ဘုရားဖူးသွားတဲ့ လူငယ် ၁၂ ဦး ဖမ်းဆီးခံရ
မော်လမြိုင် ၊ စက်တင်ဘာ ၂၁ သံဖြူဇရပ်မြို့နယ်မှာ တော်သလင်းလပြည့်နေ့ မေန့ စက်တင်ဘာလ ၂၀ ရက်နေ့က ကျိုက္ခမီ၊ စက်စဲကို ဘုရားဖူးသွားတဲ့ လူငယ် ၁၂ ဦးကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဖမ်းဆီးခံရသူတွေဟာဆိုရင် မော်လမြိုင်၊ မုဒုံနဲ့ သံဖြူဇရပ်မြို့နယ်တွေကနေ ဘုရားဖူးလာသူတွေ ဖြစ်ပြီး ဖောင်စိန်တိုးဂိတ်နဲ့…