ရေးမြို့နယ်က ကျေးရွာသုံးရွာမှာ တိုက်ပွဲဖြစ်ပွားနေ
ရေး၊ အောက်တိုဘာ ၁၂ မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ ကျေးရွာ သုံးရွာမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်း တပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အောက်တိုဘာ ၁၀ ရက်နေ့ မနက်ပိုင်းကစလို့ ရေးမြို့နယ်ရဲ့ စံပြ၊ ကနင်းကမော့နဲ့ အောင်သာယာကျေးရွာဘက်ကို စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ နှစ်ဖက်တိုက်ပွဲတွေကြောင့် ဥယျာဉ်ခြံလုပ်သားတွေ ချက်ချင်းဆိုသလို…