
သံလွင်တိုင်းမ်ရဲ့ ပရိတ်သတ်များအားလုံး မင်္ဂလာပါ…။
သံလွင်တိုင်းမ် သတင်းမီဒီယာဌာနဆိုတာ မွန်တိုင်းရင်းသားများကို ကိုယ်စားပြုတဲ့ လွတ်လပ်သော တိုင်းရင်းသား သတင်းမီဒီယာဌာန ဖြစ်ပါတယ်။
ဒီနေ့ခေတ်လို အချိန်နဲ့အမျှ အဖက်ဖက်ကနေ ပြောင်းလဲဖြစ်ပေါ်တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ သံလွင်တိုင်းမ်ကနေ တင်ဆက်ပေးနေတဲ့ နေ့စဉ်သတင်း၊ ရုပ်သံသတင်း၊ အင်တာဗျူးနဲ့ အခြားသော ပြည်တွင်းပြည်ပ သတင်းတွေနဲ့ ပတ်သက်ပြီး ပရိတ်သတ်တွေရဲ့ အမြင်သဘောထားတွေကို တန်ဖိုးထား၍ သိလိုပါတယ်။
အဲဒီအတွက် အွန်လိုင်းကနေ ဖြေဆိုလို့ရမယ့် ပရိသတ်အမြင်စစ်တမ်းလေးတခု ပြုလုပ်ထားပါတယ်။ မည်သူမဆို မိုလ်ဘိုင်းဖုန်း၊ ကွန်ပြူတာ၊ တက်ဘလက်တို့ကနေ လွယ်ကူစွာဖြေဆိုနိုင်ပါတယ်။
စစ်တမ်းဖြေဆိုသူ ပရိသတ်များအား ဘယ်သူဘယ်ဝါဆိုတာကို ‘သံလွင်တိုင်းမ်’က မှတ်တမ်းယူမှာ မဟုတ်ပါဘူး။
လွတ်လပ်တဲ့ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကို ပိုမိုဖွံ့ဖြိုးတိုးတက်လာစေပြီး ပရိတ်သတ် လိုအပ်ချက်နဲ့ ပိုမိုကိုက်ညီမယ့်သတင်းတွေကို တင်ဆက်ပေးသွားနိုင်ဖို့အတွက် အချိန် (၃) မိနစ် လောက် ပေးပြီး စစ်တမ်းလေးကို ဖြေဆိုပေးဖို့ အထူး မေတ္တာရပ်ခံပါတယ်…။
အောက်မှာပေးထားတဲ့ လင့်ခ်လေးကို နှိပ်လိုက်ရင် စစ်တမ်းရဲ့ မေးခွန်းလေးတွေကို ဖြေလို့ရပါပြီ..
https://ee.kobotoolbox.org/x/wwambKMoကျေးဇူးတင်ပါတယ်။
သံလွင်တိုင်းမ် (ဆိုခဲစေ၊ မြဲစေ၊ အခြေခံကျကျ သိပါစေ)
