September 2025

ကျိုက်မရောမှာ စစ်တပ်ဒရုန်းနဲ့ဗုံးချမှုကြောင့် ခရီးသွားတစ်ဦးသေဆုံး၊ ၁၀ ဦးကျော် ဒဏ်ရာရ

ကျိုက်မရော၊ စက်တင်ဘာ ၄ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့ဒွန်း-ကော့ပနောကျေးရွာလမ်းဆုံမှာ စစ်ကော်မရှင်တပ် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်မှုကြောင့် ခရီးသွားတစ်ဦး သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသ ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ စစ်ဆေးရေးလုပ်နေတဲ့ ကော့ဒွန်း-ကော့ပနောကျေးရွာလမ်းဆုံကို စက် တင်ဘာ ၂ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်မှာ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးလေးလုံး…

ပူတင်၊ ကင်ဂျုံအန်တို့နဲ့အတူ ရှီကျင့်ဖျင်က အမေရိကန်ကို ဆန့်ကျင်ဖို့ ပူးပေါင်း ကြံစည်နေတယ်လို့ ထရန့် စွပ်စွဲ

ဝါရှင်တန်၊ စက်တင်ဘာ ၃ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ရုရှား၊ မြောက်ကိုရီးယား ခေါင်းဆောင်တို့နဲ့ ပူးပေါင်းပြီး အမေရိကန်ကို ဆန့်ကျင်ဖို့ ကြံစည်နေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က စွပ်စွဲလိုက်ပါတယ်။ တရုတ်ရဲ့စစ်အင်အားကို ထုတ်ဖော်ပြသမှုအနေနဲ့ ဘေဂျင်းမှာ စက်တင်ဘာ ၃ ရက်က ကျင်းပတဲ့ အကြီးမားဆုံး အောင်ပွဲနေ့မှာ တရုတ်ဟာ ကမ္ဘာ့ခေါင်းဆောင်၂၆ ယောက်ကို လက်ခံ တွေ့ဆုံနေချိန်…

ပိုင်ကျုံက KNU စာသင်ကျောင်း အသေခံဒရုန်းနဲ့တိုက်ခိုက်ခံလို့ သုံးဦး ဒဏ်ရာရ

ပိုင်ကျုံ၊ စက်တင်ဘာ ၃ ကရင်ပြည်နယ် ဖားအံခရိုင် ပိုင်ကျုံမြို့နယ်ထဲမှာရှိတဲ့ KNU စာသင်ကျောင်းကို စစ်ကော်မရှင်တပ်က ကာမီကာဇယ်ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းဆရာ ဆရာမတွေနဲ့ ကျောင်းသားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ထားပါတယ်။ စက်တင်ဘာ ၃ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ ပိုင်ကျုံမြို့နယ်အတွင်းမှာရှိတဲ့ KNU လက်အောက်ခံဌာနတစ်ခုဖြစ်တဲ့ ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာန KECD…

တရုတ်ကို တားဆီးလို့ မရဘူးလို့ ရှီကျင့်ဖျင် ကြွေးကြော်

ဘေဂျင်း၊ စက်တင်ဘာ ၃ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကို အနိုင်ရရှိမှု နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၃ ရက်မှာ ကျင်းပတဲ့ စစ်ရေးပြပွဲ မတိုင်ခင် တရုတ် သမ္မတ ရှီကျင့်ဖျင်က မိမိတို့နိုင်ငံကို တားဆီးလို့ မရဘူးလို့ ကြွေးကြော်ပြီး အနိုင်ကျင့်တဲ့ နိုင်ငံတွေကြောင့် ကြောက်ရွံ့နေမှာ မဟုတ်ဘူးလို့ ပြောကြား လိုက်ပါတယ်။ ဧရာမ…

ထားဝယ်မှာ စစ်ကော်မရှင်တပ်သား လေးဦး အရှင်ဖမ်းမိ

ထားဝယ်၊ စက်တင်ဘာ ၃ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသမှာ စစ်ကော်မရှင်တပ်ရဲ့ တပ်သား လေးဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ မနေ့ စက်တင်ဘာ ၂ ရက် မနက် ၇ နာရီခွဲအချိန်ခန့်မှာ ထားဝယ်မြို့ကနေ တက်လာတဲ့ စစ်ကော်မရှင်ရဲ့ ခလရ ၂၈၂ တပ်ရင်းက တပ်ဖွဲ့ဝင် လေးဦးကို KNLA…

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို အကျိုးစီးပွားအတွက် နိုင်ငံတချို့ ထောက်ခံလာနေ

နေပြည်တော် ၊ စက်တင်ဘာ ၃ လာမယ့် ဒီဇင်ဘာနှောင်းပိုင်းမှာ အာဏာသိမ်း စစ်ကော်မရှင်ကနေ ဦးဆောင်ကျင်းပမယ့် အထွေ ထွေရွေး‌ကောက်ပွဲကို အင်အားကြီး နိုင်ငံတွေနဲ့ ဒေသတွင်းနိုင်ငံတချို့က အကျိုးစီးပွားအတွက် ထောက်ခံလာနေပါတယ်။ တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ရဲ့ခရီးစဉ်အတွင်း စက်တင်ဘာ ၁ ရက်နေ့မှာ လာအိုနိုင်ငံရဲ့ သမ္မတ သောင်‌လောင်ဆီဆိုလစ်နဲ့ တီယန်ကျင်းမြို့မှာ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။…

မွန်ပြည်နယ်မှာ စစ်ကော်မရှင် ရွေးကောက်ပွဲကို နိုင်ငံရေးပါတီ ၁၁ ပါတီ ဝင်ပြိုင်မယ်

မော်လမြိုင် ၊ စက်တင်ဘာ ၃ မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်က ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲကို နိုင်ငံရေးပါတီ ၁၁ ပါတီ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဒေသတွင်းမှာတော့ စစ်ကော်မရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲကို ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့် နိုင်ငံရေးပါတီ ၉ ပါတီနဲ့ ပြည်နယ်အတွင်း…

လုံခြုံရေးတင်းကျပ်ထားတဲ့ မုဒုံမြို့မှာ စရဖသတင်းပေးတစ်ဦး ပစ်သတ်ခံရ

မုဒုံ၊ စက်တင်ဘာ ၃ လုံခြုံရေးအထူး တင်းကျပ်ထားတဲ့ မွန်ပြည်နယ် မုဒုံမြို့ ရွှေဟင်္သာဈေးအနီးမှာ စစ်ကော်မရှင်ရဲ့စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ သတင်းပေး တစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေအပါအဝင်တော်လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။ စက်တင်ဘာ ၁ ရက်နေ့ ည ၇ နာရီအချိန်ခန့်မှာ မြို့မ(၃)ရပ်ကွက်နေ ဆိုင်ကယ်နဲ့ထွက်လာတဲ့ စရဖ သတင်းပေး ကိုမျိုးဆိုသူကို မုဒုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ပူးပေါင်းအဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ်သွားတာပါ။ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့်…

စစ်တပ်ထိုးစစ်ကြောင့် ကော့ကရိတ်-မြဝတီအာရှလမ်းပိုင်းနဲ့လမ်းဟောင်းမှာ တိုက်ပွဲပြင်းထန်

ကော့ကရိတ်၊ စက်တင်ဘာ ၃ စစ်တပ်စစ်ကြောင်းထိုးနေတာကြောင့် ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးနဲ့ ဒေါနတောင်ပေါ်လမ်းဟောင်းတို့မှာ စက်တင်ဘာ၂ ရက်နေ့ မနက်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးနဲ့ ဒေါနတောင်ပေါ်လမ်းဟောင်းတို့ကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် စစ်တပ်က ဩဂုတ်လကတည်းက လူအင်အားနဲ့ စစ်လက်နက်ခဲယမ်းပစ္စည်းတွေကို ကော့ကရိတ်မြို့အခြေစိုက် တပ်ရင်းစခန်းတွေဆီ အင်အားဖြည့် ဆည်းမှုတွေ…

ဝန်ကြီးချုပ်အသစ် ခန့်အပ်ရေး ထိုင်းအတိုက်အခံ မထောက်ခံသေး

ဘန်ကောက်၊ စက်တင်ဘာ ၂ ဝန်ကြီးချုပ်အား ထုတ်ပယ်ရေး တရားရုံးက ညွှန်ကြားလိုက်ပြီးနောက် ဝန်ကြီးချုပ်အသစ် ခန့်အပ်ရေး ထိုင်းနိုင်ငံရဲ့ အကြီးမားဆုံး အတိုက်အခံပါတီက ဘယ်သူ့ကို ထောက်ခံရမလဲဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ စက်တင်ဘာ ၁ ရက်နေ့မှာ ပြောပါတယ်။ ကမ္ဘောဒီးယားနဲ့ ဖြစ်ပွားတဲ့ နယ်စပ် ပြဿနာအတွင်း ပေသွန်ထန် ရှင်နာဝါထရာ ကျင့်ဝတ်ပိုင်း ဆိုင်ရာ စံနှုန်းတွေကို ချိုးဖောက်ကြောင်း ထိုင်းဖွဲ့စည်းပုံ…