October 24, 2025

ယူကရိန်း စစ်ပွဲအတွင်း သေဆုံးသွားတဲ့ စစ်သားတွေအတွက် မြောက်ကိုရီးယားက အထိမ်းအမှတ် ပြတိုက် ဆောက်လုပ်နေ

ဆိုးလ်၊ အောက်တိုဘာ ၂၄ ယူကရိန်းနဲ့တိုက်ခိုက်နေတဲ့ ရုရှားစစ်ပွဲအတွင်း သေဆုံးသွားတဲ့ စစ်သားတွေအတွက် အထိမ်းအမှတ် အဆောက်အဦ တစ်ခု စတင်တည်ဆောက်နေကြောင်း နိုင်ငံပိုင် မီဒီယာက အောက်တိုဘာ ၂၃ ရက်မှာ ဖော်ပြပါတယ်။ တိုက်ခိုက်ရေး စွမ်းဆောင်မှု အထိမ်းအမှတ်ပြတိုက်ကို မြို့တော် ပြုံယမ်းမှာ တည်ဆောက်သွားမှာ ဖြစ်ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ မြောက်ကိုရီးယားဆိုင်ရာ ရုရှားသံအမတ်ကြီးတို့ အခမ်းအနားတက်ရောက်ခဲ့ကြောင်း KCNA…

ပူတင်ကို မိမိတို့ စောင့်ကြည့်နေတယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီး သတိပေး

လန်ဒန်၊ အောက်တိုဘာ ၂၄ ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဂျွန်ဟာလေက ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို သတင်းစကားတစ်ခု ပေးလိုက်ပြီး ခင်ဗျားတို့ရဲ့ ရေငုပ်သင်္ဘောတွေကို ကျွန်တော်တို့ လိုက်ရှာနေတယ်လို့ ပြောလိုက်ပါတယ်။ ဗြိတိန်ရေပြင်ကို ခြိမ်းခြောက်နေတဲ့ ရုရှားသင်္ဘောတွေ ၃၀ ရာခိုင်နှုန်းအထိ ပိုများလာတယ်လို့ ဝန်ကြီးဟာလေက ပြောပါတယ်။ ဒါဟာ ရုရှားရဲ့ ရန်စမှုတွေ ပိုများလာတဲ့ လက္ခဏာ ဖြစ်ပြီး…

လောင်းလုံးမှာ ဒေသခံ ၅၀ ကျော် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံထားရ

လောင်းလုံး၊ အောက်တိုဘာ၂၃ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဟာ ဒေသခံပြည်သူ ၅၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးထားတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ကစလို့ ရေလမ်းကနေ ကျောက်ဆင်ကျေးရွာထဲ ဝင်ရောက်လာပြီးနောက် သဘော့ဆိပ်၊ကရင်ကြီးနဲ့ ကမ်းပနီကျေးရွာ အနီးပတ်ဝန်းကျင်တွေကို စစ်ကြောင်းထိုးနေတာပါ။…

ပုလောမှာ အုပ်ချုပ်ရေးမှူး တစ်ဦးနဲ့ တပ်သား တစ်ဦး ပစ်သတ်ခံရ

ပုလော၊ အောက်တိုဘာ ၂၄ တနင်္သာရီတိုင်း ပုလောမြို့ အမှတ် ၄ ရပ်ကွက် မူလတန်းကျောင်းအနီးမှာ စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူး တစ်ဦးနဲ့ တပ်သား တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အောက်တိုဘာ ၂၃ ရက်နေ့ မနက် ၈ နာရီအချိန်လောက်မှာ ကျောက်စုဂိတ်ဘက်ကနေ အမှတ် ၄ ရပ်ကွက်…

အနောက်ဖက် ကမ်းခြေဒေသကို ပိုင်နက်ထဲ သွပ်သွင်းရင် အကူအညီတွေ ဆုံးရှုံးသွားနိုင်တယ်လို့ အစ္စရေးကို ထရန့် သတိပေး

ဝါရှင်တန်၊ အောက်တိုဘာ ၂၄ အစ္စရေးအနေနဲ့ သိမ်းပိုက်ထားတဲ့ အနောက်ဖက် ကမ်းခြေဒေသကို သူတို့ ပိုင်နက်ထဲ သွပ်သွင်းခဲ့မယ်ဆိုရင် အမေရိကန်ဆီက ရရှိနေတဲ့ အရေးပါတဲ့ ကူညီထောက်ပံ့မှုတွေ အစ္စရေး လက်လွှတ် ဆုံးရှုံးရလိမ့်မယ်လို့ သမ္မတ ထရန့်က ပြောကြားကြောင်း တိုင်းမ်စ် မဂ္ဂဇင်းရဲ့ အောက်တိုဘာ ၂၃ ရက် ဖော်ပြတဲ့ အင်တာဗျူးမှာ ဖော်ပြထားပါတယ်။ အနောက်ဖက် ကမ်းခြေဒေသကို…

အာဆီယံညီလာခံ တက်မယ့် ထရန့်ကို ကန့်ကွက် ဆန္ဒပြဖို့ စီစဉ်

ဂျိုဟိုးဘာရူး၊ အောက်တိုဘာ ၂၄ ကွာလာလမ်ပူမြို့မှာ ကျင်းပမယ့် အာဆီယံညီလာခံသို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် တက်ရောက်မှုကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေကြောင့် မလေးရှား ဝန်ကြီးချုပ် အန်ဝါ အေဗရာဟင်ရဲ့ ကုန်သွယ်ရေးနဲ့ ဒေသဆိုင်ရာ လုံခြုံရေး အစီအစဉ်တွေကို ထိခိုက်စေဖွယ် မရှိဘူးလို့ လေ့လာသူတွေက ပြောပါတယ်။ အောက်တိုဘာ ၂၆ ရက်ကနေ ၂၈ ရက်အထိ ညီလာခံနဲ့…