နိုင်ငံတကာ

ထိုင်ဝမ်ကာကွယ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို သမ္မတဆိုင်အင်ဝမ်ချီးကျူး

တိုင်ပေ – ဇူလိုင်(၂၇) ထိုင်ဝန်သမ္မတ ဆိုင်အင်ဝမ်ဟာ သူမရဲ့ ရာထူးသက်တမ်းခြောက်နှစ်အတွင်း ဒုတိယအကြိမ် အဖြစ် ရေတပ်စစ်သင်္ဘောပေါ်တက်ရောက်ပြီး နှစ်စဉ်ပြုလုပ်တဲ့ အကြီးမားဆုံးရေတပ်နဲ့ လေတပ် ပူးပေါင်း လေ့ကျင့်မှုတွေကို ကြီးကြပ်ကာ ကျွန်နိုင်ငံကို ကာကွယ်ဖို့ စစ်တပ်ရဲ့ ဆုံးဖြတ်ချက်ကို ချီးကျူးခဲ့ ပါတယ်။ ဒီစစ်ရေးလေ့ကျင်မှုဟာ ကျွန်းကို လေကြောင်းတိုက်ခိုက်မှု လေးကျင့်တဲ့ပုံစံဖြစ်ပြီး တရုတ်နိုင်ငံ ရဲ့ စစ်ရေးဖိအားတွေမြင့်တက်လာချိန်မှာ တိုက်ပွဲအတွက်…

အန္တရာယ်ရှိတဲ့ အစားအသောက်တွေကို Tik Tok အသုံးပြု စျေးကွက်ချဲ့ထွင်းတာတွေ ကာကွယ် သင့်တယ်လို့ ပြော

ဘန်ကောက် – ဇူလိုင်(၂၇) ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်နဲ့ အဖျော်ယမကာတွေကို ရောင်းချတဲ့ ကုမ္ပဏီ တွေဟာ သူတို့ရဲ့ ထုတ်ကုန်တွေကို စျေးကွက်တင်ဖို့နဲ့အရောင်းမြှင့်တင်ဖို့အတွက် Tik Tok အသုံး ပြုသူတွေကို ပစ်မှတ်ထား လာတယ်လို့ BMJ Global Health ဂျာနယ်က သုတေသနပြုလုပ် ထားပါတယ်။ ကလေးငယ်တွေဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို အွန်လိုင်းကနေ…

ဘန်ကောက်မြို့ရှိ BTS Green Line စီးနင်းခကို ဩဂုတ်လမှ စတင်ကောက်ခံမည်ဟု မြို့ တော်ဝန် ချတ်ချာ ပြောကြားခဲ့

ဘန်ကောက် ၊ ဇူလိုင် (၂၆) ဘန်ကောက်မြို့ရှိ တိုးချဲ့ BTS Green Line စီးနင်းသည့် ခရီးသည်များအနေဖြင့် လာမည့်လမှ စတင်ကာ ယာဉ်စီးခ စတင်ပေးဆောင်ရမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ဝန်က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။ မြို့တော်ဝန်ဝန်သည် ဘန်ကောက်မြို့တော်အုပ်ချုပ်ရေး (BMA) ကုမ္ပဏီ Krungthep Thanakom နှင့် Bangkok Mass Transit System (BTSC)…

ဖိလစ်ပိုင်ထိပ်တန်းတက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ပစ်ခတ်မှုဖြစ်ပွားပြီး လူသေဆုံးမှုတွေရှိခဲ့

မနီလာ – ဇူလိုင်(၂၆) ဖိလစ်ပိုင်နိုင်ငံ မြို့တော်ပတ်ဝန်းကျင်က တက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ လူ(၃) ဦးသေဆုံးခဲ့ပြီး နိုင်ငံတောင်ပိုင်းဒေသက မြို့တော်ဝန်ဟောင်းတစ်ဦးပါဝင်ခဲ့ တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုထားပါတယ်။ နိုင်ငံတောင်ပိုင်းက မြို့တော် လာမီတန်ရဲ့ မြို့တော်ဝန်ဟောင်းကို လုပ်ကြံလိုတဲ့အတွက် ဒီပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ရဲအရာရှိတွေက ပြောဆိုထားပါတယ်။ တက္ကသိုလ်လုံခြုံရေးအရာရှိတစ်ဦးလည်း ဒီဖြစ်စဉ်မှာ ပစ်ခတ်ခံခဲ့ရပြီး သံသယ တရားခံကို ကားနဲ့…

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်လာဘီလျံချီတန်ဖိုးရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းထားရ

ရန်ကုန် – ဇူလိုင်(၂၆) မြန်မာနိုင်ငံရဲ့အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေဟာ စစ်တပ်အာဏာသိမ်းပြီး(၁၇) လ ကြာပြီးနောက် မပြီးပြတ်သေးဘဲ အရှေ့တောင်အာရှနိုင်ငံရဲ့ စီးပွားရေးအလားအလာ ရှင်းလင်း ပြတ်သားမှုမရှိမချင်း စီမံကိန်းတွေကို ပြန်လည်စတင်ဖို့ မဖြစ်နိုင်ဘူးလို့ သိရပါတယ်။ ဂျပန်ရင်းနှီးမြှုပ်နှံသူတွေလည်း အပါအဝင်ဖြစ်ပြီး နိုင်ငံခြားခရီးသွားတွေနဲ့ လူလတ်တန်းစား တွေအတွက် အသုံးပြုထားတဲ့ စီးပွားဖြစ်အိမ်ခြံမြေတွေအတွက် အဓိကဝင်ငွေရင်းမြစ်ဖြစ်တဲ့ ဂျပန်ရင်းနှီးမြှုပ်နှံသူတွေ ကျောထောက်နောက်ခံပြုထားတဲ့ စုစုပေါင်းရင်းနှီးမြှုပ်နံမှု ဒေါ်လာ (၁.၃)…

စစ်အာဏာသိမ်းမှုဖြစ်ပွားနေသည့် မြန်မာနိုင်ငံတွင် အမေရိကန်နိုင်ငံသားများဖမ်းဆီးထိန်းသိမ်း ခံခဲ့ရကြောင်း အမေရိကန်သံရုံးမှ ထုတ်ပြန်

ရန်ကုန် ၊ ဇူလိုင် (၂၄) မြန်မာနိုင်ငံတွင် စစ်အစိုးရ အုပ်ချုပ်နေချိန်မှာ အမေရိကန် နိုင်ငံသား တစ်ဦးအား မတရား ဖမ်းဆီး ထိန်းသိမ်း ထားကြောင်း အမေရိကန် သံရုံးမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက AFP သို့ သောကြာ (ဇူလိုင် ၂၂ ရက်) မှာ ပြောကြားခဲ့ပါတယ်။ “မြန်မာနိုင်ငံက အမေရိကန် နိုင်ငံသားတစ်ဦးကို မတရား…

အမေရိကန်လုပ်တိုက်လေယာဉ်တွေကို ယူကရိန်းနိုင်ငံပို့ဖို့ ဆွေးနွေးနေ

ဝါရှင်တန် – ဇူလိုင်(၂၄) ယူကရိန်းနိုင်ငံကို အမေရိကန်လုပ် တိုက်လေယာဉ်တွေစေလွှတ်နိုင်ဖို့ ရှိ၊မရှိနဲ့ ပတ်သက်ပြီး အမေရိကန်က နည်းလမ်းရှာဖွေနေတယ်လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ဇူလိုင်လ(၂၂) ရက်နေ့က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ ဘိုင်ဒင် အစိုးရက ယူကရိန်းကို ဂျက်တိုက်လေယာဉ်တွေပေးအပ်နိုင်ဖို့ ပဏာမ စူးစမ်းလေ့လာမှု တွေပြုလုပ်နေချိန်မှာ ဒီကိစ္စဟာ ချက်ချင်းလုပ်ဆောင်ရမယ့် အရာမဟုတ်ဘူးလို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျွန်က သတင်းထောက်တွေကို ရှင်းလင်းပွဲတစ်ခုမှာ…

ထိုင်းနိုင်ငံဖူးခက်မြို့မှာ ပထမဆုံးမျောက်ကျောက်ကူးစက်ခံရထားတဲ့သူပျောက်ဆုံးနေ

ဖူးခက် – ဇူလိုင်(၂၄) ထိုင်နိုင်ငံမှာ ပထမဦးဆုံးမျောက်ကျောက်ရောဂါကို စမ်းသပ်တွေ့ရှိခဲ့ပြီး ကူးစက်ခံထားရသူမှာ အသက်(၂၇) နှစ်အရွယ်နိုင်ဂျီးရီးယားနိုင်ငံသားဖြစ်ကာ အဲ့ဒီလူနာဟာ အခုချိန်မှာပျောက်ဆုံး နေတယ်လို့ ဖူးခက်ပြည်သူ့ကျန်းမာရေးရုံးက ပြောပါတယ်။ မျောက်ကျောက်ရောဂါလက္ခဏာနဲ့အတူ လူနာတစ်ဦး ပုဂ္ဂလိကဆေးရုံကို ရောက်ရှိလာပြီးနောက် ပြီးခဲ့တဲ့ အပတ်စနေနဲ့တနင်္ဂနွေနေ့မှာ ဖူးခက်မြို့ရဲ့ အကျော်ကြားဆုံးအပန်းဖြေစခန်းမှာ အဲ့ဒီ ရောဂါကူးစက်မှုဖြစ်စဉ်ကို စမ်းသပ်တွေ့ရှိခဲ့တာပါ။ ကျန်းမာရေးအာဏာပိုင်တွေရဲ့ ပြောဆိုချက်တွေအရ လူနာဆီက သွေးနမူနာကို ဆေးရုံက…

ယူကရိန်းနဲ့ ရုရှားတို့ ခဲယဉ်းတဲ့စပါးသဘောတူစာချုပ်ကို တူရကီမှာ လက်မှတ်ရေးထိုးခဲ့

အစ္စတန်ဘူလ် ၊ ဇူလိုင် (၂၃) ယူကရိန်းနဲ့ ရုရှားတို့ဟာ ပင်လယ်နက်စပါးတင်ပို့မှု ပိတ်ဆို့လို့ဖြစ်ပေါ်လာတဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အကြပ်အတည်းကို လျှော့ပါးသက်သာစေဖို့ ရည်ရွယ်ပြီး ခက်ခဲတဲ့ သဘောတူညီချက်တစ်ရပ်ကို သောကြာနေ့မှာ လက်မှတ်ရေးထိုးကြဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အိမ်နီးချင်းနိုင်ငံကို ကျူးကျော်ဝင်ရောက်ပြီးနောက်ပိုင်း စစ်မက် ဖြစ်ပွားနေတဲ့ နှစ်နိုင်ငံကြား ပထမဆုံးသော သဘောတူညီချက်ဟာ ကမ္ဘာ့စားနပ် ရိက္ခာစျေးနုုန် းတွေမြင့်တက်လာတာနဲ့အတူ…

ထိုင်းနိုင်ငံမြောက်ပိုင်းဒေသတွေမှာ ငလျင်လှုပ်ခတ်ခဲ့

ရန်ကုန် – ဇူလိုင်(၂၃) မြန်မာနိုင်ငံကို ဗဟိုပြုပြီး ထိုင်းနိုင်ငံမြောက်ပိုင်းဒေသတွမှာ ပြင်းအား(၅)ထပ်မကျော်တဲ့ လှုပ်ခတ်မှု(၃) ကြိမ်ပါဝင်တဲ့ ငလျင်လှုပ်ခတ်မှုအကြိမ် (၇၀) ကို မြောက်ပိုင်းနဲ့ အထက်ပိုင်း ပြည်နယ်တွေမှာ တစ်ညတည်းလှုပ်ခတ်ခဲ့ပါတယ်။ ချင်းရိုင်းခရိုင် မယ်ဆိုင်ခရိုင် အရှေ့မြောက်ဘက်ကီလိုမီတာ(၈၀) အကွာက မြေမျက်နှာပြင် အောက် လေးကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချ်တာစကေး (၅.၁) နဲ့ ဇူလိုင်လ(၂၁) ရက်နေ့ က…