နိုင်ငံတကာ

မြောက်ကိုရီးယားနိုင်ငံမှာ နျူကလီးယားကင်းစင်ရေး ပံ့ပိုးကူညီပေးမယ်လို့ နန်စီပလိုစီ ကတိပြု

ဆိုလ်း – ဩဂုတ်(၅) အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီနဲ့ သူ့ရဲ့ ဆွေးနွေးဘက် တောင်ကိုရီးယား လွှတ်တော် ဥက္ကဌ တို့ဟာ မြောက်ကိုရီးယားနိုင်ငံကို ပြင်းထန်တဲ့ ဟန့်တားမှုတွေကို ဆက်လက် ထိန်းသိမ်းထားပြီး သူတို့ရဲ့ နျူကလီးယား ကင်းစင်ရေး အောင်မြင်ဖို့ ကတိပြုခဲ့ ကြပါတယ်။ ပလိုစီဟာ တောင်ကိုရီးယားလွှတ်တော်ဥက္ကဌ ကင်ဂျင်ပျိုနဲ့ တွေ့ဆုံပြီးနောက် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပြီး မြောက်ကိုရီးယားရဲ့ တိုးမြင့်လာတဲ့…

အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံတည်ငြိမ်ရေးကြိုးပမ်းအားထုတ်မှုတွေကို ရုရှားနိုင်ငံက ထောက်ခံတယ်လို့ ဆို

နေပြည်တော် – ဩဂုတ်(၄) အကြပ်အတည်းထဲမှာ ကျရောက်နေတဲ့ နိုင်ငံကို တည်ငြိမ်အောင်လုပ်ဆောင်ဖို့ အာဏာသိမ်းစစ် အုပ်စုရဲ့ ကြိုးပမ်းမှုတွေကို ရုရှားနိုင်ငံက ထောက်ခံတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဩဂုတ်လ(၃) ရက်နေ့က မြန်မာထိပ်တန်းဗိုလ်ချုပ်တွေနဲ့ တွေ့ဆုံချိန်ပြောဆိုခဲ့တယ်လို့ ရုရှားနိုင်ငံ ပိုင်မီဒီယာက ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ နှစ်က စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ မငြိမ်မသက်ဖြစ်နေပြီး သဘောထားကွဲလွဲသူတွေကိုနှိမ်နင်းရာမှာ လူပေါင်း (၂၁၀၀) ကျော်သေဆုံးခဲ့တယ်လို့ ဒေသတွင်းလေ့လာစောင့်ကြည့်ရေးအဖွဲ့တခုက…

နန်စီပီလိုစီ ထိုင်ဝမ်က ပြန်လည်ထွက်ခွာပြီးနောက်က် တရုတ်စစ်ရေး လေ့ကျင်ပြင်ဆင်မှုများ ထိုင်ဝမ်ကျွန်းနားသို့ တိုးဖို့ ပြင်ဆင်လာ

ထိုင်ဝမ် ၊ သြဂုတ် (၄) အမေရိကန်လွှတ်တော်ပြော‌ရေးဆိုခွင့်ရှိသူ နန်စီ ပီလိုစီ ထိုင်ဝမ်ကျွန်းမှ ပြန်လည် ထွက်ခွာသွားချိန်မှာတော့ တရုတ်အနေဖြင့် တုံ့ပြန်ဆောင်ရွက်ဖို့ စစ်ရေးပြင်ဆင်မှုများအားလုံးကို ကျွန်းနိုင်ငံရဲ့ ကမ်းခြေနားကို တိုးလာနေပြီဖြစ်ပါတယ်။ သံတမန်ခင်းခရီးစဥ်အတွင်း ပါလီမန်အဖွဲ့ဝင်များနှင့် ထိုင်ဝမ်သမ္မတတို့နှင့် တွေ့ဆုံပြီး နောက်တစ်နေ့ ဖြစ်သည့် ယနေ့ (ဩဂုတ်လ ၃) ရက်နေ့ ညနေခင်းမှာ နန်စီပီလိုစီက ကျွန်းနိုင်ငံမှ ပြန်လည်…

ထိုင်းနိုင်ငံ ရာမ(2) လမ်းမကြီးတနေရာက ပြုပြင်ဆဲ “ဂ”ကွေ့တံတား ပြိုကျ

ဘန်ကောက် – ဩဂုတ်(၃) ထိုင်းနိုင်ငံရာမ(၂) လမ်းမကြီးတစ်နေရာက “ဂ” ကွေ့ တံတား တစ်စင်း ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ(၃၁) ရက်နေ့က ပြိုကျခဲ့တဲ့အတွက် ဘန်ကောက်မြို့ကို ဦးတည်သွားလာနေတဲ့ ယာဉ်အများအပြား ပျက်ဆီးခဲ့ပါတယ်။ အခင်းဖြစ်ပွားရောနေရာကို သက်ဆိုင်ရာ ရဲအရာရှိတွေ သွားရောက်ခဲ့ချိန်မှာ လူတစ်ဦး သေဆုံးခဲ့ ပြီး လူအများအပြား ဒဏ်ရာရရှိခဲ့တာပါ။ ဒါ့အပြင် အိမ်စီးမော်တော်ကား တစ်စင်းပေါ်ကို…

‘နျူကလီးယား ပပျောက်ခြင်းမှ ဝေးကွာခြင်း’ သည် လူသားမျိုးနွယ်အပေါ် မှားယွင်းသော တွက်ချက်မှုတစ်ခုဟု ကုလအကြီးအကဲ သတိပေး

နယူးယောက် ၊ သြဂုတ် (၃) ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က ကမ္ဘာကြီးဟာ စစ်အေးတိုက်ပွဲမြင့်တက်လာပြီးကတည်းက မတွေ့မမြင်ရတဲ့ နျူကလီးယား အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး နျူကလီးယား ပပျောက်ခြင်းဟာ လွဲမှားတဲ့ တွက်ချက်မှုတစ်ခုပဲဖြစ်တယ်လို့ တနင်္လာနေ့မှာ သတိပေး ပြောဆိုလိုက်ပါတယ်။ “ကျွန်တော်တို့ အခုအချိန်အထိ ထူးထူးခြားခြား ကံကောင်းနေပါတယ်၊ ဒါပေမယ့် ကံကောင်းခြင်းက ဗျူဟာမဟုတ်သလို ပထဝီဝင်နိုင်ငံရေး တင်းမာမှုတွေကနေ…