မော်လမြိုင်၊ စက်တင်ဘာ ၂၆
အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဖဒိုကွယ်ထူးဝင်းတို့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ နှစ်ဖက်အဖွဲ့က စက်တင်ဘာ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ဒီတွေ့ဆုံမှုအတွင်း နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်စေဖို့၊ တော်လှန်ရေးအင်အားစုတွေကြား ပူးပေါင်း လက်တွဲ လုပ်ဆောင်သွားမယ့် ကဏ္ဍတွေနဲ့ပတ်သက်ပြီး အကျယ်တဝံ့ ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေကြား အခုထက် ပိုမို စည်းလုံးညီညွတ်စွာ လက်တွဲပြီး မြန်မာနိုင်ငံ စစ်အာဏာရှင်လက်လက်အောက်မှ အပြီးတိုင် လွတ်မြောက်ရေး ဆောင်ရွက်သွားကြဖို့ ခေါင်းဆောင်နှစ်ဦး သဘောတူခဲ့ကြပါတယ်။
တဆက်တည်း စစ်အာဏာရှင်နဲ့အာဏာရှင်ဟူသမျှ အမြစ်ပြတ်တိုက်ဖျက်ရေး၊ လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနဲ့ လူထုသာယာဝပြောမှုတို့ကို ဖော်ဆောင်နိုင်ရေးတို့အတွက် ဆက်လက်ပြီး ခိုင်မာစွာ လက်တွဲ ဆောင်ရွက်သွားကြဖို့ သဘောတူထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG