Thanlwintimes

ထားဝယ်မြို့မှာ ဒလန်လို့ လူသိများတဲ့ အမျိုးသမီး တစ်ဦး ပစ်သတ်ခံရ

မော်လမြိုင်၊ စက်တင်ဘာ၊ ၂၁ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့လယ်မှာ မ‌ေန့စက်တင်ဘာ ၂၀ ရက် ညနေ ၄ နာရီခွဲအချိန်ခန့်က အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီအမျိုးသမီးနဲ့အတူ အဖော်တစ်ဦးကို ထားဝယ်မြို့၊ ရွှေတောင်စေတီအနီးရှိ ဒေသထွက်လက်ဆောင်ပစ္စည်းအရောင်းဆိုင်အနားတွင် အမည်မသိလူတစ်စုက သေနတ်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ” သူနဲ့အဖော်တစ်ဦးပါ၊ သေနတ်ပစ်ခံရတာ၊…

အမေရိကန်သို့ ဒုက္ခသည်ဝင်ရောက်မှုကို နှစ်ဆတိုးမြှင့်ထားသည်ဟု သမ္မတ ဘိုင်ဒန်ပြောကြား

ဝါရှင်တန်၊ စက်တက်ဘာ ၂၁ ဘိုင်ဒန်အုပ်ချုပ်ရေးအဖွဲ့သည် အာဖဂန်နစ္စတန်နှင့် အခြားသောနိုင်ငံများမှ ထွက်ပြေးလွတ်မြောက်လာသော လူများကြောင့် မြင့်တက်လာသော ဖိအားများကို ရှောင်ရှားနိုင်ရန် လာမည့်ဘဏ္ဍာနှစ်အတွင်း ဒုက္ခသည်ဦးရေ ၁၂၅၀၀၀ အထိ နှစ်ဆတိုးမြှင့်လက်ခံမည်ဟု တနင်္လာနေ့က ပြောကြားခဲ့သည်။ တစ်နှစ်စီတွင် ဒုက္ခသည်ဦးရေ ထောင်ဂဏန်းအထိလျှော့ချထားခဲ့သည့် သမ္မတ ဒေါ်နယ်ထရမ့်မှ စတင်ခဲ့သော လမ်းကြောင်းကို သမ္မတဂျိုးဘိုင်ဒန်က ပြောင်းလဲသတ်မှတ်လိုက်ပြီ ဖြစ်သည်။ စက်တင်ဘာလ ၃၀…

စစ်ကောင်စီတပ်သား ၂ ဦး KNU တပ်မဟာ(၁)ဆီ ဝင်ရောက်ခိုလှုံ

ဘီးလင်း၊ စက်တင်ဘာ ၂၀ ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာရှိ စစ်ကောင်စီတပ်စခန်းမှ တပ်သား ၂ ဦး စက်တင်ဘာလ ၂၀ ရက်နေ့က KNU တပ်မဟာ(၁)ဘက်သို့ ဝင်ရောက်ခိုလှုံလာကြောင်း သိရပါတယ်။ CDM ပြုလုပ်လာရောက်ခိုလှုံသူ တပ်သား ၂ ဦးမှာ တပ်သား ရန်နောင်ဝင်းနှင့်တပ်သား ဇင်လင်းရန်တို့ နှစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ “ဒီနေ့ပဲ သူတို့ရောက်လာတာဖြစ်တယ်။ သူတို့ကို လုံခြုံတဲ့နေရာမှာ…

တက္ကသိုလ် ကျောင်းသားကျောင်းသူတွေကို စစ်ကောင်စီ ပစ်မှတ်ထား ဖမ်းဆီးနေ

ထားဝယ်၊ စက်တင်ဘာ ၂၀ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ ရေဖြူ ၊ လောင်းလုံ၊ ထားဝယ်မြို့နယ်များအတွင်းရှိ တက္ကသိုလ်ကျောင်းသားကျောင်းသူများကို စစ်ကောင်စီတပ်က စက်တင်ဘာလမှာ ဆက်တိုက်ဖမ်းဆီးမှု ပြုလုပ်နေတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တက္ကသိုလ်ကျောင်းသားကျောင်းသူတွေကို ဖမ်းဆီးရမှာ နေအိမ်ကို တိုက်ရိုက်ရှာဖွေ ဖမ်းဆီးခြင်း၊ လမ်းခရီးများမှ ဖုန်းဆိုင်ကယ်များ စစ်ဆေးမှုပြုလုပ်ကာ ပစ်မှတ်ထား ဖမ်းဆီးနေတာဖြစ်ပါတယ်။ ထိုသို့ ဖမ်းဆီးရာမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပါဝင်ခြင်း၊…

အိန္ဒိယနိုင်ငံမှ ကိုဗစ် ၁၉ ကာကွယ်ဆေးတင်ပို့မှုများကို နောက်သုံးလပတ်မှစတင်၍ ယခင်အတိုင်း ပြန်လည် ဆောင်ရွက်မည်

နယူးဒေလီ၊ စက်တင်ဘာ ၂၀ ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးမျှဝေရေး အစီအစဥ် Covax နှင့် အိမ်နီးချင်းနိုင်ငံများကို ထောက်ပံ့မှုများ မြှင့်တင်ဆောင်ရွက်နိုင်ရန် ဦးစားပေးသည့်အနေဖြင့် အိန္ဒိယနိုင်ငံသည် ကိုဗစ် ၁၉ ကာကွယ်ဆေးများ တင်ပို့ခြင်း နောက်သုံးလပတ်မှ စတင်၍ နဂိုအတိုင်း ပြန်လည် ဆောင်ရွက်မည်ဟု အိန္ဒိယနိုင်ငံကျန်းမာရေးဝန်ကြီး စက်တင်ဘာလ ၂၀ ရက်နေ့ (တနင်္လာနေ့) က ပြောကြားခဲ့သည်။ ကာကွယ်ဆေးထုတ်လုပ်ရာတွင်…

ထောင်နှုတ်ခမ်းနင်း၍ သတင်းစာပို့ခဲ့ကြသူများ (အပိုင်း ၃)

အစိုးရမှ ကိုးလေးလုံး ကိစ္စ သတင်းစာ ရှင်းလင်းပွဲလုပ်သည့်အခါ အဆိုပါ သတင်းစာထုပ်အကြောင်း ပါလာသည်။ နယ်စပ်က ဘယ်လို လုပ်တယ်။ ပြည်ပမှ အဖျက်အမှောင့် အတွက် စာစောင်တွေကို ဖျာထဲ ညှပ်ထည့်ပြီး ဒီလို ပို့သည် စသဖြင့် ဖြစ်၏။ ”ငါ အပ်ထားပြီးပြီ။ ငါ ရှင်းထားပြီးပြီ” ဆိုပြီး ပိုင်သလို ဆိုင်သလို လုပ်သည်။ ဒီကောင်နှင့်…

ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၁)နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲ (၄၅) ကြိမ်ဖြစ်ပွားခဲ့

မော်လမြိုင်၊ စက်တင်ဘာ (၂၀) KNU လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၁)နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား ရက်(၂၀)အတွင်း တိုက်ပွဲ (၄၅) ကြိမ်ဖြစ်ပွားခဲ့တယ်လို့ KNU ဗဟိုက ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ တိုက်ပွဲတွေမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် (၃၅) ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရသူ (၅၀)ကျော် ရှိတယ်လို့ KNU က ဆိုပါတယ်။ ဒါ့အပြင် သံလွင်မြစ်ကမ်းနားက…

ကရင်က စစ်တပ်ထောက်ခံသူတစ်ဦး ပစ်သတ်ခံရ ၊ မသင်္ကါမှုနဲ့ လူငယ်တချို့ကို ဖမ်းဆီးသွား

မော်လမြိုင်၊ စက်တင်ဘာ၊ ၂၀ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့​ပေါ်ရပ်ကွက်တစ်ခုရှိ လမ်းမပေါ်မှာ စက်တင်ဘာ ၁၉ ရက် ညနေ ၆ နာရီခန့်က စစ်တပ်ထောက်ခံသူ ဦးဝဏ္ဏ သေနတ်ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက အတည်ပြောဆိုပါတယ်။ ဦးဝဏ္ဏဟာ ၁၃ မိုင် ဒလန်လို့ ဒေသခံတွေအကြား နာမည်ထွက်နေတဲ့ စစ်တပ်ထောက်ခံသူတစ်ဦးဖြစ်ပြီး ရဲ၊ စစ်သားတွေဆီ သတင်းပုံမှန်ပေးနေသူလို့ ဆိုကြပါတယ်။ ” သူက…

၅၀၅(က) ဖြင့် တရားစွဲခံရသူတွေကို ရဲတပ်ဖွဲ့ဘက်က လုံခြုံရေးမပေးလို့ အမှုမစစ်နိုင်

မော်လမြိုင်၊ စက်တင်ဘာလ ၂၀ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရသူတွေကို ရဲတပ်ဖွဲ့က လုံခြုံရေး မပေးလို့ အမှု စစ်ဆေးနိုင်ခြင်း မရှိဘူးလို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ပြည်သူတွေကို မတရားဖမ်းဆီးချုပ်နှောင်ပြီး နိုင်ငံတော်အကြည်ညိုပျက်စီမှုဆိုတဲ့ ပုဒ်မ…

ပလမြို့မှာ လူငယ်နှစ်ဦးနဲ့ အမျိုးသမီး တစ်ဦးကို စစ်ကောင်စီ အကြောင်းမဲ့ ဖမ်းဆီး

မော်လမြိုင်၊ စက်တင်ဘာ ၂၀ ပုလောမြို့နယ်၊ ပလမြို့မှာ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက ဒေသခံပြည်သူ သုံးဦးကို စက်တင်ဘာလ ၁၉ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ” နေ့လည်ပိုင်းလောက်ပဲ ရှိမယ်၊ ကောင်လေးက ဆိုင်ကယ်မောင်းလာတာ မြို့ဆိုင်းဘုတ်အနားအရောက်မှာ စစ်ကောင်စီတပ်နဲ့ ဆုံတော့ သူ့ကိုလှမ်းတားတယ်၊ ပြီးတော့ သူ့ကို ဖမ်းခေါ်သွားတယ်။ ” ဟု ဒေသခံတစ်ဦးက…