ပါရီ၊ နိုဝင်ဘာ ၁၈

ရုရှားရဲ့ ဆိုးရွားတဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ ယူကရိန်းရဲ့ စွမ်းရည်ကို အားဖြည့်ပေးမယ့် အဓိက သဘောတူညီချက်အနေနဲ့ ကိဗ်အစိုးရဟာ ပြင်သစ်ထုတ် Rafale တိုက်လေယာဉ် အစီး ၁၀၀ အပြင် အဆင့်မြင့် လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ လက်ခံရရှိမှာ ဖြစ်ပါတယ်။

ပါရီမြို့အနီး လေတပ် အခြေစိုက်စခန်း တစ်ခုမှာ ပြင်သစ်သမ္မတ မက်ကရွမ်နဲ့ သဘောတူညီမှု လက်မှတ်ရေးထိုးပြီးနောက် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အခုလိုသမိုင်းဝင် လုပ်ရပ်ကို ကြိုဆိုခဲ့ပါတယ်။

Rafale F4 အမျိုးအစား တိုက်လေယာဉ်တွေကို ၂၀၃၅ ခုနှစ်မှာ အပြီးပေးပို့သွားမှာ ဖြစ်ပြီး ကြားဖြတ် တားဆီးရေး ဒရုန်းတွေကို အခုနှစ်က စတင်ပြီးတော့ ပူးပေါင်း ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

ဘဏ္ဍာရေးဆိုင်ရာ အသေးစိတ် သတ်မှတ်ချက်တွေကို မစီစဉ်ရသေးပေမယ့် ပြင်သစ်က ရန်ပုံငွေ ထောက်ပံ့ရေး အီးယူကို ဆွဲဆောင်ဖို့နဲ့ သိမ်းဆည်းထားတဲ့ ရုရှား ပိုင်ဆိုင်မှုတွေကိုလည်း ထုတ်သုံးဖို့ စီစဉ်ထားပါတယ်။

ရုရှားပိုင်ဆိုင်မှုတွေကို ထုတ်သုံးမယ့် အငြင်းပွားဖွယ် ကိစ္စနဲ့ ပတ်သက်လို့ အဖွဲ့ဝင် ၂၇ နိုင်ငံ ပါဝင်တဲ့ အီးယူအဖွဲ့အတွင်း သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။

ဒါက လာမယ့်နှစ်က စတင်ပြီး ၁၀ နှစ်ကြာမြင့်မယ့် မဟာဗျူဟာမြောက် သဘောတူညီမှု ဖြစ်တယ်လို့ သမ္မတ ဇီလန်စကီးက နိုဝင်ဘာ ၁၇ ရက် ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ယူကရိန်းအနေနဲ့ အရမ်း အားကောင်းတဲ့ ပြင်သစ် ရေဒါတွေနဲ့ လေကြောင်းရန် ကာကွယ်ရေး စနစ် ၈ ခု အပြင် တခြား အဆင့်မြင့် လက်နက်တွေလည်း ရရှိဦးမှာ ဖြစ်တယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။

အဲဒီလို လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ အသုံးပြုရင် လူတွေရဲ့ အသက်တွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပြီး အရမ်း အရေးကြီးတဲ့ကိစ္စ ဖြစ်တယ်လို့ သမ္မတ ဇီလန်စကီးက ဆိုတာပါ။

ယူကရိန်းရဲ့ စွမ်းအင်နဲ့ ရထားလမ်း အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားပြီး ရုရှားက မကြာသေးခင် လတွေအတွင်း ဒရုန်းတွေ ဒုံးကျည်တွေနဲ့ အရှိန်မြှင့် တိုက်ခိုက်ခဲ့တာကြောင့် ယူကရိန်း နိုင်ငံတဝှမ်း ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။

အဲဒီ တိုက်ခိုက်မှုတွေအတွင်း အရပ်သား အများအပြား သေဆုံးခဲ့ပြီး အနောက်တိုင်းက ရုရှားဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတာ ဖြစ်တယ်လို့ ပြောထားပါတယ်။

ယူကရိန်း အရှေ့မြောက်ပိုင်းရှိ ဘာလက်လီယာမြို့ကို ရုရှားရဲ့ နောက်ဆုံး တိုက်ခိုက်မှု အတွင်း လူ ၃ ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ အရာရှိတွေက ပြောပါတယ်။

ဇီလန်စကီးနဲ့ အတူပြောကြားရာမှာ သမ္မတ မက်ကရွမ်က ယူကရိန်း စစ်တပ် ပြန်လည် အားဖြည့်ဖို့ လိုအပ်တဲ့ Rafale တိုက်လေယာဉ်တွေ ပေးပို့နိုင်ဖို့ မိမိတို့ စီစဉ်နေတယ်လို့ ပြောပါတယ်။

ယူကရိန်းအတွက် နောက်ထပ် ဘယ်လို အန္တရာယ်တွေပဲ လာလာ ကြိုတင်ပြင်ဆင်ထားဖို့ ကူညီပေးချင်တယ်လို့ သမ္မတ မက်ခရွမ်က ဆိုတာပါ။

ယူကရိန်း နယ်စပ်မြို့တွေ တာဝေး လေကြောင်းတိုက်ခိုက်ခံရချိန်မှာ ကာကွယ်ဖို့ အင်အား မရှိသလောက် ဖြစ်နေတာကြောင့် Rafale တိုက်လေယာဉ်တွေဟာ ယူကရိန်း ဝေဟင်ကို ကာကွယ်ဖို့ အရေးပါပါတယ်။

ဒါဟာ ရေရှည် နိုင်ငံရေး သဘောတူညီချက် တစ်ခု ဖြစ်ပေမယ့် ရုရှားရဲ့ ကျူးကျော် တိုက်ခိုက်မှု အရှိန်အဟုန်ကို သိသိသာသာ ပြောင်းလဲသွားစေလိမ့်မယ်လို့ မျှော်လင့်ထားသူ အနည်းငယ်ပဲ ရှိပါတယ်။

အနောက်တိုင်းက ပေးပို့တဲ့ လက်နက်တွေဟာ လေ့ကျင့်ပေးရေး ပို့ဆောင်ရေးတို့နဲ့မှ ပိုပြီး ထိရောက်မှု ရှိတာ ဖြစ်ပါတယ်။

ဂျာမနီထုတ် Leopard 2 သံချပ်ကာကားတွေနဲ့ အမေရိကန်ရဲ့ F-16 တိုက်လေယာဉ်တွေကို သုံးမယ်ဆိုရင် အပြင်းအထန် လေ့ကျင့်မှုတွေ ထောက်ပံ့ရေး ဝန်ထမ်းတွေနဲ့ အပိုပစ္စည်းတွေ အများကြီး လိုအပ်မှာ ဖြစ်ကြောင်း သိရပါတယ်။

Ref: BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.