မီးပွိုင့်မှာ CCTV တပ်ပြီး စည်းကမ်းဖောက်ဖျက်ယာဉ်တွေကို စောင့်ကြည့်အရေးယူသွားမည်
မော်လမြိုင် ၊ ဇန်နဝါရီ (၁၂) မော်လမြိုင်မြို့နယ်အတွင်းရှိ မီးပွိုင့်အားလုံးမှာ CCTV ကင်မရာတပ်ဆင်ပြီးပါက မီးနီဖြတ်မောင်းတဲ့ ယာဉ်တွေကို စောင့်ကြည့်ကာ ထိရောက်တဲ့အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ မွန်ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ မွန်ပြည်နယ်မှာတော့ ၂၀၂၀ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု(၈၅၈)မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မတော်တဆမှု အများဆုံး ဖြစ်ပွားခဲ့တာပါ။ အဲ့ဒီထဲမှာတော့ မီးနီဖြတ်မောင်းတဲ့ ယာဉ်တွေ ၊ ဆိုင်ကယ်ဦးထုတ်မဆောင်သူတွေနဲ့…