နေပြည်တော်ကလွဲပြီး ကျန်ဒေသတွေ လျှပ်စစ်မီးပိုပြတ်မယ်လို့ စစ်ကောင်စီအသိပေး
နေပြည်တော်၊ ဇန်နဝါရီ ၈ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု လျော့ကျလာတဲ့အတွက် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေကို အချိုးကျစနစ်နဲ့ ဓာတ်အားဖြန့်ဝေပေးသွားမယ်လို့ စစ်ကောင်စီ လျှပ်စစ်စွမ်အားဝန်ကြီးဌာနက ဇန်နဝါရီ ၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လာပါတယ်။ စစ်ကောင်စီကတော့ လျှပ်စစ်ဓာတ်အား တစ်ရက်ပျမ်းမျှထုတ်လုပ်နိုင်မှုရဲ့၅၀ ရာခိုင်နှုန်းဖြစ်တဲ့ ၂၂၀၀ မဂ္ဂါဝပ်သာ ဓာတ်အားထုတ်လုပ်နိုင်တာကြောင့် ဇန်နဝါရီလအတွင်း နိုင်ငံတဝန်းကို လျှပ်စစ် ဓာတ်အား အလှည့်ကျစနစ်နဲ့ ဓာတ်အားဖြန့်ဝေပေးသွားမယ်လို့ အသိပေးလာတာပါ။…