ရေးမြို့မရဲစခန်း ပစ်ခတ်မှုမှာ ပြန်မိတဲ့အချုပ်သားခုနှစ်ဦး ပစ်သတ်ခံရ
ရေး၊ ဖေဖော်ဝါရီ ၆ မွန်ပြည်နယ် ရေးမြို့ရှိ ရေးမြို့မရဲစခန်း ပစ်ခတ်မှုအတွင်း ပြန်လည်ဖမ်းဆီးခံရတဲ့ အချုပ်သား ခုနှစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ မိသားစုဝင်တွေအပါအဝင် ရဲစခန်းနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ရေးမြို့မရဲစခန်းရှိ ဒုရဲအုပ်နိုင်လွင်ဦး ဦးဆောင်တဲ့အဖွဲ့က အချုပ် ခန်းထမင်းပုံး လာပို့ဆောင်စဉ် အချုပ်သားတွေက သေနတ်လုယက် ပစ်ခတ်ထွက်ပြေးမှု ဖြစ်ပွားခဲ့တာပါ။ ဒီပစ်ခတ်မှုအတွင်း…