September 2025

နိုင်ငံရေး၊ စစ်ရေး အပြန်အလှန်ကူညီဖို့ MSFC နဲ့ PRA – Magway တို့ သဘောတူ

ရေး ၊ စက်တင်ဘာ ၆ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကာကွယ်ရေးဌာန DoD နဲ့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA – Magway တို့ နိုင်ငံရေးအရ ပူးပေါင်းပြီး စစ်ရေးအရပါ အပြန်အလှန် ကူညီရပ်တည်ပေးဖို့ သဘောတူညီခဲ့ကြတယ်လို့ စက်တင်ဘာ ၃ ရက်နေ့က ပူးတွဲထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၃၀ ရက်နေ့မှာ MSFC ကာကွယ်ရေးဌာနမှူးနဲ့ကိုယ်စားလှယ်အဖွဲ့တို့ဟာ…

ရွေးကောက်ပွဲနှောင့်ယှက်မှု ကြိုတင်တားဆီးဖို့ စစ်ကော်မရှင်ခန့် မွန်ဝန်ကြီးချုပ်ညွှန်ကြား

မော်လမြိုင် ၊ စက်တင်ဘာ ၆ မွန်ပြည်နယ်မှာ စစ်ကော်မရှင်က ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲအတွင်း နှောင့်ယှက်ဟန့် တားမှုတွေ မရှိစေရေး ကြိုတင်ဆောင်ရွက်ထားဖို့ အာဏာသိမ်း စစ်ကော်မရှင်ခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ညွှန်ကြားလာပါတယ်။ စက်တင်ဘာ ၄ ရက်နေ့က မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်အစိုးရရုံးမှာ ပြုလုပ်တဲ့ စစ်ကော်မရှင်ခန့် မွန်ပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အရာထမ်း၊အမှုထမ်းဝန်ထမ်းတွေနဲ့ တွေ့ဆုံပွဲမှာ…

ထားဝယ်အရှေ့တောဒေသမှာ တိုက်ပွဲပြင်းထန်နေ

ထားဝယ်၊ စက်တင်ဘာ ၆ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသမှာ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့ကစလို့ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့် ထား ဝယ်အရှေ့တောဒေသ ဝကုန်းနဲ့ဘဝပင်ကျေးရွာအနီးပတ်ဝန်ကျင်းမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ အဲဒီတိုက်ပွဲတွေဟာ စက်တင်ဘာ ၅ ရက်နေ့အထိ ဆက်လက်ဖြစ်ပွားနေပြီး…

စစ်ကော်မရှင် ရွေးကောက်ပွဲကို ကူညီမယ်လို့ BGF ကြေညာ

မြဝတီ၊ စက်တင်ဘာ ၆ အာဏာသိမ်းစစ်ကောင်စီက ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို အပြည့်အဝထောက်ခံပြီး ကူညီဆောင်ရွက်ပေးသွားမယ်လို့ နယ်ခြားစောင့်တပ်(ကရင်ပြည်နယ်)၊ ဗဟိုအကြံပေးနဲ့ ကွပ်ကဲရေးအဖွဲ့က စက်တင်ဘာ ၃ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ လာမယ့် ဒီဇင်ဘာလမှာ ပြုလုပ်မယ့် မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲဟာ နိုင်ငံရဲ့ အနာဂတ်အတွက် ဒီမိုကရေစီစနစ်ကို ဦးတည်ကာ ပြည်သူတွေရဲ့ တည်ငြိမ်အေးချမ်းလုံခြုံတဲ့ဘဝကို ဖန်တီးနိုင်ဖို့ အရေးပါတယ်လို့ နားလည်ခံယူထားကြောင်း…

ယူကရိန်း လုံခြုံရေးအတွက် တပ်ဖွဲ့ဝင်တွေ ချထားဖို့ နိုင်ငံပေါင်း ၂၆ နိုင်ငံက သဘောတူထားတယ်လို့ ပြင်သစ်သမ္မတ ပြော

ကိဗ်၊ စက်တင်ဘာ ၅ ရုရှားနဲ့ တိုက်ခိုက်နေတဲ့ စစ်ပွဲ အဆုံးသတ်ပြီးတာနဲ့ ယူကရိန်းအတွက် လုံခြုံရေး အာမခံတဲ့ တပ်ဖွဲ့ အဖြစ် မဟာမိတ် ၂၆ နိုင်ငံက တပ်ဖွဲ့ဝင်တွေ ချထားဖို့ ကတိပြုထားကြောင်း ပြင်သစ်သမ္မတ မက်ကရွမ်က စက်တင်ဘာ ၄ ရက်မှာ ပြောကြားလိုက်ပါတယ်။ ယူကရိန်းကို ထောက်ခံတဲ့ နိုင်ငံပေါင်း ၃၅ နိုင်ငံပါဝင်တဲ့ ညွှန့်ပေါင်းအဖွဲ့…

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ပြည်ပသို့ တိမ်းရှောင်

ဘန်ကောက်၊ စက်တင်ဘာ ၅ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာဟာ လွှတ်တော်က ဝန်ကြီးချုပ် အသစ်ရွေးချယ်မယ့်နေ့ မတိုင်ခင် တစ်ရက်၊ သူ ထောင်ဒဏ်ချမှတ်ခံရနိုင်တဲ့ တရားရုံး ဆုံးဖြတ်ချက် မထွက်လာခင် စက်တင်ဘာ ၄ ရက်မှာ ပြည်ပသို့ လေယာဉ်နဲ့ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ထိုင်းနိုင်ငံမှာ သြဇာကြီးပြီး ဘီလျံနာ တစ်ယောက်ဖြစ်တဲ့ သက်ဆင်ဟာ သူတည်ထောင်ခဲ့တဲ့…

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှလုံးကျန်းမာရေး အခြေအနေ ပိုဆိုးလာနေတယ်လို့ သားဖြစ်သူ ကင်အဲရစ် ပြော

လန်ဒန်၊ စက်တင်ဘာ ၅ စွဲချက်အမျိုးမျိုးနဲ့ ဖမ်းဆီး ထိန်းချုပ်ခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေ ဆိုးရွားနေတာကြောင့် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု ခံယူခွင့်ပြုရေး သားဖြစ်သူ ကင်အဲရစ်က စစ်တပ်ကိုတောင်းဆိုပြီး နိုင်ငံတကာက ကြားဝင် ဖြေရှင်းပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ အသက် ၈၀ ရှိပြီ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးကျန်းမာရေး အခြေအနေ ပိုဆိုးလာနေတယ်လို့ ကင်အဲရစ်က…

စစ်အာဏာသိမ်း (၁၆၇၇) ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၁၈၀) ဦးအထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၅ AAPP ရဲ့ စက်တင်ဘာ ၄ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၁၆၇၇) ရက်အတွင်း ပြည်သူ (၇၁၈၂) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၂၉၆၂၈) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၂၆၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

ရွေးကောက်ပွဲနီးလာချိန် မွန်ပြည်နယ်မှာ စစ်မှုထမ်းစုဆောင်းမှု ပိုမိုဆိုးရွားလာ

မော်လမြိုင်၊ စက်တင်ဘာ ၅ မွန်ပြည်နယ်မှာ အာဏာသိမ်းစစ်ကော်မရှင် လက်အောက်ခံတွေက မကြာမီပြုလုပ်မယ့် အထွေထွေ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ စစ်မှုထမ်းဖို့အတွက် တပ်သားသစ် စုဆောင်းမှုတွေ ပိုမို ဆိုးရွားလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင် လက်အောက်ခံတွေဟာ အခုစက်တင်ဘာလအတွင်း ဖွင့်လှစ်မယ့် ပြည်သူ့ စစ်မှု ထမ်းသင်တန်း အပတ်စဉ် ၁၇ အတွက် ဆိုကာ လူငယ်တွေကို…

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ အာဆီယံခေါင်းဆောင်တွေထံ အဖွဲ့အစည်း ၃၀၀ ကျော် တောင်းဆို

နေပြည်တော်၊ စက်တင်ဘာ ၅ အာဏာသိမ်း စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲကို လုံးဝ အသိအမှတ်မပြုဖို့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ ခေါင်းဆောင်တွေထံ အရပ်ဘက်အဖွဲ့အစည်း ၃၀၀ ကျော်က စက်တင်ဘာ ၃ ရက်နေ့မှာ စာတစ်စောင်ပေးပို့ပြီး အရေးတကြီးတောင်းဆိုလိုက်ပါတယ်။ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲကို ကျင်းပဖို့ စစ်ကော်မရှင် စီစဉ်နေတဲ့အပေါ် နိုင်ငံတကာ အရပ်ဘက်လူမှုအဖွဲ့အစည်း ၃၁၅ ဖွဲ့က…