ကုန်စည်စီးဆင်းမှု ရပ်တန့်လို့ စားသုံးဆီစျေး မြင့်တက်
မော်လမြိုင် ၊ မတ် (၆) တပ်က အာဏာသိမ်းပြီးနောက် ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်ခဲ့လို့ ပြည်တွင်းစျေးကွက်မှာ စားသုံဆီစျေးဟာ ဆက်တိုက် မြင့်တက်လာပါတယ်။ အာဏာသိမ်း စစ်ကောင်စီအပေါ် ဆန္ဒဖော်ထုတ်မှုတွေနဲ့ တန်းပြန် အကြမ်းဖက် ဖြိုခွင်းခံရမှုတွေဟာ မြန်မာနိုင်ငံအတွင်းက ဒေသအနှံ့အပြားမှာ ဖြစ်ပွားနေပါတယ်။ အခုလို အခြေအနေတွေကြောင့် ပြည်ပကုန်စည်တွေ ဝင်ရောက်မှုကလည်း ရပ်တန့်ခဲ့ပြီး ပြည်တွင်းက ကုန်သည်ကြီးတွေကလည်း ပစ္စည်းတွေ ထုတ်မရောင်းဘဲ…