ဒါကာ၊ နိုဝင်ဘာ ၁၇
ဘင်္ဂလားဒေ့ချ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာအပေါ် တရားသူကြီးအဖွဲ့က သေဒဏ်ချမှတ်လိုက်ချိန် ဒါကာမြို့က တရားရုံးမှာ သြဘာသံတွေ ဆူညံသွားခဲ့ပြီး ဆန္ဒပြပွဲတွေ ဖြစ်ပွားနေတာကြောင့် လုံခြုံရေးတိုးမြှင့်ထားပါတယ်။
ပြီးခဲ့တဲ့နှစ်က ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေကို အဲဒီအချိန်တုန်းက ဝန်ကြီးချုုပ် ဟာဆီနာက အကြမ်းဖက် နှိမ်နှင်းဖို့ ညွှန်ကြားခဲ့ပြီး အဲဒီ နှိမ်နှင်းမှုအတွင်း လူ ၁၄၀၀ ကျော် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

ဟာဆီနာ ရာထူးက ဖြုတ်ချခံရပြီးနောက် သူဟာ အိန္ဒိယသို့ ထွက်ပြေးသွားခဲ့ပြီး မျက်ကွယ်မှာ အမှု စစ်ဆေးနေတာ ဖြစ်ပါတယ်။
ဟာဆီနာက စွဲချက် အားလုံးကို ပယ်ချထားပေမယ့် အစိုးရ ရှေ့နေတွေက သူ့ကို သေဒဏ်ချမှတ်ဖို့ ကြိုးပမ်းနေကြပါတယ်။
သူ့အပေါ် အမိန့်ချရင် နောက်ထပ် ဆန္ဒပြပွဲတွေ ဖြစ်လာနိုင်တာကြောင့် လုံခြုံရေး အထူး တင်းကြပ်ထားပါတယ်။
အစိုးရ အလုပ်အကိုင်တွေကို ခွဲဝေပုံနဲ့ ပတ်သက်လို့ လူငယ်တွေ ဒေါသထွက်ရာကနေ ပြီးခဲတဲ့နှစ်က ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ပါကစ္စတန်ဆီက လွတ်လပ်ရေး ရရှိခဲ့တဲ့ စစ်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့သူတွေရဲ့ မိသားစုဝင်တွေအတွက် အစိုးရ အလုပ်နေရာ ၃၀ ရာခိုင်နှုန်းကို ဖယ်ထားတာကြောင့် လူငယ်ထုကြား အလုပ်လက်မဲ့ ဖြစ်မှု မြင့်တက်နေချိန်မှာ အများပြည်သူ ဒေါသထွက်ခဲ့ကြတာ ဖြစ်ပါတယ်။
ယာယီ အစိုးရ တာဝန်ယူပြီးနောက်မှာတော့ အဲဒီ အချိုးအစားကို သိသိသာသာ လျှော့ချလိုက်ပြီး အခုအချိန်မှာတော့ ၅ ရာခိုင်နှုန်းပဲ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
Ref:BBC

