စီးပွားရေး

ရှမ်းမြောက်တိုက်ပွဲတွေကြောင့် တရုတ်-မြန်မာကုန်သွယ်ရေး ပြတ်တောက်

လားရှိုး၊ နိုဝင်ဘာ ၁၂ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ပြတ်တောက်သွားပြီ ဖြစ်ပါတယ်။ ရှမ်းမြောက်ပိုင်းမှာ ၂ ပတ်တာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း လူ ၅ သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောထားပြီး မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ထိုးစစ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအတွက် အကြီးဆုံး စစ်ရေးစိန်ခေါ်မှုဖြစ်နေတာပါ။ တိုက်ပွဲတွေကြောင့် ကုန်သွယ်ရေးလမ်းကြောင်းတွေပိတ်သွားတဲ့အတွက်…

ဗီယက်နမ်ရဲ့ ကမ်းလွန်လေအားလျှပ်စစ် စီမံကိန်း အခက်အခဲကြုံနိုင်

ဟနွိုင်း၊နိုဝင်ဘာ ၁၁ ၂၀၃၀ ခုနှစ်မှာ ပြီးစီးအောင်ဆောင်ရွက်မယ့် ဗီယက်နမ်ရဲ့ ကမ်းလွန်လေအားလျှပ်စစ်ရရှိရေး စီမံကိန်းဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ နိုင်ငံပိုင်စွမ်းအင် ကုမ္ပဏီတစ်ခုမှ ထိပ်တန်း အမှုဆောင်အရာရှိတစ်ဦးက ပြောခဲ့ပါတယ်။ အဲဒီစီမံကိန်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ အတားအဆီးမဖြစ်စေဘဲ ရှင်းလင်းဖို့ လိုအပ်တယ်လို့ ဆိုထားတာပါ။ ဗီယက်နမ်နိုင်ငံဖော်ဆောင်မယ့် ကမ်းလွန်လေအားလျှပ်စစ် စီမံကိန်းကနေ နိုင်ငံ့စီးပွားရေးအတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ ၅၀…

တာလီဘန်တွေသိမ်းပိုက်ပြီးနောက်ပိုင်း အာဖဂန်မှာ ဘိန်းစိုက်ပျိုးမှု ၉၅ ရာခိုင်နှုန်းအထိကျဆင်း

ကာဘူးလ်၊ နိုဝင်ဘာ ၇ အာဖဂန်နစ္စတန်ကို တာလီဘန်တွေသိမ်းပိုက်ပြီးနောက်ပိုင်း ဘိန်းစိုက်ပျိုးမှု ၉၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တာလီဘန်တွေဟာ အာဖဂန်ကိုထိန်းချုပ်ပြီးနောက်ပိုင်း မူးယစ်ဆေးဝါး ထုတ်လုပ်ရေးတွေကို အဆုံးသတ်မယ်လို့ ကြုံးဝါးထားတာပါ။ ကုလသမဂ္ဂရဲ့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုရုံး UNODC ရဲ့ အစီရင်ခံစာအရ အာဖဂန်နိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုဟာ ပြီးခဲ့တဲ့နှစ်က နှစ်သိန်းသုံးသောင်းရှိခဲ့ရာကနေ ဒီနှစ်မှာတော့ တစ်သောင်းသာ…

စစ်ကောင်စီကို အမေရိကန်အပါအဝင်အနောက်အုပ်စု ပိတ်ဆို့အရေးယူမှုထပ်ချ

ဝါရှင်တန်၊နိုဝင်ဘာ ၂ အာဏာသိမ်းစစ်ကောင်စီရဲ့ တစ်ခုတည်းသော နိုင်ငံခြားဝင်ငွေ အများဆုံးရနေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE အပါအဝင် စစ်ကောင်စီ အရာရှိကြီးတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့အရေးယူမှု ထပ်မံချမှတ်လိုက်တယ်လို့ အမေရိကန်အပါအဝင် အနောက်အုပ်စုက ထုတ်ပြန်ပါတယ်။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်နေတဲ့ စစ်အုပ်စုရဲ့ လက်နက်ဝယ်ယူမှုတွေ ကျဆင်းစေဖို့အတွက် ပိတ်ဆို့အရေးယူခဲ့တာဖြစ်တယ်လို့ အသိပေးထားတာပါ။ ဒီပိတ်ဆို့အရေးယူမှုဟာ လာမယ့် ဒီဇင်ဘာ…

အာဆီယံနဲ့ အာရပ်ကမ္ဘာတို့ကြား ကုန်သွယ်မှု ဖန်တီးဖို့ မလေးရှားဝန်ကြီးချုပ် တိုက်တွန်း

ကွာလာလမ်ပူ၊ အောက်တိုဘာ(၂၂) အာရပ်ကမ္ဘာရဲ့ ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်မှုကောင်စီ(GCC)နဲ့ အာဆီယံအဖွဲ့ ဝင်နိုင်ငံတွေအကြား လွတ်လပ်တဲ့ ကုန်သွယ်မှု သဘောတူညီချက်တွေ ဖန်တီးသင့်တယ်လို့ မလေးရှားဝန်ကြီးချုပ်က တိုက်တွန်းပြောကြားခဲ့ပါတယ်။ အာရပ်ကမ္ဘာရဲ့ ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်မှုကောင်စီ (GCC) အတွင်းမှာ အာရပ်ကမ္ဘာရဲ့ နိုင်ငံ ၆ နိုင်ငံဖြစ်တဲ့ ဘာရိန်း၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေးဗီးယားနဲ့ အာရပ်စော်ဘွား များပြည်ထောင်စုတို့ ပါဝင်ပြီး နိုင်ငံရေးနဲ့ စီးပွားရေး…

X ဆိုရှယ်မီဒီယာအသုံးပြုသူတွေကို နှစ်စဉ်ကြေး တစ်ဒေါ်လာ ကောက်ခံမယ်

ဝါရှင်တန် ၊ အောက်တိုဘာ(၁၉) အရင်က Twitter လို့ လူသိများတဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်း X က သာမန်သုံးစွဲမှုတွေအတွက် နှစ်စဉ်ကြေးအဖြစ် တစ်ဒေါ်လာ စမ်းသပ်ကောက်ခံသွားမယ်လို့ အောက်တိုဘာ ၁၇ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ “Not A Bot” လို့ ခေါ်တဲ့ စာရင်းသွင်းမှု ပုံစံအသစ်ဟာ သုံးစွဲသူတွေကို လိုက်ခ်လုပ်တာ၊ ပြန်လည် တင်ပြတာ ဒါမှမဟုတ်…

ဘန်ကောက်မှာ ဘားနဲ့ဘီယာဆိုင်တွေကို မနက် ၄ နာရီအထိ ဖွင့်ခွင့်ပြုမယ်

ဘန်ကောက်၊ အောက်တိုဘာ(၁၇) ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ည‌ဖျော်ဖြေရေးလုပ်ငန်းတွေကို မနက် ၄ နာရီအထိ ဖွင့်လှစ်ခွင့်ပြု ဖို့နဲ့ ပတ်ဝန်းကျင် ဆူညံမှု လျှော့ချနိုင်ရေး ဇုန်နေရာခွဲခြား သတ်မှတ်မယ်လို့ ဘန်ကောက်မြို့ပြ အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာ ၁၆ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ အချို့‌သော ဘီယာဆိုင်တွေနဲ့ ဘားတွေဟာ မနက် ၂ နာရီ ကျော်အထိ တရားမဝင်ဖွင့်လှစ်နေတာ လည်း…

အချမ်းသာဆုံးစာရင်းကနေ ချန်လှပ်ခံရပြီးနောက် ထရန့်က Forbes မဂ္ဂဇင်းကို တောင်းပန်ခိုင်း

ဝါရှင်တန်၊ အောက်တိုဘာ (၁၃) အချမ်းသာဆုံး အမေရိကန်နိုင်ငံသားများစာရင်းကနေ သုံးနှစ်အတွင်း ဒုတိယအကြိမ်မြောက် ချန်လှပ်ခံခဲ့ရပြီးနောက် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်က သူ့ကို ပြန်တောင်းပန်ရ မယ်လို့ Forbes မဂ္ဂဇင်းကို ပြောကြားလိုက်ပါတယ်။ Forbesမဂ္ဂဇင်းအနေနဲ့ သူ့အကြောင်းကို ဖော်ပြရာမှာ မှားယွင်းချက်တွေ အများကြီးပါဝင်နေပြီး အချမ်းသာဆုံး အမေရိကန်နိုင်ငံသားများစာရင်းမှာ မိမိနာမည်ကိုဖော်ပြဖို့ ပျက်ကွက်ခဲ့တဲ့ အတွက် အပြည့်အဝ ပြန်တောင်းပန်ရမယ်လို့ ထရန့်က သူရဲ့လူမှုမီဒီယာမှာ…

ဆန်လိုအပ်ချက်ကို ဦးစားပေးကူညီကြဖို့ အာဆီယံနိုင်ငံတွေ သဘောတူ

ကွာလာလမ်ပူ၊ အောက်တိုဘာ (၁၀) အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြားမှာ ဆန်အပါအဝင်တခြားသော စားနပ်ရိက္ခာပြဿနာတွေ ဖြစ် ပေါ်လာပါက အချင်း ချင်းဦးစားပေး ကူညီကြဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ မလေးရှား နိုင်ငံ ပိုင် သတင်း အေဂျင်စီဘာနားမားက စိုက်ပျိုးရေးဝန်ကြီးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဖော်ပြပါတယ်။ ဘနားမားရဲ့သတင်းအစီရင်ခံမှုအရ အာဆီယံဟာ အခုသီတင်းပတ်အတွင်း ကွာလာလမ်ပူမြို့မှာ အစည်းအဝေး တစ်ရပ်ကျင်းပစဉ် သဘောတူညီမှုရယူနိုင်ခဲ့တာဖြစ်တယ်လို့ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာလုံခြုံရေးဝန်ကြီး…

တရုတ်ဟွာဝေးကိုကူညီနေတဲ့ ထိုင်ဝမ်အခြေစိုက် ကုမ္ပဏီလေးခု စစ်ဆေးခံနေရ

တိုင်ပေ၊ အောက်တိုဘာ(၇) ထိုင်ဝမ်အစိုးရဟာ တရုတ်ရဲ့ Huawei ကုမ္ပဏီနဲ့ ဆက်စပ်မှုရှိတဲ့ ကုမ္ပဏီ ၄ ခုကို စတင်စစ်ဆေး မှုတွေ လုပ်ဆောင်နေပြီး နည်းပညာကဏ္ဍတွေမှာ ပိုမိုတင်းကျပ်တဲ့ ဥပဒေတွေကို ချမှတ်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။ ထိုင်ဝမ် စီးပွားရေးဝန်ကြီးဌာနဟာ တရုတ်နိုင်ငံရဲ့ ကုမ္ပဏီတွေဖြစ်တဲ့ အဲဒီလုပ်ငန်းစု ၄ ခုရဲ့ လုပ်ငန်း ဆောင်ရွက်မှုတွေဟာ အစိုးရထံမှရရှိထားတဲ့ ကနဦးရင်းနှီးမြုပ်နှံမှုခွင့်ပြုချက်နဲ့…