ တီဟီရန်ရဲ့ နျူကလီးယား စီမံကိန်းနဲ့ပတ်သက်လို့ လက်ရှိ ဆွေးနွေးမှုတွေ ရှိနေပေမယ့် အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက ကမ္ဘာ့ အင်အားကြီးနိုင်ငံတွေနဲ့ သဘောတူညီမှု ရသည်ဖြစ်စေ မရသည် ဖြစ်စေ ယူရေနီယံ သန့်စင်မှု ဆက်လက် ပြုလုပ်သွားမှာ ဖြစ်တယ်လို့ မေ ၁၈ ရက်မှာ ပြောကြားလိုက်ပါတယ်။ အီရန်ကို နျူကလီးယား…

ယူကရိန်း-ရုရှား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဗာတီကန်မှာ လက်ခံ ကျင်းပပေးမယ်လို့ ပုပ်ရဟန်းမင်းကြီး ကမ်းလှမ်း

ဗာတီကန်စီးတီး မေ ၁၇ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးရေး ရုရှားသမ္မတ ဗလာဒီမာပူတင် လာရောက်ဖို့ ပျက်ကွက်ခဲ့တဲ့ အစ္စတန်ဘူလ် ဆွေးနွေးပွဲ မအောင်မြင်ဖြစ်ခဲ့ပြီးနောက် ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က ယူကရိန်း-ရုရှား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ဗာတီကန် နန်းတော်က လက်ခံ ကျင်းပပေးမယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။ လိုအပ်လို့ရှိရင် ပုပ်ရဟန်းမင်းကြီးက ဗာတီကန်နန်းတော်ကို…

နျူကလီးယား သဘောတူညီမှု ရယူဖို့ ပျက်ကွက်ရင် မကြုံစဖူး တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ အီရန်ကို ထရန့် သတိပေး

ဒိုဟာ၊ မေ ၁၇ အီရန်အနေနဲ့ နျူကလီးယားလက်နက် လုံးဝ မထုတ်လုပ်ရေး ရွေးချယ် ဆုံးဖြတ်ရမှာ ဖြစ်ပြီး မဟုတ်ရင် လူတွေ တစ်ခါမှမမြင်ဖူးတဲ့ တိုက်ခိုက်မှုမျိုးနဲ့ရင်ဆိုင်ရမှာ ဖြစ်ကြောင်း မေ ၁၅ ရက် နံနက်ပိုင်းက ဒိုဟာမြို့မှာ စီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်တဲ့ နံနက်စာစားပွဲအတွင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ပြောလိုက်ပါတယ်။ တီဟီရန်ရဲ့ နျူကလီးယား အဆောက်အအုံတွေကို…

ငလျင်ကြောင့် အထပ်မြင့် အဆောက်အဦ ပြိုကျမှုနဲ့ဆက်စပ်သူတွေကို ထိုင်းတရားရုံး ဖမ်းဝရမ်းထုတ်

ဘန်ကောက်၊ မေ ၁၆ အလုပ်သမား ဒါဇင်နဲ့ချီ သေဆုံးခဲ့တဲ့ ဘန်ကောက်မြို့ရှိ အထပ်မြင့် အဆောက်အဦ တစ်ခု ငလျင်ကြောင့် ပြိုကျမှုနဲ့ ပတ်သက်လို့ ထိုင်းတရားရုံး တစ်ရုံးက လူ ၁၇ ဦးကို မေ ၁၅ ရက်မှာ ဖမ်းဝရမ်း ထုတ်လိုက် ပါတယ်။ အစိုးရ စာရင်းစစ်ရုံး ဖွင့်လှစ်ဖို့ ဆောက်လုပ်နေတဲ့ အထပ် ၃၀…