October 31, 2025

မောင်းမကန် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်မကော်ရှင်ဘက်မှ ၁၂ ဦးသေဆုံး

တနင်္သာရီ၊ အောက်တိုဘာ ၃၁ တနင်္သာရီတိုင်းဒေသကြီး ထား၀ယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ မောင်းမကန်နယ်မြေရဲစခန်းသိမ်းတိုက်ပွဲအတွင်း စစ်မကော်ရှင်တပ်ဖွဲ့၀င် ၁၂ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့တယ်လို့​ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။ အဲဒီမောင်းမကန်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက အောက်တိုဘာ ၂၆ ရက်နေ့ မနက် ၅နာရီခွဲအချိန်ခန့်မှာစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၉ နာရီခွဲခန့်မှာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တာပါ။ မောင်မကန်ရဲစခန်းသိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊…

ကျိုက်မရောမြို့နယ် ပျားတောင်ဒေသကို ပြန်လည်ထိန်းချုပ်ဖို့ စစ်တပ် ကြိုးပမ်းလာ

ကျိုက်မရော၊ အောက်တိုဘာ ၃၁ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပျားတောင်ဒေသကို ပြန်လည်ထိန်းချုပ်ဖို့ စစ်ကော်မရှင်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတယ်လို့ ဒေသခံတွေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အင်အား ၂၀၀ လောက်ပါတဲ့ စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာ ၂၆ ရက်နေ့ကစလို့ ပျားတောင်ဒေသဖြစ်တဲ့ ကော့ဒွန်း၊ ကော့ပနော၊ ကော့ဝမ်း၊ ကွမ်ငန်း၊ မယ်ကရိုနဲ့ကတုံစိကျေးရွာတို့ကို စစ်ကြောင်းထိုးဝင်ရောက်လာတာပါ။ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတဲ့အတွက်…

အာဆီယံဥက္ကဋ္ဌအနေနဲ့ မြန်မာနဲ့ ဆက်လက် စေ့စပ်သွားမယ်လို့ ဖိလစ်ပိုင်သမ္မတ မားကို့စ် ပြော

ကွာလာလမ်ပူ၊ အောက်တိုဘာ ၃၁ လာမယ့်နှစ် အာဆီယံဥက္ကဋ္ဌ အဖြစ်တာဝန်ယူမယ့် ဖိလစ်ပိုင်အနေနဲ့ မြန်မာ့ ပြဿနာအတွက် ရေရှည်ဖြေရှင်းချက်နဲ့ ငြိမ်းချမ်းရေး ရှာဖွေဖို့ ကြိုးပမ်းမှုတွေကို ဆက်လက် ကူညီပေးသွားမှာ ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြောပါတယ်။ မြန်မာနိုင်ငံက အခြေအနေဟာ ပျောက်အောင် မလုပ်ရသေးတဲ့ အာဆီယံဘက်ခြမ်းက ဒဏ်ရာ တစ်ခု ဖြစ်တယ်လို့ သမ္မတ…

ထပ်မံ တိုက်ခိုက်ခံရရင် ပြင်းပြင်းထန်ထန် တုံ့ပြန်မယ်လို့ ပါကစ္စတန်က အာဖဂန်နစ္စတန်ကို သတိပေး

အစ္စတန်ဘူလ်၊ အောက်တိုဘာ ၃၁ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ နှစ်နိုင်ငံ ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိရေး ညှိနှိုင်းမှုတွေ မအောင်မြင်ဖြစ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီးဌာနက မိမိတို့မြေပေါ်မှာ စစ်သွေးကြွတွေက အကြမ်းဖက် တိုက်ခိုက်တာ ဒါမှမဟုတ် အသေခံ တိုက်ခိုက်တာ ထပ်ပြီး လုပ်ဆောင်မယ်ဆိုရင် ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ အာဖဂန်နစ္စတန်ကို သတိပေးလိုက်ပါတယ်။ ယခုလ စောစောပိုင်းက အာဖဂန်နစ္စတန်ရှိ…