နိုင်ငံတကာ

ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်းကို ရင်ဆိုင်နေရပြီလို့ IEA အကြီးအကဲဆို

စင်္ကာပူ၊ အောက်တိုဘာ (၂၅) ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ သဘာဝဓာတ်ငွေ့ရည် (LNG) ဈေးကွက်တွေကို တင်းကျပ်ခြင်းနဲ့ ရေနံထုတ်လုပ်သူတွေ ရဲ့ ထောက်ပံ့မှုတွေကို ဖြတ်တောက်လိုက်ခြင်းကြောင့် “ပထမဆုံး ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်း” ဖြစ်ပေါ်စေနိုင်တယ်လို့ နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) အကြီးအကဲက ပြောကြားလိုက်ပါတယ်။ ယူကရိန်းစစ်ပွဲကြောင့် ဥရောပကို LNG ဓာတ်ငွေ့ရည်တင်သွင်းမှု မြင့်တက်လာခြင်းနဲ့ တရုတ် လောင်စာဆီ ဝယ်လိုအားတက်လာနိုင်ချေ အလားအလာ…

အင်ဒိုနီးရှား ခရီးသည်တင်သင်္ဘော မီးလောင်မှု လူပေါင်း ၁၃ဦးသေဆုံး

ဂျာကာတာ၊ အောက်တိုဘာ (၂၆) အင်ဒိုနီးရှားနိုင်ငံရဲ့ အရှေ့ပိုင်းမှာ လူဦးရေ ရာချီ တင်ဆောင်လာတဲ့ သင်္ဘောတစ်စီးဟာ မီးလောင်မှုဖြစ်ပွား ခဲ့ တာကြောင့် အနည်းဆုံး လူ၁၃ ဦးသေဆုံးခဲ့တယ်လို့ ပို့ဆောင်ရေး အာဏာပိုင်တွေက ပြောပါတယ်။ အရှေ့ဘက် နူဆာတန်ဂါရာ ခရိုင်ဒေသန္တရရှိ တီမောကျွန်း ကမ်းလွန်မှာ (KM Express Cantika 77) ကေအမ် အိတ်စ်ပရက်စ်ကန်တီကာ သင်္ဘောအမှတ်…

တရုတ်မှာ အလုပ်လုပ်ခဲ့တဲ့ အမေရိကန် စစ်ဘက်လေယာဉ်မှူးဟောင်း ဩစတြေးလျမှာ ဖမ်းခံ ထားရ

ကန်ဘာရာ – အောက်တိုဘာ(၂၆) တရုတ်နိုင်င့မှာ အလုပ်လုပ်ခဲ့တဲ့ အမေရိကန် စစ်ဘက်လေယာဉ်မှူးနဲ့ လေယာဉ်နည်းပြဟောင်း ဖြစ်သူဟာ ဩစတြေးလျမှာ ဖမ်းဆီးခံခဲ့ရပြီး အမေရိကန်ကို တရားခံလွှဲပြောင်းရေးနဲ့ ရင်ဆိုင် နေရတယ်လို့ ဩစတြေးလျတရားရုံးစာရွက်စာတမ်းနဲ့ ကုမ္ပဏီမှတ်တမ်းဖော်ပြချက်တွေအရ သိရပါတယ်။ ဩစတြေးလျဖက်ဒရယ်ရဲတပ်ဖွဲ့က နယူးဆောက်ဝေးပြည်နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၁) ရက်နေ့က အသက်(၅၄) နှစ်အရွယ် ဒန်နီရယ်အက်မန်ဒူဂန်ကို ဖမ်းဆီးခဲ့ပြီး အဲ့ဒီနေ့မှာပဲ တရားရုံးမှာ…

ဂျူဗင်တပ်စ်အသင်း ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရ

မော်လမြိုင်၊ အောက်တိုဘာ ၂၆ အီတလီစီးရီးအေနာမည်ကြီး ကလပ်အသင်း ဂျူဗင်တပ်စ်အသင်းဟာ ဒီကနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် (၅)မှာ ပေါ်တူဂီကလပ်အသင်း ဘင်ဖီကာအသင်းကို ရှုံးနိမ့်သွားတဲ့အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်း နည်းပြ အယ်လီဂရီဟာ ဒီပွဲမှာ အနိုင်ရဖို့အတွက် အဓိက ကစားသမား အများစုနဲ့ ဘင်ဖီကာအသင်းကို ယှဉ်ပြိုင်ခဲ့ပေမယ့် ပွဲအပြီးမှာတော့…

အိန္ဒိယ သွေးနှော မစ္စတာ ရီရှီဆူနက် ယူကေ ဝန်ကြီးချုပ်ဖြစ်လာဖို့ ရေပန်းစားနေ

လန်ဒန်၊ အောက်တိုဘာ (၂၅) ယူကေဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အနေနဲ့ နိုင်ငံရေးလောကထဲ တကျော့ပြန်လာမှုကို စွန့်လွှတ်ဖို့ ဆုံးဖြတ် လိုက်ပြီးတဲ့နောက်မှာပဲ ဗြိတိန် ကွန်ဆာဗေးတစ်(ပါတီဝင်) ရီရှိ ဆူနက် Rishi Sunak ဟာ ဝန်ကြီးချုပ်ဖြစ်လာဖို့ အတွက် ရေပန်းစားနေပါတယ်။ သူသာ ဝန်ကြီးချုပ်ဖြစ်လာပါက နိုင်ငံရဲ့ ပထမဆုံး အိန္ဒိယသွေးနှော ခေါင်းဆောင် ဖြစ်လာဖို့ရှိနေတာပါ။ ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဟာ အောက်တိုဘာ…

တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေရှိနေတဲ့ ထိုင်ဝမ်ကစွမ်းအင်သိုလှောင်မှုတွေ မြှင့်တင်မယ်လို့ဆို

တိုင်ပေ၊ အောက်တိုဘာ (၂၅) ထိုင်ဝမ်ဟာ တရုတ်ရဲ့ စစ်ရေးဖိအားအကျပ်အတည်းတွေကြားထဲက စွမ်းအင်သိုလှောင်မှု တိုးမြှင့်ဖို့ လုပ်ဆောင်နေပါတယ်။ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီရဲ့ ထိုင်ဝမ် ခရီးစဉ်အပြီး သြဂုတ်လမှာ တရုတ် နိုင်ငံဟာ ထိုင်ဝမ်ကိုခြိမ်းခြောက်မှုတွေလုပ်ဆောင်နေတဲ့အတွက် စိုးရိမ်မှုတွေမြင့်တက်နေတာပါ။ ထိုင်ဝမ်လက်ထောက် စီးပွားရေးဝန်ကြီးတစ်ဦးဖြစ်တဲ့ ဆန်ဝမ်ရှန်းက အစိုးရအနေနဲ့ သဘာဝ ဓာတ်ငွေ့နဲ့ကျောက်မီးသွေး သိုလှောင်မှုတွေကို အရှိန်မြှင့်ဖို့လုပ်ဆောင်နေပြီး အဲဒီအခြေအနေဟာ ထိုင်ဝမ်သမ္မတရဲ့ အရေးပေါ်အခြေအနေ…

ခါဆင်မြို့က လူတွေ အသက်မသေချင်ရင် ထွက်သွားကြဖို့ ရုရှား ပြော

ခါဆင် – အောက်တိုဘာ(၂၅) ယူကရိန်း တန်ပြန်ထိုးစစ်က လွတ်မြောက်ဖို့ ထွက်ခွာလာတဲ့ ဒေသခံတွေကို ရုရှားသိမ်းပိုက်ထား တဲ့ ယူကရိန်းနိုင်ငံပိုင် ခါဆင်မြို့ကနေသူတို့ရဲ့အသက်အန္တရာယ်အတွက် ထွက်ခွာသွားကြဖို့ ရုရှား ကပြောခဲ့ပါတယ်။ Dnipro မြစ်အနောက်ဘက်ကမ်းမှာ နေထိုင်တဲ့ လူပေါင်း(၆) သောင်းကို တောင်ပိုင်းဒေက ရုရှားရဲ့ ကိုယ်စားလှယ်တွေက ကယ်ထုတ်ဖို့ ကြိုးပမ်းနေကြတယ်လို့လည်း သိရပါတယ်။ “ယနေ့အခြေအနေက ခက်ခဲပါတယ်၊ ကိုယ့်ရဲ့အသက်ကို ကယ်တင်ဖို့က…

နိုင်ငံရေးလောကထဲ ပြန်လည်အခြေချဖို့ ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင် ပြင်ဆင်နေ

လန်ဒန် – အောက်တိုဘာ(၂၃) ဝန်ကြီးချုပ်ဟောင်းဘောရစ်ဂျွန်ဆင်ဟာ ရာထူးက နုတ်ထွက်ပြီးနောက် နိုင်ငံရေးလောကကို ပြန်လည်ခြေချနိုင်ဖို့ ပြင်ဆင်နေပြီး သူ့ရဲ့ လုပ်ဆောင်နေမှုဟာ နိုင်ငံရေးမငြိမ်မသက်မှုတွေ ပိုမိုဖြစ်ပေါ်လာနိုင်တယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ရာထူးက နုတ်ထွက်ခဲ့တဲ့ ဝန်ကြီးချုပ် လစ်ထရက်စ်နေရာမှာ အစားထိုးမယ့် အလားအလာရှိနေတဲ့ ကိုယ်စားလှယ်ဟောင်းတွေအနေနဲ့ အောက်တိုဘာလ(၂၄) ရက်နေ့မှာ နောက်ဆုံး အမည်စာရင်းတင်သွင်းရမှာဖြစ်တဲ့အတွက် စည်းရုံးမှုတွေလုပ်ဆောင်နေပြီ ဖြစ်တယ် လို့…

အာဖဂန်မြို့တော်က စီးနင်းမှုတစ်ခုမှာ ISအဖွဲ့ဝင် (၆) ဦးကို တာလီဘန် တွေသတ်ဖြတ်ခဲ့

ကဘူးလ် – အောက်တိုဘာ(၂၃) အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်မှာ အောက်တိုဘာလ (၂၂) ရက်နေ့ ညက စစ်ဆင်ရေးတစ်ခု မှာတာလီဘန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အိုက်အက်စ်အဖွဲ့ဝင်(၆) ဦးကို သတ်ဖြတ်ခဲ့တယ်လို့ အာဏာရ အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ကြီးမားတဲ့ တိုက်ခိုက်မှု နှစ်ခုမှု IS အဖွဲ့ဝင်တွေ ခိုအောင်းနေတဲ့ နေရာကို စီးနင်းခဲ့တဲ့ မြို့တော်ဗလီဖြစ်ရပ်အပြီး နောက်ထပ်ဖြစ်ရပ်တစ်ခုမှာ…

တရုတ်ကွန်မြူနစ်ပါတီ ကွန်ဂရက်ရဲ့ တတိယသက်တမ်းအတွက် ရှီကျင်းပင်နဲ့ အဆုံးသတ်မယ်

ပေကျင်း – အောက်တိုဘာ(၂၃) တရုတ်နိုင်ငံရဲ့ ငါးနှစ်တာ ကွန်မြူနစ်ပါတီကွန်ဂရက်ဟာ အောက်တိုဘာလ(၂၂) ရက်နေ့မှာ ပြီးဆုံးမှာဖြစ်ပြီး သမ္မတ ရှိီကျင်းဖျင်ဟာ တတိယအကြိမ်အာဏာကို စံချိန်တင်ရရှိနိုင်တယ်လို့ ပြောဆိုမှုတွေရှိနေပါတယ်။ ဘေဂျင်းမြို့ ပြည်သူ့ခန်းမဆောင်မှာ ပိတ်ပွဲအခမ်းအနားကို ပါတီကိုယ်စားလှယ်(၂၃၀၀) နဲ့ သီတင်းတပတ်ကြာ တွေ့ဆုံမှုအပြီးမှာ ကြိုတင်ဆုံးဖြတ်ထားနိုင်ဖွယ်ရှိတဲ့ ပါတီထိပ်ပိုင်းခေါင်း ဆောင် အပြောင်းအလဲတွေကို အတည်ပြုသွားမှာပါ။ ပါတီ အကြီးတန်းအရာရှိအများစုရဲ့ အဖွဲ့ဝင် (၂၀၀​)…