နိုင်ငံတကာ

ဘာကီနာဖာဆိုမှာ စစ်အာဏာထပ်သိမ်း

ဘာကီနာဖာဆို – အောက်တိုဘာ (၂) ဘာကီနာဖာဆို နိုင်ငံကို ဒါဇင်နဲ့ ချီတဲ့ စစ်သားတွေက ထိန်းချုပ်လိုက်ပြီးတဲ့နောက်မှာ နိုင်ငံပိုင်ရုပ်သံလိုင်းကနေ အာဏာသိမ်း လိုက်ပြီဖြစ်တယ်လို့ ကြေညာခဲ့တဲ့ အတွက် လက်ရှိသမ္မတဟာ အာဏာမှ ဖယ်ရှားခံခဲ့ရပါတယ်။ စစ်အစိုးရ ပြောရေးဆိုခွင့်ရှိသူရဲ့ ထုတ်ပြန်ချက်ထဲမှာ အစ္စလာမ်မစ်အကြမ်းဖက်မှုတွေကို နှိမ်နင်းဖို့ အရှိန်အဟုန်မြှင့် ဆောင်ရွက် နေတဲ့ အနောက်အာဖရိကနိုင်ငံမှာ စစ်ခေါင်းဆောင် အသစ်ပေါ်ထွက်လာပြီလို့ ပါရှိခဲ့တာပါ။…

အင်ဒိုနီးရှားက ဘောလုံးပွဲစဉ်တခုရဲ့ ပဋိပက္ခအတွင်း လူပေါင်း ၁၃၀ နီးပါးသေဆုံးခဲ့ပြီး ၃၀၀ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့

ဂျာကတာ၊ အောက်တိုဘာ ၂ အင်ဒိုနီးရှားနိုင်ငံရဲ့ ဂျာဗားကလပ်အသင်းတွေဖြစ်တဲ့ အာရီမာနဲ့ ပါဆာဘယအသင်းတို့ ဟာ ပြီးခဲဲ့တဲ့ စနေနေ့ညက ကျင်းပတဲ့ အင်ဒိုနီးရှားလိဂ်ဘောလုံးပွဲစဉ်တခုအတွင်း အားပေးသူအချင်းချင်းအကြား ပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက် လူပေါင်း (၁၃၀)ဦးခန့် သေဆုံးခဲ့သလို လူ(၃၀၀)ခန့်ကလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အင်ဒိုနီးရှားကလာတဲ့ သတင်းတွေအရ သိရပါတယ်။ ပွဲပြီးရလဒ်ဖြစ်တဲ့ ၃ ဂိုး ၂ ဂိုးနဲ့ အိမ်ရှင်အသင်းဖြစ်တဲ့ အာရီမာရှုံးနိမ့်အပြီးမှာပဲ ပရိတ်သတ်တွေဟာ…

ဂျပန်နည်းပညာဝန်ကြီးက အင်တာနက်နှေးကွေးမှုတွေကို တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေပြီလို့ ပြော

တိုကျို၊ အောက်တိုဘာ (၁) ဂျပန်နိုင်ငံရဲ့ နည်းပညာဝန်ကြီးက နိုင်ငံရဲ့ အစိုးရရုံးတွေနဲ့ အလုပ်ခွင်တွေမှာ နှေးကွေးနေတဲ့ အွန်လိုင်းဝန်ဆောင်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ စက်တင်ဘာ ၃၀ ရက်က ပြောပါတယ်။ ကာကွယ်ရေး၊ နိုင်ငံခြားရေးနဲ့ COVID-19 ကာကွယ်ဆေးဆိုင်ရာ ဝန်ကြီးဌာနတွေမှာ ထမ်းဆောင်ခဲ့တဲ့ နိုင်ငံရေး ဟဲဗီးဝိတ်တစ်ယောက်ဖြစ်သူ တာရီုကိုနိုဟာ ကမ္ဘာ့တတိယအကြီးဆုံးစီးပွားရေးမှာ အသုံးများဆဲဖြစ်တဲ့ ဖက်စ်စက်တွေ၊ ဖလပ်ဖီဒစ်တွေနဲ့ အခြား…

ကမ္ဘာ့အကောင်ဆုံးကစားသမားဆုကို တိုက်စစ်မှူး ဘန်ဇီမာ ရရှိတဲ့ အမည်စာရင်း ထွက်ပေါ်

မော်လမြိုင်၊ အောက်တိုဘာ၊ (၁)ရက် ၂၀၂၂ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်ဆုံးကစားသမားဆုဖြစ်တဲ့ ဘလွန်းဒီအောဆုကို ပြင်သစ်နဲ့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဘန်ဇီမာ ရရှိတဲ့ အမည်စာရင်းဟာ အောက်တိုဘာ ၁ ရက်နေ့မှာ အွန်လိုင်းကနေ တဆင့်ပေါက်ကြားလာတာ ဖြစ်ပါတယ်။ ပေါက်ကြားလာတဲ့ ဆုရ အမည်စာရင်းမှာ တိုက်စစ်မှူး ဘန်ဇီမာဟာ ရမှတ် ၅၂၁ မှတ်နဲ့ ဆွတ်ခူးရရှိခဲ့တယ်လို့ ဖော်ပြထားသလို ဘန်ဇီမာ…

အင်ဒိုနီးရှားနိုင်ငံမှာ ပထမဆုံး ပြည်တွင်းထုတ် ကိုဗစ်ကာကွယ်ဆေးကို အသုံးပြုဖို့ အတည်ပြု

ဂျာကာတာ၊ အောက်တိုဘာ(၁) အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ် ၁၉ ကာကွယ်ဆေးကို ပြည်တွင်းမှာပင် စမ်းသပ်ထုတ်လုပ်ခဲ့ပြီး အရေးပေါ်အသုံးပြုဖို့ အတည် ပြုထားတယ်လို့ ပြည်သူ့ကျန်းမာရေး အေဂျင်စီက စက်တင်ဘာ (၃၀) ရက်နေ့မှာ ပြောပါတယ်။ ကိုဗစ်ကပ်ဘေးကာလ စတင်ကတည်းက နိုင်ငံပိုင်ကာကွယ်ဆေးတွေကို ထုတ်လုပ်နိုင်ဖို့ အရေးကြီးတယ်လို့ အင်ဒိုနီးရှား နိုင်ငံ က အသားပေး ပြောကြားခဲ့ပြီး အခုအခါမှာတော့ တရုတ်နိုင်ငံထုတ် Sinovac…

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ရဲ့ အနာဂတ်ကို စက်တင်ဘာလ(၃၀) ရက်နေ့မှာ ဆုံးဖြတ်မယ်

ဘန်ကောက် – အောက်တိုဘာ(၁) ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာရဲ့ ရာထူးတာဝန်အတွက် သတ်မှတ်ထားတဲ့ ရှစ်နှစ် သက်တမ်းကို ကျော်လွန်ဖို့ ရှိမရှိ ဆုံးဖြတ်တဲ့ အမှုနဲ့ ပတ်သက်ပြီး ထိုင်းအခြေခံ ဥပဒေတရားရုံး ကစက်တင်ဘာလ(၃၀) ရက်နေ့မှာ စီရင်ချက်ချမှတ်မှာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်မဖြစ်ခင် ၂၀၁၄ ခုနှစ်က အာဏာသိမ်းခဲ့တဲ့ ပရာယွတ်ဟာ ပြီးခဲ့တဲ့ လကစပြီး ရာထူးက နုတ်ထွက်သင့်တယ်ဆိုတဲ့ အတိုက်အခံဖြူထိုင်းပါတီက…

ဆော်လမွန်ကျွန်းနိုင်ငံတွေကို တရုတ်ဝင်ရောက်လာချိန်မှာ အမေရိကန်ပြည်ထောင်စုကလည်း ကောဇောနီခင်းတဲ့ သံတမန်ရေးကို စတင်

ဝါရှင်တန်၊ စက်တင်ဘာ (၃၀) ဒေသအတွင်း တရုတ်လွှမ်းမိုးမှုမြင့်တက်လာတာကို ရင်ဆိုင်နေရချိန်မှာ သမ္မတဂျိုးဘိုင်ဒန်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ ပစိ ဖိတ်ကျွန်းဆွယ်ခေါင်းဆောင်တွေအတွက် ကောဇောနီးခင်းတဲ့ ဆက်ဆံရေးကို ပြောင်းလဲလိုက်ပါတယ်။ ဝါရှင်တန်မှာ ကျင်းပတဲ့ ပထမဦးဆုံး ထိပ်သီးအစည်းအဝေးပွဲမှာ အမေရိကန် ပြည်ထောင်စုအနေနဲ့ အနိမ့်ပိုင်းမှာ တည်ရှိနေ တဲ့ ကျွန်းနိုင်ငံတွေကို ထိခိုက်စေတဲ့ ခြိမ်းခြောက်မှုတွေဖြစ်သော ကပ်ဘေးတွေ၊ ရာသီဥတုပြောင်းလဲခြင်းတွေနဲ့ ပင်လယ်ရေကြောင်း လုံခြုံရေးကနေ ဖြစ်ပေါ်နိုင်တဲ့…

စင်္ကာပူလေကြောင်းလိုင်းရဲ့ လေယာဉ်ပေါ်မှာ ခရီးသည်တစ်ဦးက ဗုံးခွဲတိုက်ခိုက်မယ်လို့ ခြိမ်းခြောက်

စင်္ကာပူ – စက်တင်ဘာ(၃၀) လေယာဉ်အမှုထမ်းတွေကို ကိုယ်ထိလက်ရောက်ကျူးလွန်ပြီး သူ့ရဲ့ လက်ကိုင်အိတ်ထဲမှာ ဗုံး တစ်လုံးပါရှိတယ်ဆိုတဲ့ အသက်(၃၇) နှစ်အရွယ်အမျိုးသားတစ်ဦးကို စင်္ကာပူလေကြောင်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ ဆန်ဖရန်စ္စကိုကနေ စင်္ကာပူကို ပျံသန်းလာတဲ့ SQ33 လေယာဉ်ပေါ်မှာ ဗုံးခြိမ်းခြောက်မှု ဖြစ် ခဲ့တယ်ဆိုတဲ့ အစီရင်ခံစာကို မနက် (၂)နာရီ(၄၀) မိနစ်မှာ ရရှိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။…

ကရာချိမြို့မှာ တရုတ်လူမျိုး ပါကစ္စတန်နိုင်ငံသားတစ်ဦး ပစ်ခတ်ခံရ

ကရာချိ၊ စက်တင်ဘာ (၃၀) ပါကစ္စတန်တောင်ပိုင်း ဆိပ်ကမ်းမြို့ ကရာချိမှာ စက်တင်ဘာ ၂၈ ရက်နေ့က က သွားဘက်ဆိုင်ရာလူနာအဖြစ် ဟန်ဆောင်ထား တဲ့ သေနတ်သမားရဲ့ ပစ်ခတ်မှုကြောင့်တရုတ်လူမျိုး ပါကစ္စတန်နိုင်ငံသားတစ်ဦး သေဆုံးခဲ့ပြီး သေနတ်သမားဟာ အခင်းဖြစ်ပွား ရာနေရာကနေ ထွက်ပြေးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ မြို့တော် ဆာဒါ ရပ်ကွက်မှာ ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုမှာ ဆေးခန်းအတွင်းရောက်ရှိနေတဲ့ တရုတ်စုံတွဲတစ်တွဲ…

လာလီဂါရဲ့ အကောင်းဆုံး ကစားသမား ဆု ၃ ဆုကို ရီးရဲလ်တိုက်စစ်မှူး ဘန်ဇီမာ ဆွတ်ခူးရရှိ

မော်လမြိုင်၊ စက်တင်ဘာ (၂၉) ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာဟာ ပြီးခဲ့တဲ့ ၂၀၂၁- ၂၀၂၂ ဘောလုံးရာသီအတွက် စပိန်လာလီဂါ အကောင်ဆုံး ကစားသမား ကစားသမားဆုအပါအဝင် အကောင်းဆုံးဆု ၃ ဆုကို ဆွတ်ခူးရရှိခဲ့တာပါ။ အသက် ၃၄ နှစ်အရွယ် ပြင်သစ်လက်ရွေးစင် ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရီးရဲလ်ဖက်ဒရစ်အသင်းကို လာလီဂါချန်ပီယံဆုနဲ့ ချန်ပီယံလိဂ်ဖလားတွေ ရယူပေးရာမှာ…