သီရိလင်္ကာမှာ အဆိုးရွားဆုံး အစာရေဆာကပ်ဘေးတစ်ရပ်ဖြစ်ပေါ်လာနိုင်တယ်လို့ ကုလ သတိပေး
ကိုလံဘို – နိုဝင်ဘာ(၁၀) သီရိလင်္ကာနိုင်ငံမှာ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီ လိုအပ်နေတဲ့ ပြည်သူ အရေအတွက်ဟာ ၃.၄ သန်းအထိနှစ်ဆ တိုးမြှင့်သွားခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် တောင်အာရှကျွန်းနိုင်ငံမှာ ပိုမိုဆိုးရွားတဲ့ အစာရေဆာကပ်ဘေးတစ်ရပ်ဖြစ်ပေါ်လာနိုင်တယ်လို့ ကုလသမဂ္ဂ က သတိပေးထားခဲ့တာပါ။ သီရိလင်္ကာနိုင်ငံအတွင်း လုပ်ငန်းလုပ်ကိုင်နေတဲ့ ကုလအေဂျင်စီတွေဟာ အင်္ဂါနေ့ နိုဝင်ဘာ၈ ရက်နေ့ ပူးတွဲကြေငြာချက်တစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။ ဆင်းရဲမွဲတေတဲ့ လူဦးရေလို့ ပြောနိုင်တဲ့ အစာရေဆာ…