သရက်ချောင်းမှာ စစ်ကြောင်းက နေအိမ် ၄၀ ကျော် မီးရှို့ဖျက်ဆီး
သရက်ချောင်း၊ အောက်တိုဘာ ၂၈ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဟာ ဒေသခံပြည်သူတွေရဲ့ နေအိမ် ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကနေ သိရပါတယ်။ အင်အား ၁၅၀ နီးပါးပါတဲ့ စစ်ကော်မရှင်စစ်ကြောင်းဟာ အောက်တိုဘာ ၂၀ ရက်နေ့ကစလို့ သရက်ချောင်းမြို့နယ်ထဲက လဘ၊ ဆင်ကျန်း၊ ပိတိုင်အပါအဝင် ကျေးရွာ ၅ ရွာလောက်ကို တပတ်နီးပါး…
