NUG ယာယီသမ္မတနဲ့ KNU ဥက္ကဋ္ဌတို့ တွေ့ဆုံ၊ စစ်အာဏာရှင်အမြစ်ပြတ်ရေး ပိုမိုလက်တွဲဆောင်ရွက်ဖို့ သဘောတူ
မော်လမြိုင်၊ စက်တင်ဘာ ၂၆ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဖဒိုကွယ်ထူးဝင်းတို့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ နှစ်ဖက်အဖွဲ့က စက်တင်ဘာ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဒီတွေ့ဆုံမှုအတွင်း နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်စေဖို့၊ တော်လှန်ရေးအင်အားစုတွေကြား ပူးပေါင်း လက်တွဲ လုပ်ဆောင်သွားမယ့် ကဏ္ဍတွေနဲ့ပတ်သက်ပြီး အကျယ်တဝံ့ ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ…