September 25, 2025

လေးကေကော်မြို့ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ် ထိခိုက်သေဆုံးမှုများနေ

လေးကေကော်၊ စက်တင်ဘာ ၂၅ ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေကော်မြို့သစ်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ် ထိခိုက်သေဆုံးမှု အများအပြား ရှိနေပေမယ့် တပ်အင်အားဖြည့်ဆည်းကာ ထပ်မံထိုးစစ်ဆင်တိုက် ခိုက်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်တင်ဘာ ၂၁ ရက်နေ့ကစပြီး စစ်ကော်မရှင်တပ်က မြဝတီမြို့ကနေတစ်ဆင့် လက်နက်ကြီးပစ်ကူအသုံးပြုပြီး မြေပြင်ကနေလည်း တပ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာခဲ့တဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆…